သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ဆန္ဒပြမှု တတ်ကြွသူ ၂၀၀၀ နီးပါး ဖမ်းဆီးခံရ


ပြင်သစ်နိုင်ငံတဝန်းမှာ မနေ့ စနေနေ့က ရောင်ပြန်အကျီ ၤ အဝါရောင်ဝတ်သူတွေရဲ့ ဆန္ဒပြပွဲ အတွင်း လူပေါင်း ၂ ထောင်နီးပါး ဖမ်းဆီးခဲ့ပါတယ်။

ပြင်သစ်ရဲ့ နေထိုင်မှု စာရိတ် ကြီးမြင့်လာမှု အပေါ် နိုင်ငံတဝန်း ဆန္ဒပြသူ ၁ သိန်း ၃ သောင်း ၆ ထောင် လောက်ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။ သမ္မတ Emmanuel Macron လက်ထက်မှာ စိုးရိမ်ချက်တွေကိုလည်း ဆန္ဒပြသူတွေက ဖော်ထုတ်ခဲ့ကြပါတယ်။ မြို့တော် ပါရီ၊ မာဆိုင်းလ်း၊ Bordeaux၊ Lyon နဲ့ Toulouse မြို့တွေ အပြင် တခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံတဝန်းမှာ လူပေါင်း ၁,၇၂၃ ယောက် ဖမ်းဆီးခဲ့ပြီး လူပေါင်း ၁,၂၂၀ ကို ဆက်ပြီး ဖမ်းထားဖို့ ညွှန်ကြားထားကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ၄၁၂ ယောက် ဖမ်းခံခဲ့ရပြီးနောက် မနေ့ စနေနေ့ကတော့ လူပေါင်း ၁,၀၈၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပါရီမြို့တော် ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါရီမြို့တော်မှာ ပရမ်းပတာ လုပ်ရပ်တွေ ဆက်ရှိနေပြီး လုံး၀ လက်ခံနိုင်စရာ မရှိဘူးလို့ ကြေညာထားပေမယ်လို့လည်း ပြည်ထဲရေး ဝန်ကြီး Christophe Castaner ကတော့ ပါရီမြို့တော်က အကြမ်းဖက်မှုတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။

သံချပ်ကာကားတွေရဲ့ အကာအရံကို ယူပြီး ရဲတပ်ဖွဲ့က Champs Elysees က အဝါရောင် ရောင်ပြန်အိကျီ် ၤဝတ် ဆန္ဒပြသူတွေကို မျက်ရေယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပါရီမြို့ပေါ်က လမ်းတွေပေါ်မှာ ဆန္ဒပြသူ ၁ သောင်းလောက် ရှိမယ်လို့လည်း ဝန်ကြီး Castaner က ခန့်မှန်းပါတယ်။ ရဲတပ်ဖွဲ့ဝင် ၁၇ ဦး အပါအဝင် စုစုပေါင်း ဒဏ်ရာရသူ ၁၃၅ ယောက် ရှိတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ဆန္ဒပြ အကြမ်းဖက်မှုတွေက သတင်း ၄ ပတ်ထဲကို ရောက်လာချိန်မှာဘဲ Eiffel Tower နဲ့ တခြား ကမ္ဘာ့လှည့် ခရီးသွားတွေရဲ့ အထင်ကရ နေရာတွေကို ပိတ်ထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင် သောင်းနဲ့ချီပြီး ချထားပါတယ်။ မနေ့ စနေနေ့က ဆန္ဒပြပွဲတွေ မတိုင်ခင်မှာဘဲ ပါရီမြို့တော်က ဈေးဆိုင်တွေမှာ ချိုးဖောက် ခိုးယူခံရမယ့် အရေးကို ကာကွယ်နိုင်ဖို့ အတားအဆီးတွေနဲ့ ပိတ်ဆို့၊ ရဲတွေနဲ့ တားဆီးထားခဲ့တာပါ။ ဒါပေမယ့်လည်း ဆန္ဒပြသူတွေကတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ပြီး စတိုးဆိုင် တံခါးတွေကို ချိုးဖျက်ခဲ့ကြတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။ နိုင်ငံတဝန်းမှာတော့ ရဲတပ်ဖွဲ့ဝင် ၈ သောင်း ၉ ထောင်ကို လုံခြုံရေး ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG