သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်


ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ညာ) ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ စကားပြောနေပုံ
ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ညာ) ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ စကားပြောနေပုံ

ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း ဖဒိုနော်စီဖိုးရာစိန်ဟာ ဒီကနေ့ပဲ ထိုင်းနိုင်ငံမှာ ကွယ်လွန်သွားပါတယ်။ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်တဲ့ နော်စီဖိုးရာစိန်ဟာ အချိန်အတော်ကြာ နာမကျန်းဖြစ်နေခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ ဆေးကုသနေခံယူနေရင်း ကွယ်လွန်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌဟောင်း၊ ကရင်အမျိုးသမီးအစည်းအရုံးရဲ့အထွေထွေအတွင်းရေးချုပ်ဟောင်း နော်စီဖိုးရာစိန်ဟာ ဇူလိုင်လ ၂၄ရက်နေ့မှာ ထိုင်းနိုင်ငံမဲစရင်းမြို့က နေအိမ်မှာ သားအိမ်ကင်ဆာနဲ့ကွယ်လွန်ခဲ့တာပါ။ သူမဟာ ၂၀၂၃ခုနှစ်ကစပြီး ကင်ဆာရောဂါဖြစ်တာကိုစတင်သိရှိခဲ့ရပြီး တနှစ်ခွဲကျော်အတွင်းကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ကရင်သတင်းဌာနရဲ့ ဒါရိုက်တာနဲ့ အယ်ဒီတာချုပ် နန့်ဖောဂေကအခုလိုပြောပါတယ်။

မနှစ်က ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှာအခြေအနေက ထူးခြားနေတော့ မိသားစုတိုက်တွန်းချက်နဲ့ သွားစစ်ဆေးလိုက်တာမှာ သူက ကင်ဆာဖြစ်နေတာသိရှိသွားပြီးတော့ အဲဒီမှာလည်းအဆင့် ၄ထိဖြစ်နေတာပေါ့ အဲဒီတော့ သူက ကီမိုတွေ သွင်းပြီးကုသမူခံရတာက အခုဆုံးတဲ့အချိန်ထိဆိုရင် ဆရာမက တနှစ်ခွဲကျော်ကျော်လောက်ကုသမူခံယူခဲ့ရတာပေါ့။

ပဒိုနော်စီဖိုးရာစိန်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ဟောင်းနဲ့ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘောရဲ့ သမီးဖြစ်ပြီး မွေးချင်း ၈ဦးအနက် ၄ဦးမြောက်ဖြစ်ပါတယ်။ ပဒိုနော်စီဖိုးရာစိန်ဟာ ပညာရေး အမျိုးသမီး နဲ့ကလေးသူငယ်ရေးစတဲ့လုပ်ငန်းတွေအပြင် ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်တန်းခေါင်းဆောင်နေရာတွေကိုတာဝန်ယူခဲ့သူဖြစ်တယ်လို့လည်းဆိုပါတယ်။

ပညာရေးအခန်းကဏ္ဍ ကျောင်းဆရာမဘ၀ကနေ ပြီးတော့ အမျိုးသမီးနဲ့ကလေးသူငယ်ရေးလုပ်ခဲ့တဲ့အမျိုးသမီးခေါင်းဆောင်လည်းဖြစ်တယ်မြန်မာအနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် WLB မှာလည်း ဦးဆောင်တည်ထောင်သူထဲမှာပါဝင်သလို သူက သဘာပတိအဖွဲ့ဝင်လည်းဖြစ်ခဲ့တယ်၊ KWO ကရင်အမျိုးသမီးများအစည်းအရုံးမှာလည်း ၂၀၀၀ခုနှစ်လောက်နေ စပြီး ၃ကြိမ်မြောက်ညီလာခံမှာလည်း သူက အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ ရွေးကောက်တင်မြှောက်ခံရတယ်။ ၂၀၀၈အထိရွေးကောက်ခံရပြီး ၂၀၀၈မှာ ပဲ KNU ၁၄ကြိမ်မြောက်ညီလာခံမှာပဲ KNUရဲ့ အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ရွေးကောက်တင်မြှောက်ခံရတယ်။

ဖဒိုနော်စီဖိုးရာစိန်ဟာကွယ်လွန်ချိန်မှာအသက် ၆၉ နှစ်ရှိပြီးသူမရဲ့ဈာပနကို လာမယ့် စနေနေ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ထိုင်းနိုင်ငံ မဲ့စရင်းမြို့မှာ ကျင်းပမယ်လို့သိရပါတယ်။

KNU ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ကွယ်လွန်
please wait

No media source currently available

0:00 0:02:33 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG