သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်ကို စစ်လက်နက် ရောင်းချလွှဲပြောင်းမှု မလုပ်ကြဖို့ G7 ထပ်မံတိုက်တွန်း


ဂျာမနီနိုင်ငံမှာ အစည်းအဝေး ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ။ (မေ ၁၃၊ ၂၀၂၂)
ဂျာမနီနိုင်ငံမှာ အစည်းအဝေး ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ။ (မေ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ရောင်းချလွှဲပြောင်းမှု မလုပ်ဖို့ အပြည့်အဝ ပိုင်းဖြတ်ထားဆဲဖြစ်ပြီး နိုင်ငံအားလုံးအနေနဲ့ အလားတူ ဆောင်ရွက်ကြဖို့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 နိုင်ငံခြားရေးဝန်ကြီးတွေက စနေနေ့ထုတ် ပူးတွဲကြေညာချက်မှာ ပြောဆို တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အပြင်းထန်ဆုံး အသုံးအနှုန်းနဲ့ ဆန့်ကျင် ရှုတ်ချကြောင်း၊ နိုင်ငံတကာ ဥပဒေအရ ပြစ်မှုကျူးလွန်မှုမှာ တာဝန်ရှိသူအားလုံးကို တာဝန်ခံမှု တာဝန်ယူမှု ရှိစေဖို့ အရေးကြီးကြောင်းကိုလည်း အလေးအနက် ပြောဆိုထားပါတယ်။

ဒီအထဲမှာ ရိုဟင်ဂျာတွေနဲ့ တခြားသော လူမျိုး ဘာသာအရ လူနည်းစုဖြစ်ရသူတွေ အပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ချိုးဖောက်မှုတွေ အပါအဝင် လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေလည်း ပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးများရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ဘက်က အကြမ်းဖက်တာတွေ ချက်ချင်းရပ်ပြီး မတရားဖမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရေး အတွက်လည်း တောင်းဆိုထားပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်အရ သက်ဆိုင်သူအားလုံး ဆွေးနွေးမှုနဲ့အတူ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အာဆီယံ၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်တို့ရဲ့ ကြိုးပမ်းမှုတွေကိုလည်း G7 နိုင်ငံခြားရေးဝန်ကြီးတွေက ဆက်လက် ထောက်ခံထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းချက်တွေကိုလည်း အသိအမှတ်ပြု ထောက်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)








XS
SM
MD
LG