[[Unicode]]
ေသဆုံးသူ ၇,၈၀၀ ေက်ာ္ထိရွိလာတဲ့ တူရကီနဲ႔ဆီးရီးယားႏိုင္ငံနယ္စပ္က အင္အားျပင္းငလ်င္ေၾကာင့္ ၿပိဳက်သြားတဲ့ အပ်က္အစီးပုံေတြေအာက္မွာ အသက္မေသက်န္ရစ္သူေတြကို အပူတျပင္းရွာေဖြကယ္ဆယ္ေနတာမွာ ခ်က္ႀကိဳးတန္းလန္းနဲ႔ ေမြးကင္းစကေလးတေယာက္ကိုပါ အဂၤါေန႔က ကယ္တင္ႏိုင္ခဲ့ပါတယ္။
“အေမကိုဆြဲထုတ္လိုက္တဲ့အခါ အသံၾကားေတာ့ သူ႔အမ်ိဳးသားလို႔ထင္ေနတာ၊ ဒါေပမယ့္ ခ်က္ႀကိဳးတန္းလန္းနဲ႔ကေလးေလးျဖစ္ေနပါတယ္။ ဒါနဲ႔က်ေနာ္တို႔လည္း ခ်က္ႀကိဳးကိုျဖတ္ၿပီး ကေလးကို ေခၚထုတ္လာတာပါ” လို႔ ကေလးကိုကယ္တင္ခဲ့တဲ့ Saleh al-Badran ကေျပာပါတယ္။
ကေလးေလးရဲ႕မိဘအပါအဝင္ မိသားစုဝင္ ၇ ဦးစလုံးေသဆုံးသြားတယ္လို႔လည္း ေျပာပါတယ္။ တနလၤာေန႔ကလႈပ္သြားတဲ့ ျပင္းအား ၇.၈ ငလ်င္ေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့အေဆာက္အအုံေတြ ၿပိဳက်ပ်က္စီးခဲ့ရတဲ့အတြက္ ပိတ္မိေနသူ ဘယ္ေလာက္ရွိမွန္းမသိရေသးပါဘူး။ ငလ်င္ဒဏ္ေၾကာင့္ လူသန္းနဲ႔ခ်ီ ထိခိုက္မႈရွိႏိုင္တယ္လို႔လည္းခန႔္မွန္းထားပါတယ္။
ငလ်င္ဗဟိုခ်က္ျဖစ္တဲ့ တူရကီႏိုင္ငံ Gaziantep နဲ႔ Kahramanmaras ၿမိဳ႕ေတြေတာ့ လူေနတိုက္ခန္းေတြ အတန္းလိုက္ၿပိဳက်ခဲ့ရၿပီး အထိအနာဆုံးလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း တူရကီသမၼတ Recep Tayyip Erdogan က ႏိုင္ငံအေရွ႕ေတာင္ပိုင္းေဒသ ၁၀ ခုကို ၃ လတာ အေရးေပၚအေျခအေနထုတ္ျပန္ခဲ့ပါတယ္။ အေမရိကန္၊ တ႐ုတ္နဲ႔ ပင္လယ္ေကြ႔ႏိုင္ငံေတြအပါအဝင္ ႏိုင္ငံေပါင္း တဒါဇင္ေက်ာ္တို႔က ကူညီေထာက္ပံ့ပို႔ကတိျပဳထားၾကတာပါ။
လူသားခ်င္းစာနာမႈအကူအညီေတြနဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႔ေတြလည္း ေလေၾကာင္းခရီးစဥ္ေတြနဲ႔ ငလ်င္ဒဏ္နဲ႔ရင္ဆိုင္ေနရတဲ့ေဒသေတြဆီ စတင္ေရာက္ရွိလာေနၿပီျဖစ္ပါတယ္။
============
[[Unicode]]
တူရကီ၊ ဆီးရီးယား ငလျင်ကြောင့် သေဆုံးသူ ၇၈၀၀ ကျော်အထိတိုး
သေဆုံးသူ ၇,၈၀၀ ကျော်ထိရှိလာတဲ့ တူရကီနဲ့ဆီးရီးယားနိုင်ငံနယ်စပ်က အင်အားပြင်းငလျင်ကြောင့် ပြိုကျသွားတဲ့ အပျက်အစီးပုံတွေအောက်မှာ အသက်မသေကျန်ရစ်သူတွေကို အပူတပြင်းရှာဖွေကယ်ဆယ်နေတာမှာ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးတယောက်ကိုပါ အင်္ဂါနေ့က ကယ်တင်နိုင်ခဲ့ပါတယ်။
“အမေကိုဆွဲထုတ်လိုက်တဲ့အခါ အသံကြားတော့ သူ့အမျိုးသားလို့ထင်နေတာ၊ ဒါပေမယ့် ချက်ကြိုးတန်းလန်းနဲ့ကလေးလေးဖြစ်နေပါတယ်။ ဒါနဲ့ကျနော်တို့လည်း ချက်ကြိုးကိုဖြတ်ပြီး ကလေးကို ခေါ်ထုတ်လာတာပါ” လို့ ကလေးကိုကယ်တင်ခဲ့တဲ့ Saleh al-Badran ကပြောပါတယ်။
ကလေးလေးရဲ့မိဘအပါအဝင် မိသားစုဝင် ၇ ဦးစလုံးသေဆုံးသွားတယ်လို့လည်း ပြောပါတယ်။ တနင်္လာနေ့ကလှုပ်သွားတဲ့ ပြင်းအား ၇.၈ ငလျင်ကြောင့် ထောင်နဲ့ချီတဲ့အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ရတဲ့အတွက် ပိတ်မိနေသူ ဘယ်လောက်ရှိမှန်းမသိရသေးပါဘူး။ ငလျင်ဒဏ်ကြောင့် လူသန်းနဲ့ချီ ထိခိုက်မှုရှိနိုင်တယ်လို့လည်းခန့်မှန်းထားပါတယ်။
ငလျင်ဗဟိုချက်ဖြစ်တဲ့ တူရကီနိုင်ငံ Gaziantep နဲ့ Kahramanmaras မြို့တွေတော့ လူနေတိုက်ခန်းတွေ အတန်းလိုက်ပြိုကျခဲ့ရပြီး အထိအနာဆုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း တူရကီသမ္မတ Recep Tayyip Erdogan က နိုင်ငံအရှေ့တောင်ပိုင်းဒေသ ၁၀ ခုကို ၃ လတာ အရေးပေါ်အခြေအနေထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်တို့က ကူညီထောက်ပံ့ပို့ကတိပြုထားကြတာပါ။
လူသားချင်းစာနာမှုအကူအညီတွေနဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေလည်း လေကြောင်းခရီးစဉ်တွေနဲ့ ငလျင်ဒဏ်နဲ့ရင်ဆိုင်နေရတဲ့ဒေသတွေဆီ စတင်ရောက်ရှိလာနေပြီဖြစ်ပါတယ်။