သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ ပထမအကျော့ကျင်းပ


ပြင်သစ်နိုင်ငံရဲ့ ပါလီမန်ရွေးကောက်ပွဲ ပထမအကျော့ကို ဒီကနေ့ တနင်္ဂနွေနေ့မှာကျင်းပနေပြီး၊ ပြင်သစ်သမ္မတသစ် Emmanuel Macron က သူ့ရဲ့ ပါတီသစ်အနေနဲ့ ပါလီမန်မှာ နေရာအများစုရဖို့ မျှော်လင့်နေပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် စစ်တမ်းကောက်ယူမှုတွေအရတော့ သမ္မတ Macron ရဲ့ ပါတီအနေနဲ့ ၃၀ ရာခိုင်နှုန်းလောက် ရဖို့ရှိတယ်လို့ ခန့်မှန်းထားပြီး၊ အဲဒီလိုဆိုရင်တော့ လာမယ့်သီတင်းပတ်မှာကျင်းပမယ့် ဒုတိယအကျော့ရွေးကောက်ပွဲတွေမှာ လွှတ်တော်နေရာအများစုကို ရဖို့အတွက် အခြေအနေကောင်းနိုင်ပါတယ်။

Macron သမ္မတရွေးကောက်ပွဲ စတင်ဝင်ပြိုင်တဲ့အချိန်ကျမှ သူ့ရဲ့ ပါတီကို တည်ထောင်တာဖြစ်ပါတယ်။ ပြင်သစ်ပါလီမန်မှာ အမတ်နေရာ အများစုကို အနိုင်ရခဲ့မယ်ဆိုရင်တော့ သူ့ပါတီအနေနဲ့ သမ္မတ Macron ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတုန်းက သူကတိပေးထားတဲ့ အတိုင်း ပြုပြင်ပြောင်းလဲရေးတွေ ကြီးကြီးမားမား လုပ်ဖို့အတွက ခွင့်ပြုနိုင်မှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ အတော်များများဖြစ်ပွားခဲ့တာကြောင့် အခုချိန်ထိ အရေးအပေါ် အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပြီး၊ ဒီကနေ့မှာလည်း လူအများက မဲပေးဖို့သွားကြမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထောင်သောင်းချီပြီး လုံခြုံရေးချထားပါတယ်။

ပြင်သစ်ပါလီမန်ရွေးကောက်ပွဲ ပထမအကျော့ကျင်းပ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG