သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ဝယ်ယူသူတွေအပေါ် စစ်ဆေးမှု ပိုတင်းကျပ်ဖို့ Trump ထောက်ခံ


ပြီးခဲ့တဲ့ သီတင်းပတ်က ဖလော်ရီဒါ အထက်တန်းကျောင်းတကျောင်းမှာ လူပေါင်း ၁၇ ဦးကို သေနတ်နဲ့ ပစ်သတ်မှုဖြစ်ပွါးခဲ့ပြီးတဲ့နောက်မှာ သေနတ်ဝယ်ယူသူတွေအတွက် နောက်ခံကိုယ်ရေးအချက်လက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖို့ ပြည်ထောင်စုအစိုးရရဲ့ ကြိုးစားမှုကို အမေရိကန်သမ္မတ Donald Trump က ထောက်ခံကြောင်း သမ္မတအိမ်ဖြူက တနင်္လာနေ့မှာ ပြောပါတယ်။

အခုလို သေနတ်ဝယ်သူတွေရဲ့ နောက်ခံအချက်လက်တွေစစ်ဆေးရေးမှာ တိုးတက်လာစေရေးနဲ့ ပတ်သက်ပြီး သေနတ်ကိုင်ဆောင်မှုအတွက် ကာလကြာရှည်စွာဆန့်ကျင်နေတဲ့ Connecticut ပြည်နယ် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Chris Murphy နဲ့အတူ ပါတီကြီး ၂ ရပ်စလုံးက သဘောတူမယ့် ဥပဒေပြဌာန်းရေးအတွက် ဆွေးနွေးဖို့ သမ္မတ Trump ဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ Texas ပြည်နယ် Republican အထက်လွှတ်တော်အမတ် John Cornyn နဲ့ ပြောကြားခဲ့ကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders ကပြောပါတယ်။

ဖလော်ရီဒါက Parkland မြို့ အထက်တန်းကျောင်းကနေ ပြီးခဲ့တဲ့နှစ်က ကျောင်းအထုတ်ခံခဲ့ရသူ အသက် ၁၉ အရွယ် Nikolas Cruz ဟာ ကျောင်းသားလူငယ် ၁၄ ယောက်နဲ့ လူကြီး ၃ ယောက်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်းဝန်ခံခဲ့တယ်လို့ ရဲကပြောပါတယ်။ သူဟာ သေနတ်ဝယ်ဖို့ နောက်ခံအချက်အလက်စစ်ဆေးရာမှာ ခွင့်ပြုချက်ရတဲ့အတွက် AR 15 ရိုင်ဖယ်သေနတ် ဝယ်ယူခွင့်ရသူဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီမှာတော့ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေက သေနတ်ဝယ်ယူခွင့်ကိုတင်းတင်းကြပ်ကြပ် ချမှတ်ဖို့ မကြာခဏ တောင်းဆိုလေ့ ရှိပေမယ့် Republican ပါတီဝင်တွေက ဒါဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲမှာပါတဲ့ အချက်ကို ချိုးဖေါက်တာဖြစ်ကြောင်း ပြောပြီး ကန့်ကွက်လေ့ရှိပါတယ်။

ကျောင်းသားလူငယ် ဒါဇင်ပေါင်းများစွာဟာလည်း တနင်္လာနေ့က သမ္မတအိမ်ဖြူရှေ့လမ်းမပေါ်မှာ ဆန္ဒပြကြပြီး သေနတ်ရောင်းချမှုအတွက် တင်းကြပ်တဲ့ကန့်သတ်မှုတွေ လုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

တနင်္လာနေ့မှာပဲ ဖလော်ရီဒါပြည်နယ် Fort Lauderdale တရားရုံးမှာ သေနတ်သမား Nikolas Cruz ကို ရုံးထုတ်ခဲ့ပြီး ကြားနာမှု ၂ ခု ပြုလုပ်ခဲ့တာပါ။

သေနတ်ဝယ်ယူသူတွေအပေါ် စစ်ဆေးမှုပိုတင်းကျပ်ဖို့ Trump ထောက်ခံ
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG