သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် တောင်ကိုရီးယားသွား


ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol တို့ ဆိုးလ်မြို့မှာတွေ့ဆုံနေစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)
ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol တို့ ဆိုးလ်မြို့မှာတွေ့ဆုံနေစဉ် (စက်တင်ဘာ ၆၊ ၂၀၂၄)

ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံ့ခေါင်းဆောင်နှစ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဒီကနေ့ တွေ့ဆုံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေ ဆွေးနွေးကြပါတယ်။ မကြာခင် ရက်ပိုင်အတွင်း တာဝန်က အနားယူတော့မယ့် ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ဒီကနေ့ပဲ တောင်ကိုရီယား နိုင်ငံကို ၂ ရက်ကြာခရီးစဥ်နဲ့ သွားရောက်နေတာပါ။

ဂျပန်နဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေး ပိုမိုခိုင်မာသွားဖို့ မျှော်လင့်တယ်လို့ ဝန်ကြီး Kishida ကပြောကြားခဲ့ပါတယ်။ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် ၃ နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်နေတဲ့ အရှိန်ကို ဆက်ပြီး ထိန်းထားနိုင်ဖို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကလည်း ကတိပြုခဲ့ပါတယ်။

အတိတ်ဖြစ်ရပ်တွေနဲ့ ခံစားချက်တွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင်မပြေတာတွေ ရှိခဲ့ပေမဲ့လို့ ဒါတွေကို ဖြေရှင်း ကျော်လွှားပြီး အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်နိုင်အောင် သူတို့အရင်ခေါင်းဆောင်တွေ ကြိုးပမ်းခဲ့သလိုပဲ ဆက်ပြီး ကြိုးပမ်းအားထုတ်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။

အလားတူ တောင်ကိုရီးယား သမ္မတကလည်း သူ့အစိုးရလက်ထက်မှာ နှစ်နိုင်ငံကြား အပြန်အလှန် ယုံကြည်မှု နဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်လာအောင် တည်ဆောက်နိုင်ခဲ့တာကို ထောက်ပြပြီး ရှေ့လျှောက် ဆက်ဆံရေး ပိုကောင်းလာဖို့ ယုံကြည် မျှော်လင့်ကြောင်း ပြောပါတယ်။

ဒေသတွင်း တရုတ်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေနဲ့ မြောက်ကိုရီယားရဲ့ Nuclear ရန်များလာနေချိန်မှာ ဂျပန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် ကြိုးစားလာကြတာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် တောင်ကိုရီးယားသွား
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG