သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ နှစ်သစ်ကိုကြိုဖို့ ကမ္ဘာတဝန်း ပြင်ဆင်မှုတွေ စတင်


Times Square NYE-Preview
Times Square NYE-Preview

မကြာခင် ကူးပြောင်းတော့မယ့် နှစ်သစ်ကိုကြိုဆိုဖို့ ကမ္ဘာတဝန်းမှာ ပြင်ဆင်နေကြပါပြီ

ဗြိတိန်နိုင်ငံမှာတော့ နိုင်ငံမှာအကြီးဆုံး မီးရှူးမီးပန်းပြပွဲကြီးကျင်းပပြီး ၂၀၂၄ နှစ်သစ်ကို ကြိုဖို့ ပြင်နေပါတယ်။ မီးရှူးမီးပန်း ၁၂,၀၀၀ နီးပါး ပစ်ဖောက်မှာဖြစ်ပြီး ၁၂ မိနစ်လောက်ကြာမယ့် ဒီမီးရှူးမီးပန်းလွှတ်ပွဲအတွက် ရက်တွေနဲ့ချီ အချိန်ယူပြင်ဆင်နေတဲ့အကြောင်း စီစဥ်သူတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်က အထင်ကရ Times Square ရင်ပြင်မှာတော့ ဒီနှစ် နှစ်သစ်ကူး အကြိုညမှာ စုဝေးလာရောက်ကြမယ့်သူ ၁ သန်းလောက်ရှိဖို့ ခန့်မှန်းထားပြီး ဒီလို စုဝေးကြတဲ့ လူအုပ်ကြီးထဲ ရောင်စုံစက္ကူစလေးတွေ ကြဲချဖို့ ရောင်စုံစက္ကူ ပေါင်ချိန် ၃,၀၀၀ ကျော် ပြင်ဆင်ထားပါတယ်။ နှစ်စဥ် Times Square မှာ မီးရောင်စုံ အလှဆင်ထားတဲ့ဘောလုံးကြီး တဖြည်းဖြည်း ကျလာပြီး နှစ်ကူးချိန်ကို ဝိုင်းဝန်းအော်ဟစ် ရေတွက် ကြိုဆိုကြတဲ့အစဥ်အလာကိုတော့ ၁၉၀၇ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်မှာအကြီးဆုံး နှစ်သစ်ကူးကြိုဆိုပွဲတခုလည်း ဖြစ်ပါတယ်။

အလားတူ နှစ်သစ်ကိုကြိုဆိုဖို့ပြင်ဆင်နေတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိလာနိုင်တဲ့ စိုးရိမ်ချက်တွေရှိနေတာကြောင့် စနေနေ့ကစပြီး လုံခြုံရေးကို တိုးမြှင့်ချထားပါတယ်။ ရဲဝန်ထမ်းအင်အား ၉ သောင်းအထိ ဖြန့်ကျက်ချထားပြီး နိုင်ငံတဝန်း လုံခြုံရေး တင်းကျပ်သွားမယ့်အကြောင်း ပြည်တွင်း ထောက်လှမ်းရေးအရာရှိချုပ် Céline Berthon က သောကြာနေ့က ပြောဆိုခဲ့ပါတယ်။ Champs-Elysees လမ်းမကြီးပေါ်မှာ ကျင်းပတဲ့ ဒီနှစ် နှစ်သစ်ကြိုဆိုပွဲကို လူ ၁ သန်းခွဲကျော် တက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးကလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG