သုံးရလွယ်ကူစေသည့် Link များ

Nice တိုက်ခိုက်မှု ပူးပေါင်းကြံစည်သူတွေရှိ


Nice တိုက်ခိုက်မှု အောက်မေ့အမှတ်တရ။
Nice တိုက်ခိုက်မှု အောက်မေ့အမှတ်တရ။

Nice မြို့မှာ အမျိုးသားနေ့ အထိမ်းအမှတ် ကျင်းပနေတဲ့ လူအုပ်ထဲကို ထရပ် ကားနဲ့ ဝင်တိုက်ပြီး လူ၈၄ဦး သေဆုံးစေခဲ့တဲ့ သူမှာ ဒီတိုက်ခိုက်မှုကို လုပ်ဖို့ လပေါင်းများစွာ ကြိုတင် ကြံစည်ခဲ့ပုံရပြီး၊ သူ့ကို အကူအညီပေးတဲ့ ကြံရာပါတွေလည်း ရှိတယ်လို့ ပဲရစ်မြို့က တရားရေး အရာရှိတွေက ပြောပါတယ်။

ကြာသပတေးနေ့က ပဲရစ်မြို့မှာ ပြုလုပ်တဲံ သတင်းစာ ရှင်းလင်းပွဲမှာ တရားရေး အရာရှိ က သတင်းထောက်တွေကို ပြောရာမှာ၊ သူ့ရဲ့ ဖုန်းကရတဲ့ အင်တာနက် ရှာဖွေမှုတွေနဲ့ ဓါတ်ပုံတွေ အရ ဒီလူဟာ ၂၀၁၅ ခုနှစ်လောက်ကတည်းက ဒီတိုက်ခိုက်မှု ကျူးလွန်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ယူဆရတဲ့အကြောင်း ပြောပါတယ်။

အခုအချိန်မှာ လူငါးဦးကို ဂျူလိုင်လ ၁၄ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ကျူးလွန်သူကို အကူအညီပေးခဲ့တဲ့အတွက် လူသတ်မှု၊ လက်နက် ကိုင်ဆောင်မှုတွေ အပါအဝင် အကြမ်းဖက်မှု ကျူးလွန်ဖို့ ကြိုးပမ်းမှု စွဲချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ထိန်းသိမ်းထားတဲ့ အထဲက အမျိုးသား လေးဦးဟာ ပြင်သစ်နိုင်ငံသား ကျူနီးရှား လူမျိုး နှစ်ဦး၊ ကျူနီးရှား နိုင်ငံသား တစ်ဦးနဲ့အယ်ဘဘေးနီးယား နိုင်ငံသား တစ်ဦးတို့ ပါဝင်ပါတယ်။ ကျန်တဲ့ တစ်ဦးက ပြင်သစ်နဲ့ အယ်ဘေးနီးယား နှစ်နိုင်ငံသား ခံယူထားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။

ထရပ်ကားကို မောင်းနှင်လာသူ အသက် ၃၁နှစ်အရွယ် Mohamed Lahouaiej Bouhlel ကတော့ တူနီးရှား လူမျိုးဖြစ်ပြီး၊ Nice မြို့မှာ နှစ်ပေါင်း များစွာ နေထိုင်လာသူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG