သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ကရင္ဒုကၡသည္ေတြ ထိုင္းႏုိင္ငံမွာ ခိုလံႈခြင့္မျပဳႏုိင္" - ထိုင္းက်န္းမာေရးဝန္ႀကီး


ဒဏ္ရာရ ျမန္မာစစ္ေျပးဒုကၡသည္တဦးကို ထိုင္းေဆးရုံပို႔ေဆာင္စဥ္

{{Zawgyi/Unicode}}

ျမန္မာႏုိင္ငံမွာ စစ္တပ္ကအာဏာသိမ္းလုိက္ၿပီးတဲ့ေနာက္ ကရင္ျပည္နယ္ကေန ထုိင္းႏုိင္ငံဘက္ကုိ ထြက္ေျပးလာသူေတြထဲ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္သူေတြ ပါလာမွာစုိးတဲ့အတြက္ ဒုကၡသည္ေတြ အမ်ားအျပား၀င္ေရာက္လာေနတဲ့ Sop Moei ခရိုင္၊ မဲ့ဆရီးယန္းက က်န္းမာေရး၀န္ထမ္းေတြကုိ ထုိင္းအာဏာပုိင္ေတြက ကုိဗစ္ကာကြယ္ေဆး အရွိန္ျမွင့္ ထိုးေပးေနပါတယ္။

ျမန္မာဘက္က ထြက္ေျပးလာၾကတဲ့ ဒုကၡသည္ေတြ ထုိင္းႏုိင္ငံအတြင္း ခုိလႈံ ေနထုိင္ခြင့္ျပဳမွာမဟုတ္ဘူးလုိ႔ ထုိင္းက်န္းမာေရး၀န္ထမ္းေတြအတြက္ ကုိဗစ္ ကာကြယ္ေဆးထုိးေပးတဲ့အစီအစဥ္ကုိ သြားေရာက္ ၾကည့္ရႈခဲ့တဲ့ ထုိင္းက်န္းမာေရး၀န္ႀကီး Anutin Charnvirakul က ေျပာပါတယ္။

“ကရင္ဒုကၡသည္ေတြအတြက္ က်ေနာ္ စိတ္မေကာင္းျဖစ္ရပါတယ္။ သူတုိ႔ ေဘးကင္းၾကေစခ်င္ပါတယ္။ သူတုိ႔ကုိ လူသားခ်င္းစာနာမႈဆုိင္ရာ ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြနဲ႔အညီ ဆက္ဆံတာကုိလည္း လုိလားပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ႏုိင္ငံထဲကုိ ၀င္လာခြင့္မျပဳႏုိင္ပါဘူး။ လတ္တေလာႀကံဳေတြ႔ေနရတဲ့ အခက္အခဲက ေရွာင္ႏုိင္ဖုိ႔အတြက္ ေရာက္လာတယ္ဆုိရင္ေတာ့ က်ေနာ္တုိ႔ ကူညီ ေထာက္ပံ့ေပးႏုိင္ပါတယ္၊ ဒါေပမယ့္ က်ေနာ္တုိ႔ႏုိင္ငံထဲမွာ ခုိလႈံခြင့္ လုံး၀ မျပဳႏုိင္ပါဘူး” လုိ႔ ထုိင္းက်န္းမာေရး၀န္ႀကီး ေျပာသြားတာပါ။

ေလေၾကာင္းတုိက္ခုိက္မႈအပါအ၀င္ ကရင္ျပည္နယ္အတြင္း ထုိးစစ္ဆင္မႈေတြ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြက စလုိ႔ ျမန္မာစစ္တပ္က အရွိန္ျမွင့္ လုပ္ေဆာင္လာေနတာေၾကာင့္ ထုိင္းႏုိင္ငံဘက္ကုိ ကရင္ဒုကၡသည္ေတြ ေထာင္နဲ႔ခ်ီ ထြက္ေျပးလာေနတယ္ဆုိတဲ့သတင္းေတြ ထြက္ေပၚေနတာပါ။

တခ်ိန္ထဲမွာပဲ ထြက္ေျပးလာတဲ့ဒုကၡသည္ေတြကုိ ထုိင္းအာဏာပုိင္ေတြက လက္မခံဘဲ ျပန္ေမာင္းထုတ္တယ္၊ နယ္စပ္မွာေရာက္ေနတဲ့ ဒုကၡသည္ေတြအတြက္ေပးမယ့္ အကူအညီေတြကုိ ထုိင္းအစုိးရက အကန္႔အသတ္နဲ႔သာ ခြင့္ျပဳေနတယ္ဆုိတဲ့ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့နောက် ကရင်ပြည်နယ်ကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာသူတွေထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ပါလာမှာစိုးတဲ့အတွက် ဒုက္ခသည်တွေ အများအပြားဝင်ရောက်လာနေတဲ့ Sop Moei ခရိုင်၊ မဲ့ဆရီးယန်းက ကျန်းမာရေးဝန်ထမ်းတွေကို ထိုင်းအာဏာပိုင်တွေက ကိုဗစ်ကာကွယ်ဆေး အရှိန်မြှင့် ထိုးပေးနေပါတယ်။

မြန်မာဘက်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ ထိုင်းနိုင်ငံအတွင်း ခိုလှုံ နေထိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်းကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုဗစ် ကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ်ကို သွားရောက် ကြည့်ရှုခဲ့တဲ့ ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။

“ကရင်ဒုက္ခသည်တွေအတွက် ကျနော် စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့ ဘေးကင်းကြစေချင်ပါတယ်။ သူတို့ကို လူသားချင်းစာနာမှုဆိုင်ရာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့အညီ ဆက်ဆံတာကိုလည်း လိုလားပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံထဲကို ဝင်လာခွင့်မပြုနိုင်ပါဘူး။ လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲက ရှောင်နိုင်ဖို့အတွက် ရောက်လာတယ်ဆိုရင်တော့ ကျနော်တို့ ကူညီ ထောက်ပံ့ပေးနိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့နိုင်ငံထဲမှာ ခိုလှုံခွင့် လုံး၀ မပြုနိုင်ပါဘူး” လို့ ထိုင်းကျန်းမာရေးဝန်ကြီး ပြောသွားတာပါ။

လေကြောင်းတိုက်ခိုက်မှုအပါအဝင် ကရင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်တွေက စလို့ မြန်မာစစ်တပ်က အရှိန်မြှင့် လုပ်ဆောင်လာနေတာကြောင့် ထိုင်းနိုင်ငံဘက်ကို ကရင်ဒုက္ခသည်တွေ ထောင်နဲ့ချီ ထွက်ပြေးလာနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာပါ။

တချိန်ထဲမှာပဲ ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက လက်မခံဘဲ ပြန်မောင်းထုတ်တယ်၊ နယ်စပ်မှာရောက်နေတဲ့ ဒုက္ခသည်တွေအတွက်ပေးမယ့် အကူအညီတွေကို ထိုင်းအစိုးရက အကန့်အသတ်နဲ့သာ ခွင့်ပြုနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG