{{Zawgyi/Unicode}}
စစ္ေကာင္စီ အပါအ၀င္ သူတို႔နဲ႔ ဆက္စပ္ေနတဲ့ ကုမၸဏီေတြအေပၚ ၿဗိတိန္အစိုးရက ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ထပ္တိုးၿပီး ခ်မွတ္လိုက္ေၾကာင္း တနလၤာေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
အာဏာသိမ္းစစ္အုပ္စုအတြက္ အဓိက ၀င္ေငြရေစတဲ့ လမ္းေၾကာင္းေတြထဲက ျမန္မာ သစ္လုပ္ငန္းနဲ႔ ပုလဲလုပ္ငန္း ေတြကို ၿဗိတိန္က ပိတ္ဆို႔အေရးယူလိုက္ေၾကာင္း အဲဒီေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
ဒီလုပ္ငန္းေတြရဲ႕ အက်ဳိးအျမတ္ေတြကို စစ္ေကာင္စီက ရရွိေနတဲ့အတြက္ ပစ္မွတ္ထား အေရးယူရတာျဖစ္တယ္လို႔ ဆိုပါတယ္။
ၿဗိတိန္ႏိုင္ငံျခားေရး၀န္ႀကီး Dominic Rabb ကလည္း- ျမန္မာစစ္အုပ္စုနဲ႔ ဆက္စပ္ေနတဲ့ ကုမၸဏီေတြကို ၿဗိတိန္ရဲ႕ မဟာမိတ္ႏိုင္ငံေတြနဲ႔အတူ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ခ်မွတ္ေဆာင္ရြက္သြားမွာျဖစ္ၿပီး တရားမ၀င္အစိုးရရဲ႕ ဘ႑ာေရးလုပ္ငန္းေတြကိုလည္း ပစ္မွတ္ထား လုပ္ေဆာင္သြားမွာျဖစ္တယ္ လို႔ ေျပာၾကားခဲ့ပါတယ္။
ၿဗိတိန္ႏိုင္ငံအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ကုန္သြယ္ေရးကိစၥကို သံုးသပ္ခဲ့ေၾကာင္းလည္း Dominic Rabb ရဲ႕ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
အဲဒီသံုးသပ္ခ်က္ ရလာဒ္အေနနဲ႔ ၿဗိတိန္က ရင္းႏွီးျမွဳပ္ႏွံတဲ့ စီးပြားေရးလုပ္ငန္းေတြဟာ ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္အခြင့္အလမ္းဖန္တီးေရးနဲ႔ ဆင္းရဲႏြမ္းပါးမႈ ေလွ်ာ့ခ်ေရး စတာေတြအတြက္ အေရးပါတဲ့ အခန္းက႑မွာ ဆက္လက္ရွိေနေပမဲ့ စစ္အုပ္စုကို အမႈမဲ့ အမွတ္မဲ့ အေထာက္အပံ့ျဖစ္ေစမယ့္ ကိစၥရပ္ေတြကို ေရွာင္ရွားၿပီး လုပ္ငန္းေဆာင္တာေတြကို စဥ္းစားခ်င့္ခ်ိန္ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ေဖၚျပထားပါတယ္။
..............................................
{{Unicode}}
စစ်ကောင်စီ အပါအဝင် သူတို့နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေအပေါ် ဗြိတိန်အစိုးရက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်တိုးပြီး ချမှတ်လိုက်ကြောင်း တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်အုပ်စုအတွက် အဓိက ဝင်ငွေရစေတဲ့ လမ်းကြောင်းတွေထဲက မြန်မာ သစ်လုပ်ငန်းနဲ့ ပုလဲလုပ်ငန်း တွေကို ဗြိတိန်က ပိတ်ဆို့အရေးယူလိုက်ကြောင်း အဲဒီကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒီလုပ်ငန်းတွေရဲ့ အကျိုးအမြတ်တွေကို စစ်ကောင်စီက ရရှိနေတဲ့အတွက် ပစ်မှတ်ထား အရေးယူရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Rabb ကလည်း- မြန်မာစစ်အုပ်စုနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကို ဗြိတိန်ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့အတူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး တရားမဝင်အစိုးရရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထား လုပ်ဆောင်သွားမှာဖြစ်တယ် လို့ ပြောကြားခဲ့ပါတယ်။
ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးကိစ္စကို သုံးသပ်ခဲ့ကြောင်းလည်း Dominic Rabb ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အဲဒီသုံးသပ်ချက် ရလာဒ်အနေနဲ့ ဗြိတိန်က ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စတာတွေအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ဆက်လက်ရှိနေပေမဲ့ စစ်အုပ်စုကို အမှုမဲ့ အမှတ်မဲ့ အထောက်အပံ့ဖြစ်စေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားပြီး လုပ်ငန်းဆောင်တာတွေကို စဉ်းစားချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။