သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အရပ္ဝတ္ရဲတပ္ဖဲြ႕ဝင္ေလးဦးကို ကေလးၿမိဳ႕ဆႏၵျပသူေတြဖမ္းဆီး


ကေလးၿမိဳ႕ က အရပ္ဝတ္ ရဲတပ္ဖြဲ႔ေလးဦး ဆႏၵျပသူေတြက ဖမ္းဆီး(မတ္၊၃၁၊၂၀၂၁)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ဆန္႔က်င္သူေတြက အာဏာပိုင္ေတြဖက္က အင္အားသံုးၿဖိဳခြင္းတာေတြ ပစ္ခတ္တာေတြရွိေပမယ့္လည္း အာဏာရွင္ဆန္႔က်င္လွုပ္ရွားမႉေတြ ဒီကေန႔အထိ ႏို္င္ငံအႏွံ႔ရွိေနဆဲျဖစ္ပါတယ္။ ကေလးၿမိဳ႕ဆႏၵျပပဲြမွာေတာ့ အရပ္၀တ္ရဲတပ္ဖဲြ႕၀င္ေလးဦးကို ဆႏၵျပသူေတြက ဖမ္းဆီးထားပါတယ္။ ရန္ကုန္က ရရွိတဲ့သတင္းကို အလိမၼာ တင္ျပထားပါတယ္။

ျမန္မာႏုိင္ငံအႏွံ႔ အာဏာရွင္ဆန္႔က်င္လွုပ္ရွားသူေတြကို အာဏာပိုင္ေတြဖက္က အင္အား သံုးၿဖိဳခြင္းတာေတြ ပစ္ခတ္တာေတြရွိေပမယ့္လည္း အာဏာရွင္ဆန္႔ က်င္လွုပ္ ရွားမႉေတြ ဒီကေန႔အထိ ႏို္င္ငံအႏွံ႔ရွိေနဆဲျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ မိုးညွင္းၿမိဳ႕နယ္မွာေတာ့ ဒီကေန႔ အာဏာရွင္ဆန္႔က်င္လွုပ္ရွားသူေတြကို ပစ္ခတ္ၿဖိဳခြင္းတာေတြ မရွိေပမယ့္ ၿမိဳ႕ပတ္လမ္းမွာ မိုင္းေပါက္ကြဲတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ မိုးညွင္းၿမိဳ႕ခံ တစ္ဦးက ေျပာပါတယ္။

“ ၿမိဳ႕ပတ္လမ္းတံတားမွာေတာ့ မိုင္းေပါက္ကြဲတာရွိတယ္ ခုေလးတင္ မိုင္းေပါက္ကြဲသြားတာ။ ၿမိဳ႕ျပင္ထြက္လိုက္တာနဲ႔ ေရာက္ၿပီး တကၠသိုလ္ေက်ာင္းရဲ႕ ေနာက္ေၾကာမွာပဲေပါ့။ မိုင္းေပါက္ ကြဲတာကို ၾကားၾကားခ်င္းေတာ့ လာျဖစ္တာလည္းေပါ့ေနာ္။ ပစ္ၾကခတ္ၾကၿပီ လားေပါ့။ ၿမို႕ထဲမွာ ျဖစ္မွာကို စိုးတာေပါ့။ အသက္အႏၱရာယ္ထိခိုက္မွာေတြ ၿမိဳ႕ထဲက လူေနအိမ္ေတြ ထိခိုက္မွာကို စိုးတယ္။ အခုအိမ္ေတာ္ေတာ္မ်ားမ်ားလည္း ဗံုးက်င္းေတြေတာ့ တူးေနၾကတယ္။ ပုန္းခိုဖို႔အတြက္ေပါ့ေနာ္။ ”

ဒါအျပင္ စစ္ကိုင္းေဒသႀကီး ကေလးၿမိဳ႕အတြင္း အရပ္ဝတ္နဲ႔ ရဲတပ္ဖြဲ႔ဝင္ ေလးဦးကို ျပည္သူေတြဖမ္းဆီးထားတာေၾကာင့္ ရပ္ကြက္အတြင္း အာဏာပိုင္ေတြက ပစ္ခတ္ေနတာေတြလည္း ရွိတယ္လို႔ ကေလးၿမိဳ႕ခံ တစ္ဦးကေျပာပါတယ္။

“ က်ေနာ္တို႔ သပိတ္စခန္းကို သူတို႔က တစ္ျခားလမ္းကေန ဝင္လာတာခင္မ်ာ။ အဲတာ က်ေနာ္တို႔ ကင္းသမားေတြနဲ႔ ေတြ႔လို႔ ဖမ္းထားတာပါ။ေန႔လည္ တစ္နာရီခြဲေလာက္က ဖမ္းထားတာပါ။ ရပ္ကြက္ထဲေတြမွာေတာ့ သူတို႔ ေသနတ္ေတြနဲ႔ လိုက္ပစ္ေနတာေတြေတာ့ ရွိပါတယ္ခင္မ်ာ။ ဆႏၵျပတာကို မဟုတ္ပဲ ဒီအတိုင္း အလြတ္လိုက္ပစ္ေနတာ ျဖစ္ပါတယ္ခင္မ်ာ။ ဒီေန႔က ဆႏၵျပအင္အား ေတာ္ေတာ္မ်ားလာတယ္ခင္မ်ာ။”

ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက အာဏာရွင္ဆန္႔က်င္သူေတြကို အာဏာပိုင္ေတြဖက္က ပစ္ခတ္ၿဖိဳခြင္းခဲ့တာေၾကာင့္ ေသဆံုးဒဏ္ရာရတာေတြ ရွိခဲ့တဲ့ မုံရြာၿမို႕နယ္မွာဆိုရင္လည္း ဒီကေန႔အထိ အာဏာရွင္ဆန္႔က်င္သူေတြ မ်ားျပားေနဆဲျဖစ္ၿပီး အႏိုင္ရတဲ့အထိ ဆန္႔က်င္သြားမယ္လို႔လည္း ဆႏၵထုတ္ေဖာ္ရာမွာ ပါဝင္ေနသူ တစ္ဦးကေျပာပါတယ္။

“ အႏိုင္ရတဲ့ အထိလုပ္သြားမွာပါ။ ဘာေၾကာင့္ လုပ္ေနလည္းဆိုေတာ့ က်ေနာ္တို႔က အာဏာရွင္ စနစ္ေအာက္မွာ ေသမထူးေနမထူး ဘဝေတြဆိုေတာ့ က်ေနာ္တို႔မွာလည္း အနာဂတ္ေတြ အမ်ားႀကီးရွိေတာ့ အနာဂတ္ေတြအတြက္ အရပ္ဖက္အစိုးရနဲ႔ အဆင္ေျပေတာ့ ျပည္သူကို ၾကည့္တဲ့ အစိုးရနဲ႔ပဲ အဆင္ေျပေတာ့ အဲဒါကိုရတဲ့အထိ ရေအာင္လုပ္မွာပါ။ ”

ဒါအျပင့္ ကယားျပည္နယ္ ဒီေမာဆိုးျမိဳ႕နယ္ အတြင္းမွာလည္း ပံုစံအမ်ိဳးမ်ိဳးနဲ႔ အာဏာရွင္ ဆန္႔က်င္တာေတြ ေန႔တိုင္းရွိေနတယ္လို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

" ဆႏၵျပတာေတြေတာ့ ရွိတယ္ ၿမို႕နယ္အလုိုက္ ဆႏၵျပတယ္။ အင္အားေကာင္း လာလားဆို ေတာ့ အရမ္းအမ်ားႀကီးလည္း မဟုတ္ဘူး အနည္းႀကီးလည္းမဟုတ္ဘူး။ ပံုမွန္ပဲေပါ့။ ဒီေမာဆိုးဖက္မွာဆိုရင္ ငါးမိုင္ ေျခာက္မိုင္ ဖက္မွာေတာ့ အစပိုင္းက အင္အားသံုးၿဖိဳခြင္းတာေတြ ဘာေတြရွိတယ္။ အခုေနာက္ပိုင္းေတာ့ အင္အားသံုးၿဖိဳခြင္းတာေတြမရွိေတာ့ဘူး။ မနက္ပိုင္းဆိုရင္ေတာ့ သပိတ္ကလုပ္တဲ့အတိုင္း ဆႏၵျပတာေတြရွိတယ္။ ေန႔လည္ပိုင္းဆိုရင္လည္း ဆႏၵျပၾကတာရွိတယ္။ ညေနကက်ေတာ့သူတို႔ အမ်ားအားျဖင့္ ဆုိုင္ကယ္သပိတ္ေလးေတြရွိတယ္။ ဖေယာင္းတိုင္းေလးနဲ႔ ဆုေတာင္းသပိတ္ေလးေတြ ရွိတယ္. ကိုယ့္ရပ္ကြက္နဲ႔ ကိုယ္ေပါ့ေနာ္။"

ျမန္မာႏိုင္ငံမွာ အာဏာရွင္ဆန္႔က်င္သူေတြကို အာဏာပို္င္ေတြဖက္က ပစ္ခတ္ခဲ့တာေၾကာင့္ ေသဆံုးသူ ၂၀၀ေက်ာ္အထိရွိေနသလို ဖမ္းဆီးခံရသူေတြလည္း ေထာင္နဲ႔ ခ်ီရွိေနတာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီကေန႔အထိ ႏိုင္ငံအႏွံ႔မွာ အာဏာရွင္ဆန္႔က်င္လွုပ္ရွား မႉေတြလည္း အင္အားေကာင္းေနဆဲ့ျဖစ္ပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်သူတွေက အာဏာပိုင်တွေဖက်က အင်အားသုံးဖြိုခွင်းတာတွေ ပစ်ခတ်တာတွေရှိပေမယ့်လည်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှူတွေ ဒီကနေ့အထိ နိုင်ငံအနှံ့ရှိနေဆဲဖြစ်ပါတယ်။ ကလေးမြို့ဆန္ဒပြပွဲမှာတော့ အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်လေးဦးကို ဆန္ဒပြသူတွေက ဖမ်းဆီးထားပါတယ်။ ရန်ကုန်က ရရှိတဲ့သတင်းကို အလိမ္မာ တင်ပြထားပါတယ်။

မြန်မာနိုင်ငံအနှံ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အာဏာပိုင်တွေဖက်က အင်အား သုံးဖြိုခွင်းတာတွေ ပစ်ခတ်တာတွေရှိပေမယ့်လည်း အာဏာရှင်ဆန့် ကျင်လှုပ် ရှားမှူတွေ ဒီကနေ့အထိ နိုင်ငံအနှံ့ရှိနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာတော့ ဒီကနေ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို ပစ်ခတ်ဖြိုခွင်းတာတွေ မရှိပေမယ့် မြို့ပတ်လမ်းမှာ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မိုးညှင်းမြို့ခံ တစ်ဦးက ပြောပါတယ်။

“ မြို့ပတ်လမ်းတံတားမှာတော့ မိုင်းပေါက်ကွဲတာရှိတယ် ခုလေးတင် မိုင်းပေါက်ကွဲသွားတာ။ မြို့ပြင်ထွက်လိုက်တာနဲ့ ရောက်ပြီး တက္ကသိုလ်ကျောင်းရဲ့ နောက်ကြောမှာပဲပေါ့။ မိုင်းပေါက် ကွဲတာကို ကြားကြားချင်းတော့ လာဖြစ်တာလည်းပေါ့နော်။ ပစ်ကြခတ်ကြပြီ လားပေါ့။ မြို့ထဲမှာ ဖြစ်မှာကို စိုးတာပေါ့။ အသက်အန္တရာယ်ထိခိုက်မှာတွေ မြို့ထဲက လူနေအိမ်တွေ ထိခိုက်မှာကို စိုးတယ်။ အခုအိမ်တော်တော်များများလည်း ဗုံးကျင်းတွေတော့ တူးနေကြတယ်။ ပုန်းခိုဖို့အတွက်ပေါ့နော်။ ”

ဒါအပြင် စစ်ကိုင်းဒေသကြီး ကလေးမြို့အတွင်း အရပ်ဝတ်နဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးကို ပြည်သူတွေဖမ်းဆီးထားတာကြောင့် ရပ်ကွက်အတွင်း အာဏာပိုင်တွေက ပစ်ခတ်နေတာတွေလည်း ရှိတယ်လို့ ကလေးမြို့ခံ တစ်ဦးကပြောပါတယ်။

“ ကျနော်တို့ သပိတ်စခန်းကို သူတို့က တစ်ခြားလမ်းကနေ ဝင်လာတာခင်မျာ။ အဲတာ ကျနော်တို့ ကင်းသမားတွေနဲ့ တွေ့လို့ ဖမ်းထားတာပါ။နေ့လည် တစ်နာရီခွဲလောက်က ဖမ်းထားတာပါ။ ရပ်ကွက်ထဲတွေမှာတော့ သူတို့ သေနတ်တွေနဲ့ လိုက်ပစ်နေတာတွေတော့ ရှိပါတယ်ခင်မျာ။ ဆန္ဒပြတာကို မဟုတ်ပဲ ဒီအတိုင်း အလွတ်လိုက်ပစ်နေတာ ဖြစ်ပါတယ်ခင်မျာ။ ဒီနေ့က ဆန္ဒပြအင်အား တော်တော်များလာတယ်ခင်မျာ။”

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အာဏာရှင်ဆန့်ကျင်သူတွေကို အာဏာပိုင်တွေဖက်က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တဲ့ မုံရွာမြို့နယ်မှာဆိုရင်လည်း ဒီကနေ့အထိ အာဏာရှင်ဆန့်ကျင်သူတွေ များပြားနေဆဲဖြစ်ပြီး အနိုင်ရတဲ့အထိ ဆန့်ကျင်သွားမယ်လို့လည်း ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်နေသူ တစ်ဦးကပြောပါတယ်။

“ အနိုင်ရတဲ့ အထိလုပ်သွားမှာပါ။ ဘာကြောင့် လုပ်နေလည်းဆိုတော့ ကျနော်တို့က အာဏာရှင် စနစ်အောက်မှာ သေမထူးနေမထူး ဘဝတွေဆိုတော့ ကျနော်တို့မှာလည်း အနာဂတ်တွေ အများကြီးရှိတော့ အနာဂတ်တွေအတွက် အရပ်ဖက်အစိုးရနဲ့ အဆင်ပြေတော့ ပြည်သူကို ကြည့်တဲ့ အစိုးရနဲ့ပဲ အဆင်ပြေတော့ အဲဒါကိုရတဲ့အထိ ရအောင်လုပ်မှာပါ။ ”

ဒါအပြင့် ကယားပြည်နယ် ဒီမောဆိုးမြို့နယ် အတွင်းမှာလည်း ပုံစံအမျိုးမျိုးနဲ့ အာဏာရှင် ဆန့်ကျင်တာတွေ နေ့တိုင်းရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

" ဆန္ဒပြတာတွေတော့ ရှိတယ် မြို့နယ်အလိုက် ဆန္ဒပြတယ်။ အင်အားကောင်း လာလားဆို တော့ အရမ်းအများကြီးလည်း မဟုတ်ဘူး အနည်းကြီးလည်းမဟုတ်ဘူး။ ပုံမှန်ပဲပေါ့။ ဒီမောဆိုးဖက်မှာဆိုရင် ငါးမိုင် ခြောက်မိုင် ဖက်မှာတော့ အစပိုင်းက အင်အားသုံးဖြိုခွင်းတာတွေ ဘာတွေရှိတယ်။ အခုနောက်ပိုင်းတော့ အင်အားသုံးဖြိုခွင်းတာတွေမရှိတော့ဘူး။ မနက်ပိုင်းဆိုရင်တော့ သပိတ်ကလုပ်တဲ့အတိုင်း ဆန္ဒပြတာတွေရှိတယ်။ နေ့လည်ပိုင်းဆိုရင်လည်း ဆန္ဒပြကြတာရှိတယ်။ ညနေကကျတော့သူတို့ အများအားဖြင့် ဆိုင်ကယ်သပိတ်လေးတွေရှိတယ်။ ဖယောင်းတိုင်းလေးနဲ့ ဆုတောင်းသပိတ်လေးတွေ ရှိတယ်. ကိုယ့်ရပ်ကွက်နဲ့ ကိုယ်ပေါ့နော်။"

မြန်မာနိုင်ငံမှာ အာဏာရှင်ဆန့်ကျင်သူတွေကို အာဏာပိုင်တွေဖက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၂၀၀ကျော်အထိရှိနေသလို ဖမ်းဆီးခံရသူတွေလည်း ထောင်နဲ့ ချီရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့အထိ နိုင်ငံအနှံ့မှာ အာဏာရှင်ဆန့်ကျင်လှုပ်ရှား မှူတွေလည်း အင်အားကောင်းနေဆဲ့ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG