သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ စာနာမှုအကူအညီ လိုအပ်ချက်တွေတိုးလာနေကြောင်း ကုလသတိပေး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများ (နိုဝင်ဘာ ၁၉၊ ၂၀၂၃)

မြန်မာနိုင်ငံတဝှမ်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီလိုအပ်တဲ့ အခြေအနေ ပိုမို ဆိုးဝါး ဆုတ်ယုတ်လာနေတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေအတွက် လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက်တွေ များနေပေမဲ့ အကူအညီပေးရေး အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်းလည်း အစီရင်ခံစာက ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ ရှိပေမဲ့လည်း မရေရာတဲ့ အခြေအနေ ရှိနေသေးပြီး၊ ပြီးခဲတဲ့ နှစ်ကုန်ပိုင်းမှာ ရှမ်းမြောက်ပိုင်းက နေရပ်စွန့်ခွာထွက်ပြေးသူတွေက မြို့နယ်ပေါင်း ၁၅ ခုက ဒုက္ခသည်စခန်း ၁၄၁ ခုမှာ လူ နှစ်သောင်း သုံးထောင်လောက် အိုးမဲ့အိမ်မဲ့အဖြစ် ဆက်ရှိနေသေးတာကို ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက်နဲ့ အရှေ့တောင်ဘက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အပြန်အလှန် ပစ်ခတ်တာတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ၊​ လက်နက်ကြီး မော်တာကျည်တွေနဲ့ ပစ်ခတ်မှုတွေ ဆက်ရှိနေပြီး အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ အသက်အန္တရယ် စိုးရိမ်နေရဆဲ ဖြစ်တဲ့အကြောင်းလည်း ပြောဆိုပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာသူ ၂ သန်း ၇ သိန်းလောက် ရှိပြီး အဲဒီအထဲက နှစ်သန်း လေးသိန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တဲ့အကြောင်း UNOCHA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

Forum

XS
SM
MD
LG