သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအထက်လွှတ်တော်အမတ် AA အဖွဲ့နဲ့တွေ့ဆုံ


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA (ယခင်မှတ်တမ်းပုံ)
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA (ယခင်မှတ်တမ်းပုံ)

အိန္ဒိယနိုင်ငံ၊ မီဇိုးအမျိုးသားတပ်ဦး ပါတီ (MNF ပါတီ) က အထက်လွှတ်တော်အမတ်တဦးဖြစ်သူ K. Vanlalvena (ဗန်လဲလ် ဗန်နာ) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာနိုင်ငံက ရက္ခိုင့်တပ်တော် AA လက်နက်ကိုင်အဖွဲ့တို့ မြန်မာနယ်စပ်၊ မီဇိုးရမ်းပြည်နယ်ထဲမှာ ဒီသီတင်းပတ်အတွင်း တွေ့ဆုံပြီး အိန္ဒိယ စီမံချက်တွေအတွက် အရေးကြီးတဲ့ နယ်မြေ လုံခြုံရေး ကိစ္စ ဆွေးနွေးကြတဲ့အကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းမှာ ရေးသားပါတယ်။

မြန်မာနိုင်ငံအနောက်ပိုင်း (ရခိုင်ပြည်နယ်က) တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိန်းချုပ်မှုလျော့ကျသွားပြီး AA အဖွဲ့က နယ်မြေတွေ တိုးပြီး သိမ်းပိုက်လာချိန်မှာ အန္ဒိယနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ အခုလို သွားရောက် တွေ့ဆုံတာပါ။ အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို AA ဘက်က လုံခြုံရေး တာဝန်ယူပေးခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် ဒေသခံ သတင်းတွေမှာ ရေးပါတယ်။

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဟာ အိန္ဒိယနိုင်ငံအတွက် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ဆက်သွယ်ဖို့ ရေလမ်း၊ ကုန်လမ်း မဟာဗျုဟာကျတဲ့ စီမံချက်တွေရှိတဲ့နေရာ ဖြစ်ပါတယ်။

ကုလားတန်မြစ်ပေါ်က ပလက်ဝမြို့ကို ဇန်နဝါရီလအတွင်း AA အဖွဲ့က ထိန်းချုပ်ခဲ့သလို နယ်စပ် ဆက်သွယ်ရေးမှာ အရေးပါတဲ့‌နေရာတော်တော်များများကိုလည်း တိုးပြီး သိမ်းလာခဲ့တာကြောင့် ကုလားတန်မြစ်ပေါ်က ဒေါ်လာ သန်း ၄၈၀ ကျော် ဘက်စုံ ဖွံဖြိုးရေး စီမံချက်တွေကိုပါ စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်တဲ့ အခြေအနေမရှိတော့ဘူးလို့ အိန္ဒိယကဘက်က ရှုမြင်ပါတယ်။

ဒီစီမံချက်တွေဟာ ပလက်ဝ၊ စစ်တွေဆိပ်ကမ်းနဲ့ မီဇိုရမ်ကတဆင့် ဘင်္ဂလားဒေရှ် ဈေးကွက်ကို ထိုးဖေါက်ပြီး လမ်းတံတားတွေ ဖေါက်တဲ့ စီမံချက်တွေဖြစ်သလို ကာလကတ္တားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအထိ ကုန်သွယ်ရေးအတွက် ဆက်သွယ်ဖို့ အန္ဒိယဘက်က မျှော်မှန်းထားတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG