သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်ဖွင့်ပွဲမတိုင်ခင် ပြင်သစ်အမြန်ရထားလိုင်း အချက်ပြစနစ်တချို့ တိုက်ခိုက်ခံရ


ပါရီအိုလံပစ်ဖွင့်ပွဲမတိုင်ခင် အမြန်ရထားလိုင်း အချက်ပြစနစ်တိုက်ခိုက်ခံရမှုကြောင့် ခရီးစဉ်နှောင့်နေပြီး ခရီးသည်များ စောင့်ဆိုင်းနေကြရစဉ် (ဇူလိုင် ၂၆၊ ၂၀၂၄)
ပါရီအိုလံပစ်ဖွင့်ပွဲမတိုင်ခင် အမြန်ရထားလိုင်း အချက်ပြစနစ်တိုက်ခိုက်ခံရမှုကြောင့် ခရီးစဉ်နှောင့်နေပြီး ခရီးသည်များ စောင့်ဆိုင်းနေကြရစဉ် (ဇူလိုင် ၂၆၊ ၂၀၂၄)

ပြင်သစ်နိုင်ငံက အမြန်ရထားလိုင်းတလျှောက်က အချက်ပြစနစ်နေရာတချို့ မီးရှို့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ထောင်သောင်းချီတဲ့ ခရီးသွားတွေ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလုပ်ရပ်ဟာ ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာပြုလုပ်မယ့် အိုလံပစ်ပွဲတော် ဖွင့်ပွဲနေ့မှာ တမင်ကြိုတင် ကြံစည်လုပ်ဆောင်တဲ့ အဖျက်အမှောင့်လုပ်ငန်းအဖြစ် ယူဆကြပါတယ်။

ဒီကနေ့ ကျင်းပမယ့် အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို နိုင်ငံ့ခေါင်းဆောင်တွေ၊ အရေးကြီးပုဂ္ဂိုလ်တွေနဲ့ ဧည့်ပရိတ်သတ် ၃ သိန်းလောက် တက်ရောက်ကြဖို့ ရှိတာကြောင့် မြို့တော်ပါရီမှာ လုံခြုံရေးတွေ တင်းကြပ်စွာ ချထားတဲ့ကြားက ဒီ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့ကို ပြေးဆွဲနေတဲ့ Atlantic အမြန်ရထားလိုင်း ခရီးစဉ်တွေ ထိခိုက်ခဲ့ရသလို နွေရာသီအားလပ်ရက် ခရီးသွားချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ယာဉ်ကျော ပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ပါရီအိုလံပစ်ဖွင့်ပွဲမတိုင်ခင် အမြန်ရထားလိုင်း အချက်ပြစနစ်တိုက်ခိုက်ခံရတဲ့ နေရာမှာ SNCF ရထားလိုင်းလုပ်သားများနဲ့ ရဲအရာရှိတွေ ပြုပြင်ရေးလုပ်ဆောင်နေကြစဉ် (ဇူလိုင် ၂၆၊ ၂၀၂၄)
ပါရီအိုလံပစ်ဖွင့်ပွဲမတိုင်ခင် အမြန်ရထားလိုင်း အချက်ပြစနစ်တိုက်ခိုက်ခံရတဲ့ နေရာမှာ SNCF ရထားလိုင်းလုပ်သားများနဲ့ ရဲအရာရှိတွေ ပြုပြင်ရေးလုပ်ဆောင်နေကြစဉ် (ဇူလိုင် ၂၆၊ ၂၀၂၄)

တိုက်ခိုက်မှုကြောင့် ခရီးသည် ၈ သိန်းလောက်ကို ထိခိုက်စေခဲ့တဲ့အပြင် ပျက်စီးမှုက ကြီးမားတဲ့အတွက် ပြန်လည် ပြင်ဆင်ရေးအတွက် အချိန်ယူ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ အခုလို အမြန်ရထားလိုင်း အချက်ပြစံနစ်တချို့ မီးရှို့ တိုက်ခိုက်ခံရမှုကြောင့် မြို့တော် ပါရီနဲ့ နိုင်ငံမြောက်ပိုင်း ဒေသကို ပြေးဆွဲနေတဲ့ ရထားလိုင်းဟာ မိနစ် ၉၀ ကနေ ၂ နာရီအကြား နှောင့်နှေး ကြန့်ကြာမှုဖြစ်နိုင်တယ်လို့ ခရီးသည်များဆိုင်ရာဌာန အကြီးအကဲ Christophe Fanichet (ခရစ်စတုဖ် ဖယ်နီးရှေး) က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG