သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု မရသေး (IIMM)


မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦးကို ဖယ်ခုံမြို့အနီး စစ်ဘေးရှောင်စခန်းမှာ တွေ့ရစဉ် (ဇူလိုင် ၂၉၊ ၂၀၂၃)
မိုင်းကြောင့် ခြေတဖက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦးကို ဖယ်ခုံမြို့အနီး စစ်ဘေးရှောင်စခန်းမှာ တွေ့ရစဉ် (ဇူလိုင် ၂၉၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ၄ နှစ်ကြာသွားပြီဖြစ်ပေမဲ့ စစ်တပ်ရဲ့ ရက်စက်တဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု မရရှိသေးဘူးလို့ IIMM ကပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က စုဆောင်းရရှိတဲ့ အချက်အလက်တွေကို ဆန်းစစ်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှုတွေ ကျူးလွန်ထားတဲ့ အထောက်အထားတွေ တွေ့ရှိတယ်လို့ IIMM အကြီးအကဲ Nicholas Koumjian ရဲ့ ဒီနေ့ ဇန်နဝါရီ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုတွေကို သေစေလောက်တဲ့အထိ ဖြိုခွင်းမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တာ၊ ထောင်နဲ့ချီတဲ့ ဆန့်ကျင်သူတွေကို မတရား ဖမ်းဆီးထောင်ချတာ၊ ဖမ်းဆီးခံရသူအများအပြား ညှဥ်းပန်း နှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ မတရားအနိုင်ကျင့်မှုတွေ ခံရတာကို ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။ အရပ်သားပြည်သူတွေ နေထိုင်တဲ့နေရာတွေကို မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် အရပ်သားတွေ သေဆုံးကြရတဲ့အပြင် ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဘာသာရေးဝတ်ပြုတဲ့နေရာတွေ ပျက်စီးရသလို ပြည်သူအများအပြား နေအိမ်တွေကနေ ထွက်ပြေးနေကြရတာကိုလည်း IIMM က ဖော်ပြထားပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းဆောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်ဖို့ နိုင်ငံတကာရာဇဝတ်တရားရုံး ICC ဥပဒေအရာရှိက တောင်းဆိုထားတာကလွဲလို့ စစ်အာဏာ သိမ်းခဲ့ပြီးချိန်ကတည်းက အခုချိန်ထိ ကျူးလွန်ထားတဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇတ်မှုတွေအတွက် ဥပဒေကြောင်းကနေ ဆောင်ရွက်ခြင်း မရှိသေးဘူးဆိုတာကိုလည်း IIMM ကထောက်ပြပါတယ်။ အခုလို ကျူးလွန်သူတွေ ပြစ်ဒဏ်ကင်းလွတ်နေတဲ့အတွက် နောက်ထပ်အကြမ်းဖက်မှုတွေကို ရဲရဲတင်းတင်း ပိုမိုကျူးလွန်ဖို့ ဖြစ်စေတာကြောင့် မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် အရေးယူ အပြစ်ပေးမှုတွေ လိုအပ်တယ်လို့ IIMM အကြီးအကဲ Nicholas Koumjian က စစ်အာဏာသိမ်း နှစ်ပတ်လည်ထုတ်ပြန်ချက်ထဲမှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံက ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့အထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ ညွှန်ကြားချက်နဲ့ သီးခြားလွတ်လပ်တဲ့ IIMM ယန္တရားကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှုတွေအတွက် တရားမျှတမှု မရသေး (IIMM)
please wait

No media source currently available

0:00 0:01:49 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG