သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမြို့နယ် အခြေစိုက် စစ်ကောင်စီစခန်း ပူးပေါင်းတပ်တွေသိမ်းပိုက်


မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီရဲ့ကလိစခန်းကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် ဓါတ်ပုံ
မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီရဲ့ကလိစခန်းကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် ဓါတ်ပုံ

ကရင်ပြည်နယ် မြဝတီမြို့နယ် အခြေစိုက် စစ်ကောင်စီ တပ်စခန်းတခုကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့အတူး ပူးပေါင်း သိမ်းပိုက်လိုက်ကြောင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီရဲ့ကလိစခန်းကို ပြီးခဲ့တဲ့ သောကြာနေ့က သိမ်းပိုက်ခဲ့ရာမှာ လက်နက်အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားတာပါ။ ကရင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စုကလိစခန်းကို ကေအန်ယူနဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ကြောင်း ဒီစခန်းကိုမတ်လကတည်းက ပိတ်ဆို့ထားခဲ့ကြောင်း ပူးပေါင်းတပ်ကခေါင်းဆောင်တဦးကအခုလိုပြောပါတယ်။

ကျနော်တို့ ဝေါလေနားက စုကလိစခန်း တပ်မဟာ ၆ နယ်မြေထဲက စုကလိစခန်းသိမ်းတိုက်ပွဲကို ဇွန်လ ၂၁ရက်နေ့က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပေါ့နော်၊ စုကလိစခန်းကိုမတ်လ ၃၀ရက်နေ့ကတည်းက စတင်ဝိုင်းဝန်းပိတ်ဆို့ခဲတာ၊အဲဒီမှာဇွန်လ ၁၇ရက်နေ့ကစပြီးသိမ်းပိုက်နိုင်ခဲ့တယ်၊ ဇွန်လ ၂၁ရက်နေ့ကျမှအပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့တယ်၊ အဲဒီမှာ လက်နက်ခဲယမ်းတွေလည်း အများကြီးသိမ်းပိုက်နိုင်ခဲ့တယ်၊အင်အား ၅၀လောက်ရှိတဲ့ စုကလိစခန်းက သူတို့ ၆ယောက်ကျဆုံးတယ်၊ လက်နက်တွေကတော့ အလက် ၂၀လောက်ထဲက လက်နက်ကြီးထဲက အာပီဂျီက ၇ လက်ရတယ်၊ လက်နက်ခဲယမ်းတွေ ရှေ့ထွက်မိုင်းတွေ နင်းမိုင်းတွေသိမ်းဆည်းရမိတယ်။

မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီရဲ့ကလိစခန်းကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် ဓါတ်ပုံ
မြဝတီမြို့ တောင်ဘက်က စစ်ကောင်စီရဲ့ကလိစခန်းကို ကရင်တိုင်းရင်းသား လက်နက်ကိုင် KNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်အပြီး ထုတ်ပြန်ထားသည့် ဓါတ်ပုံ

စစ်ကောင်စီရဲ့ (ခမရ-၅၆၀) နဲ့ ခလရ ၃၂ အရာရှိတပ်ဖွဲ့ဝင်တွေကို ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားစဉ်လက်နက်ချအညံ့ခံဖို့ အကြောင်းကြားခဲ့ကြောင်း ကေအန်ယူဘက်ကဆိုပါတယ်။ အခုစခန်းသိမ်းတိုက်ပဲွအတွင်း စစ်ကောင်စီဘက်က ဗိုလ်အဆင့်တဦးအပါအဝင် ၂၁ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိတယ်လို့လည်းကေအန်ယူဘက်က ဆိုပါတယ်။

ဒီစခန်းဟာစစ်ကောင်စီအတွက်အရေးပါတဲ့စခန်းတခုဖြစ်ပြီး ဒီစခန်းအပါအဝင် ခြေကုတ်ယူထားတဲ့ စခန်း ၃ခု ထပ်ကျသွားမယ်ဆိုရင် ဒေါနတောင်အရှေ့ဘက်ခြမ်းကို ပူးပေါင်းတပ်တွေက ပိုပြီးထိန်းချုပ်သွားနိုင်မယ်လို့လည်းဆက်ပြောပြပါတယ်။

"ဒေါနအရှေ့ခြမ်းအတွက်ကတော့ သူလည်းအရေးပါတဲ့စခန်းဖြစ်တယ်။ ဒေါနအရှေ့ခြမ်းမှာဆိုရင် ဥကရစ်ထ သေဘောဘိုးရယ် (ဒါကရပြီ) ဝေါလေရယ် ထီးကယ်ပလယ်စခန်းရယ် ရှိတယ် အဲဒီ စခန်း ၄ခုပဲကျန်တော့တယ်၊ အဲဒီစခန်းတွေအကုန်ရပြီးရင် ဒေါနအရှေ့ခြမ်းကိုထိန်းချုပ်နိုင်မယ် မြ၀တီဝေါလေကားလမ်းကိုလည်း ထိမ်းချုပ်နိုင်မှာဖြစ်တယ်"

ကေအန်ယူနဲ့ပူးပေါင်းတပ်တွေဟာ မြ၀တီခရိုင်အတွင်းကစစ်ကောင်စီရဲ့ စခန်းအတော်များများကိုလည်းသိမ်းပိုက်ထားသလို အခု ကော့ကရိတ်မြို့နယ်အတွင်းက စခန်းတွေကိုလည်း ဆက်လက်တိုက်ခိုက်နေပါတယ်။ စုကလိစခန်းက တပ်သားတွေ ထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေးတွေကိုလည်းဆက်လုပ်နေပါတယ်။ အခုလိုမျိုး စုကလိစခန်းကျတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။

မြဝတီမြို့နယ် အခြေစိုက် စစ်ကောင်စီစခန်း ပူးပေါင်းတပ်တွေသိမ်းပိုက်
please wait

No media source currently available

0:00 0:02:24 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG