သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးႀကီးမႈေၾကာင့္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသတခ်ိဳ႕ ေရေဘးသင့္၊ အေရးေပၚေရႊ႕ေျပာင္း


ေပ်ာ္ဘြယ္ျမိဳ ့ေရဘေး အကူအညီေပးနေတဲ့ အရန္မီးသတ္တပ္ဖြြဲ ့မ်ား (ဓာတ္ပံု - ျမန္မာ့ မီးသတ္ဦးစီးဌာန)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံအလယ္ပိုင္းက ေဒသတခ်ိဳ႕မွာ အခုရက္ပိုင္းအတြင္း မိုး႐ြာသြန္းမႈမ်ားၿပီး ေျမနိမ့္ပိုင္းအိမ္တခ်ဳိ႕ေရႀကီးေနတဲ့အတြက္ ေဒသခံတခ်ဳိ႕ ေရေဘးလြတ္ရာ ယာယီေျပာင္းေ႐ႊ႕ေနရပါတယ္။ မႏၱေလးတိုင္းနဲ႔ စစ္ကိုင္းတိုင္းထဲက ေနရာတခ်ဳိ႕ ေရေဘးႀကံဳေနတာပါ။ မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာနကေတာ့ ေနာက္ပိုင္းရက္ေတြမွာ မိုးနည္းႏိုင္ေျခရွိလို႔ ခန္႔မွန္းထားပါတယ္။ ျမန္မာႏိုင္ငံအလယ္ပိုင္းေနရာတခ်ဳိ႕ ေရေဘးႀကံဳေနရတဲ့ အေျခအေန ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို အလိမၼာ ကေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသတခ်ိဳ႕မွာ အခုရက္ပိုင္းအတြင္း မိုးဆက္တိုက္႐ြာသြန္းေနတာေၾကာင့္ ေျမနိမ့္ပိုင္းက ေနအိမ္ေတြထဲထိ ေရဝင္ေနတာေၾကာင့္ တခ်ဳိ႕ေဒသခံေတြ ေရေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ေနၾကရပါတယ္။ မႏၲေလးတိုင္း၊ မိတၳီလာခ႐ိုင္၊ ဝမ္းတြင္းၿမိဳ႕က ရပ္ကြက္တခ်ိဳ႕နဲ႔ ေက်း႐ြာေတြမွာဆိုရင္ မိုးအရွိန္နဲ႔ ဝမ္းတြင္းဆည္ေရအမွတ္ ျမင့္တက္ေနတာေၾကာင့္ မေန႔တနလၤာေန႔ည ညဥ့္နက္ပိုင္းကစၿပီး ေဒသခံေတြ ေရေဘးလြတ္ရာဆီ ေျပာင္းေနၾကပါတယ္။ အမ်ားစုက ေရလြတ္ရာအျမင့္ပိုင္းကို ယာယီေျပာင္းေ႐ႊ႕ေနၿပီး အိမ္ေထာင္စုရာနဲ႔ခ်ီရွိတယ္လို႔ သႏၲိသုခပရဟိတ လူမႈကူညီေရးအသင္း တာဝန္ရွိသူတဦးက ေျပာပါတယ္။

"တခ်ိဳ႕႐ြာလုံးကြၽတ္ေတြေတာ့ မျမဳပ္ပါဘူးဗ်။ ဒါေပမယ့္ ေခ်ာင္းနဲ႔ေမးတင္တဲ့ ေနရာေတြမွာေတာ့ ေတာ္ေတာ္ေလးျမဳပ္တယ္ဗ်။ မေန႔ည ၁ ညတည္း ႐ြာတာကို ေတာ္ေတာ္ႀကီးမ်ားတယ္ဗ်။ အိမ္ေတြပါတာတို႔၊ လူေသေပ်ာက္တာတို႔ေတာ့ မရွိဘူးဗ်။ ဒါေပမယ့္ ေရကေတာ့ တခ်ိဳ႕အိမ္ေတြမွာ ခါးေလာက္ထိျဖစ္ၿပီးေတာ့၊ အနိမ့္ပိုင္းအိမ္ေတြမွာေတာ့ ရင္ေလာက္ထိျဖစ္တာေပါ့။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေပါင္နဲ႔ ေျခသလုံးေလာက္ေတာ့ ရွိတယ္ဗ်။ ဒီေန႔ မနက္ခင္းမွ က်ေနာ္တို႔လည္း အိမ္ေတြေသခ်ာလိုက္ေလ့လာ စာရင္းေတြလုပ္ေတာ့ ဒီေန႔ေန႔လည္ခင္းပိုင္းကေန စၿပီးေတာ့ ေကြၽးေမြးလႉဒါန္းဖို႔ လိုက္ေလ့လာေတာ့ ေလာေလာဆယ္ကေတာ့ က်ေနာ္တို႔ခန႔္မွန္းေျခ အိမ္ေထာင္စု ၅၀၀ နဲ႔ ၇၀၀ ၾကားေလာက္ ျဖစ္ဖို႔မ်ားတယ္ဗ်။"

ေရေဘးလြတ္ရာ ေျပာင္းေနရသူေတြအတြက္ ပရဟိတ အလွဴ႐ွင္ေတြက စားေရးေသာက္ေရး ကူညီေပးေနတာျဖစ္ပါတယ္။ စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕မွာလည္း ဒီကေန႔အထိ မိုးဆက္တိုက္႐ြာသြန္းမႈေတြေၾကာင့္ ရပ္ကြက္တခ်ိဳ႕မွာေနထိုင္သူေတြ ေရေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေနေနၾကပါတယ္။ ၿမိဳ႕အဝင္မွာရွိတဲ့ က်ဴးေက်ာ္ရပ္ကြက္ေတြနဲ႔ နႏၵဝန္နယ္ေျမ ၈ ဘက္မွာ ေရတက္ေနၿပီး တခ်ိဳ႕အနိမ့္ပိုင္းက ေနအိမ္ေတြေရျမဳပ္သြားတယ္လို႔လည္း အဲဒီအနီးဝန္းက်င္မွာ ေနထိုင္သူတဦးက ေျပာပါတယ္။

"ေရေဘးသင့္တဲ့အိမ္ေျခက အဲဒီဘက္မွာ ၈၀ ဝန္းက်င္ေလာက္ရွိတယ္ဗ်။ အလယ္ေခါင္ေလးမွာ နစ္သြားတဲ့ အိမ္ေျခေတြေတာ့ ရွိတယ္ဗ်။ ေရေဘးေရွာင္ရတဲ့ အေနအထားက တခ်ိဳ႕ေတြဆို လမ္းမေတြေပၚမွာ တဲေလးေသးေသးေလး ျပန္ထိုးၿပီးေတာ့ အိပ္ရတဲ့အပိုင္းေတာ့ ရွိတယ္ဗ်။ ေရႀကီးတာက ပုံမွန္ေတာ့ ျဖစ္ေလ့ျဖစ္ထ အဲဒီဘက္ပိုင္းေတြမွာ မရွိဘူး။ ဒါေပမယ့္ အခုလက မိုး႐ြာသြန္းမႈမ်ားတာေၾကာင့္ ေက်ာကၠာဆည္ကေဖာက္ခ်တာေၾကာင့္ ပါတယ္ဗ်။"

ပုဂံေဒသမွာလည္း ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစၿပီး ရပ္ကြက္တခ်ိဳ႕မွာ ေရေဘးႀကံဳခဲ့ပါတယ္။ မေန႔ညက မိုး႐ြာသြန္းတဲ့အရွိန္ေၾကာင့္ သံပ်င္စြာဘုရားနံရံ ဒီေန႔မနက္က ၿပိဳက်ခဲ့ပါတယ္။ ဒီကေန႔မနက္အေစာပိုင္းမွာလည္း မိုး႐ြာတဲ့အရွိန္နဲ႔ ေခ်ာင္းေရလွ်ံၿပီး ၿမိဳ႕သစ္ကရပ္ကြက္တခ်ိဳ႕မွာ ေရႀကီးတဲ့ဒဏ္ ခံေနရတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီႏွစ္ ပုဂံမွာ မိုးႀကီးတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

မုတ္သုံေႏွာင္းပိုင္းကာလနဲ႔ မုတ္သုံေလအားနည္းရင္ ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြမွာ မိုးမ်ားေလ့ရွိၿပီး ေနာက္ပိုင္းရက္ေတြမွာေတာ့ မိုးနည္းလာႏိုင္ေျခရွိတာမို႔ ေရေဘးအႏၲရာယ္ စိုးရိမ္စရာမရွိေသးဘူးလို႔ မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉး ဦးလွထြန္းကေျပာပါတယ္။

"ဆည္ေတြနဲ႔နီးတဲ့ ေနရာေတြကေတာ့ ဆည္ေျမာင္းဌာနကေန ဆည္ေရအျမင့္ အမွတ္ဘယ္ေလာက္ေရာက္ၿပီ အစရွိသျဖင့္ ေရပိုလႊဲကို ဘယ္ေလာက္ေက်ာ္ေနၿပီ အႏၲရာယ္ရွိႏိုင္တယ္၊ မရွိႏိုင္ဘူးဆိုတာ သူတို႔ေတြထုတ္ျပန္ေပးေနတာေပါ့ေနာ္။ အဲေတာ့ ဆည္ေတြရဲ႕ထုတ္ျပန္ခ်က္ကိုလည္း နားေထာင္ဖို႔လိုတယ္။ မိုး႐ြာသြန္းမႈကေတာ့ အလယ္ပိုင္းေဒသေတြကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ မ်ားတာေပါ့။ အခုေနာက္ပိုင္းေတာ့ နည္းနည္းေလးျပန္ေလ်ာ့သြားမယ္ဆိုေတာ့ သိပ္စိုးရိမ္ရတဲ့အေနအထားေတာ့ မရွိဘူး။ ဆည္ေတြအေနနဲ႔လည္း အခုေလာေလာဆယ္ ဆည္ေျမာင္းဌာနရဲ႕ထုတ္ျပန္ခ်က္ေတြ ၾကည့္ရတာေတာ့ သိပ္စိုးရိမ္ရတဲ့အေနအထားေတာ့ မေတြ႕ရဘူးေပါ့ေနာ္။"

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕မွာလည္း ဩဂုတ္လ ၂၄ ရက္၊ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက မိုးဆက္တိုက္႐ြာသြန္းၿပီး ေတာင္ကမ္းပါးၿပိဳက်မႈ ျဖစ္ခဲ့ပါတယ္။ မိုးကုတ္ၿမိဳ႕၊ ေအာင္သစ္လြင္ရပ္ကြက္မွာ ေတာင္ကမ္းပါးၿပိဳက်ခဲ့လို႔ ေတာင္ေစာင္းေပၚနဲ႔ ေတာင္ကမ္းပါးေအာက္ပိုင္းက အိမ္ေတြေျမဖုံးလႊမ္းၿပီး လူ ၁၁ေယာက္ ေသဆုံးခဲ့ပါတယ္။

...........................................................................................

တိုက္႐ိုက္ လင့္ခ္


မိုးကြီးမှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတချို့ ရေဘေးသင့်၊ အရေးပေါ်ရွှေ့ပြောင်း

(Unicode)

မြန်မာနိုင်ငံအလယ်ပိုင်းက ဒေသတချို့မှာ အခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြီး မြေနိမ့်ပိုင်းအိမ်တချို့ရေကြီးနေတဲ့အတွက် ဒေသခံတချို့ ရေဘေးလွတ်ရာ ယာယီပြောင်းရွှေ့နေရပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက နေရာတချို့ ရေဘေးကြုံနေတာပါ။ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကတော့ နောက်ပိုင်းရက်တွေမှာ မိုးနည်းနိုင်ခြေရှိလို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းနေရာတချို့ ရေဘေးကြုံနေရတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာ ကပြောပြပေးမှာပါ။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတချို့မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြေနိမ့်ပိုင်းက နေအိမ်တွေထဲထိ ရေဝင်နေတာကြောင့် တချို့ဒေသခံတွေ ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေကြရပါတယ်။ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့က ရပ်ကွက်တချို့နဲ့ ကျေးရွာတွေမှာဆိုရင် မိုးအရှိန်နဲ့ ဝမ်းတွင်းဆည်ရေအမှတ် မြင့်တက်နေတာကြောင့် မနေ့တနင်္လာနေ့ည ညဉ့်နက်ပိုင်းကစပြီး ဒေသခံတွေ ရေဘေးလွတ်ရာဆီ ပြောင်းနေကြပါတယ်။ အများစုက ရေလွတ်ရာအမြင့်ပိုင်းကို ယာယီပြောင်းရွှေ့နေပြီး အိမ်ထောင်စုရာနဲ့ချီရှိတယ်လို့ သန္တိသုခပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"တချို့ရွာလုံးကျွတ်တွေတော့ မမြုပ်ပါဘူးဗျ။ ဒါပေမယ့် ချောင်းနဲ့မေးတင်တဲ့ နေရာတွေမှာတော့ တော်တော်လေးမြုပ်တယ်ဗျ။ မနေ့ည ၁ ညတည်း ရွာတာကို တော်တော်ကြီးများတယ်ဗျ။ အိမ်တွေပါတာတို့၊ လူသေပျောက်တာတို့တော့ မရှိဘူးဗျ။ ဒါပေမယ့် ရေကတော့ တချို့အိမ်တွေမှာ ခါးလောက်ထိဖြစ်ပြီးတော့၊ အနိမ့်ပိုင်းအိမ်တွေမှာတော့ ရင်လောက်ထိဖြစ်တာပေါ့။ ဒါပေမယ့် တော်တော်များများကတော့ ပေါင်နဲ့ ခြေသလုံးလောက်တော့ ရှိတယ်ဗျ။ ဒီနေ့ မနက်ခင်းမှ ကျနော်တို့လည်း အိမ်တွေသေချာလိုက်လေ့လာ စာရင်းတွေလုပ်တော့ ဒီနေ့နေ့လည်ခင်းပိုင်းကနေ စပြီးတော့ ကျွေးမွေးလှူဒါန်းဖို့ လိုက်လေ့လာတော့ လောလောဆယ်ကတော့ ကျနော်တို့ခန့်မှန်းခြေ အိမ်ထောင်စု ၅၀၀ နဲ့ ၇၀၀ ကြားလောက် ဖြစ်ဖို့များတယ်ဗျ။"

ရေဘေးလွတ်ရာ ပြောင်းနေရသူတွေအတွက် ပရဟိတ အလှူရှင်တွေက စားရေးသောက်ရေး ကူညီပေးနေတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာလည်း ဒီကနေ့အထိ မိုးဆက်တိုက်ရွာသွန်းမှုတွေကြောင့် ရပ်ကွက်တချို့မှာနေထိုင်သူတွေ ရေဘေးလွတ်ရာ ပြောင်းရွှေ့နေနေကြပါတယ်။ မြို့အဝင်မှာရှိတဲ့ ကျူးကျော်ရပ်ကွက်တွေနဲ့ နန္ဒဝန်နယ်မြေ ၈ ဘက်မှာ ရေတက်နေပြီး တချို့အနိမ့်ပိုင်းက နေအိမ်တွေရေမြုပ်သွားတယ်လို့လည်း အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတဦးက ပြောပါတယ်။

"ရေဘေးသင့်တဲ့အိမ်ခြေက အဲဒီဘက်မှာ ၈၀ ဝန်းကျင်လောက်ရှိတယ်ဗျ။ အလယ်ခေါင်လေးမှာ နစ်သွားတဲ့ အိမ်ခြေတွေတော့ ရှိတယ်ဗျ။ ရေဘေးရှောင်ရတဲ့ အနေအထားက တချို့တွေဆို လမ်းမတွေပေါ်မှာ တဲလေးသေးသေးလေး ပြန်ထိုးပြီးတော့ အိပ်ရတဲ့အပိုင်းတော့ ရှိတယ်ဗျ။ ရေကြီးတာက ပုံမှန်တော့ ဖြစ်လေ့ဖြစ်ထ အဲဒီဘက်ပိုင်းတွေမှာ မရှိဘူး။ ဒါပေမယ့် အခုလက မိုးရွာသွန်းမှုများတာကြောင့် ကျောက္ကာဆည်ကဖောက်ချတာကြောင့် ပါတယ်ဗျ။"

ပုဂံဒေသမှာလည်း ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ရပ်ကွက်တချို့မှာ ရေဘေးကြုံခဲ့ပါတယ်။ မနေ့ညက မိုးရွာသွန်းတဲ့အရှိန်ကြောင့် သံပျင်စွာဘုရားနံရံ ဒီနေ့မနက်က ပြိုကျခဲ့ပါတယ်။ ဒီကနေ့မနက်အစောပိုင်းမှာလည်း မိုးရွာတဲ့အရှိန်နဲ့ ချောင်းရေလျှံပြီး မြို့သစ်ကရပ်ကွက်တချို့မှာ ရေကြီးတဲ့ဒဏ် ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီနှစ် ပုဂံမှာ မိုးကြီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုတ်သုံနှောင်းပိုင်းကာလနဲ့ မုတ်သုံလေအားနည်းရင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးများလေ့ရှိပြီး နောက်ပိုင်းရက်တွေမှာတော့ မိုးနည်းလာနိုင်ခြေရှိတာမို့ ရေဘေးအန္တရာယ် စိုးရိမ်စရာမရှိသေးဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။

"ဆည်တွေနဲ့နီးတဲ့ နေရာတွေကတော့ ဆည်မြောင်းဌာနကနေ ဆည်ရေအမြင့် အမှတ်ဘယ်လောက်ရောက်ပြီ အစရှိသဖြင့် ရေပိုလွှဲကို ဘယ်လောက်ကျော်နေပြီ အန္တရာယ်ရှိနိုင်တယ်၊ မရှိနိုင်ဘူးဆိုတာ သူတို့တွေထုတ်ပြန်ပေးနေတာပေါ့နော်။ အဲတော့ ဆည်တွေရဲ့ထုတ်ပြန်ချက်ကိုလည်း နားထောင်ဖို့လိုတယ်။ မိုးရွာသွန်းမှုကတော့ အလယ်ပိုင်းဒေသတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ များတာပေါ့။ အခုနောက်ပိုင်းတော့ နည်းနည်းလေးပြန်လျော့သွားမယ်ဆိုတော့ သိပ်စိုးရိမ်ရတဲ့အနေအထားတော့ မရှိဘူး။ ဆည်တွေအနေနဲ့လည်း အခုလောလောဆယ် ဆည်မြောင်းဌာနရဲ့ထုတ်ပြန်ချက်တွေ ကြည့်ရတာတော့ သိပ်စိုးရိမ်ရတဲ့အနေအထားတော့ မတွေ့ရဘူးပေါ့နော်။"

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာလည်း ဩဂုတ်လ ၂၄ ရက်၊ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကမ်းပါးပြိုကျမှု ဖြစ်ခဲ့ပါတယ်။ မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်မှာ တောင်ကမ်းပါးပြိုကျခဲ့လို့ တောင်စောင်းပေါ်နဲ့ တောင်ကမ်းပါးအောက်ပိုင်းက အိမ်တွေမြေဖုံးလွှမ်းပြီး လူ ၁၁ယောက် သေဆုံးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG