သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသားတွေ ပြန်ပို့တဲ့ အိန္ဒိယကို လူ့အခွင့်အရေးအဖွဲ့ ဝေဖန်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ထွက်ပြေးခဲ့ရတဲ့ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ထွက်ပြေးခဲ့ရတဲ့ မြန်မာဒုက္ခသည်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံအတွင်းကို ထွက်ပြေး ဝင်ရောက်လာသူတွေကို အိန္ဒိယတာဝန်ရှိသူတွေ အတင်းအကျပ် နေရပ်ပြန်ပို့ဖို့ ကြိုးစားတာဟာ တာဝန်မဲ့တဲ့ လုပ်ရပ် ဖြစ်တဲ့အကြောင်းနဲ့ ပြန်ပို့တာတွေ ချက်ချင်းရပ်ဖို့ လူ့အခွင့်အရေး အဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်မြို့တော် အင်ဖား ထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးထားတဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို ပြည်နယ်အစိုးရက နေရပ်ပြန်ပို့ဖို့ စီစဉ်နေပြီး လောလောဆည်မှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေက ကန့်ကွက်ထားသလို ပြန်ပို့ဖို့ အစီအစဉ်ကိုလည်း ဆိုင်းငံ့ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသား ၇၇ ယောက်ကို ရဟတ်ယာဉ်နဲ့ နယ်စပ် မိုးရေးမြို့အထိ ပို့ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံဘက်အခြမ်းက လက်ခံမယ့်သူ ရောက်မလာတဲ့အတွက် ပြန်ပို့မဲ့အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအထိ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံထဲကနေ ထွက်ပြေးလာသူ ၆,၇၅၀ ကို မဏိပူပြည်နယ် အာဏာပိုင်တွေ ဖမ်းဆီးခဲ့တဲ့အကြောင်း Fortify Rights အဖွဲ့ကြီးက ပြောဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံကနေ ဘေးလွတ်ရာ ထွက်ပြေးတဲ့ ဒုက္ခသည်တွေကို အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်တာဟာ စိတ်ပျက်စရာကောင်းတဲ့အကြောင်း Fortify Rights အဖွဲ့ကြီးရဲ့ ညွန်ကြားရေးမှူး John Quinley က South China Morning Post သတင်းစာကို ပြောဆိုပါတယ်။ တခြား အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြန်ပို့မယ်ဆိုရင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) လို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြီးကြပ် ကွပ်ကဲမှုအောက်ကနေ ပြန်ပို့ဖို့ တောင်းဆိုနေပါတယ်။

မြန်မာနိုင်ငံသားတွေ ပြန်ပို့တဲ့ အိန္ဒိယကို လူ့အခွင့်အရေးအဖွဲ့ ဝေဖန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG