သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျုးကျော်စစ် ခုခံမှုဦးဆောင်သူ ယူကရိန်းစစ်ဦးစီးချုပ် သမ္မတဖယ်ရှား


ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi (ယာ) တို့ တွေ့ဆုံ။ (ဖေဖေါ်ဝါရီ ၈၊ ၂၀၂၄)
ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့ ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Valerii Zaluzhnyi (ယာ) တို့ တွေ့ဆုံ။ (ဖေဖေါ်ဝါရီ ၈၊ ၂၀၂၄)

ယူကရိန်းစစ်တပ်တွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ရက်အတော်ကြာ ခန့်မှန်းပြောဆိုနေရာကနေ ကြာသပတေးနေ့မှာတော့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ယူကရိန်းစစ်တပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ရုရှားကျူးကျော်မှုကိုတုံ့ပြန်ရာမှာ ၂ နှစ်လောက်ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဗလယ်ရီ ဇာလောဇနီ (Valerii Zaluzhnyi) နေရာမှာ ဗိုလ်ချုပ်ကြီး အလက်ဇန်ဒရာ စိုင်ရာစကီ ကို အစားထိုး ခန့်အပ်လိုက်ပါတယ်။

ယူကရိန်းခုခံကာကွယ်ရေးမှာ နိုင်ငံတော်သူရဲကောင်းတဦးအဖြစ် တချို့က မြင်ကြတဲ့ ဗိုလ်ချုပ်ကြီး ဇာလောဇနီ နဲ့ တွေ့ဆုံခဲ့ကြောင်း သမ္မတ Zelenskyy က ကြေညာချက်ထုတ်ပြန်ခဲ့သလို စစ်ရေးသုံးသပ်သူတွေက ယူကရိန်းဟာ ရုရှားလက်ထဲ အမြန်ဆုံးရောက်သွားမယ်လို့ ပြောနေချိန်မှာ ဦးဆောင်ပြီး ရုရှားတပ်တွေကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်။ ဒါပေမယ့် အခုအချိန်ဟာ စစ်တပ်အတွင်း ခေါင်းဆောင်မှုအပြောင်းအလဲ လုပ်ရမယ့်အချိန်ရောက်ပြီဖြစ်ကြောင်းလည်း သမ္မတ Zelenskyy က ဆိုရှယ်မီဒီယာမှာ ရေးပါတယ်။

ဒါ့အပြင် စစ်တပ်ထဲမှာပဲ ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ ဇာလောဇနီကို ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။ ဇာလောဇနီ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာတော့ သူဟာ သမ္မတ Zelenskyy နဲ့ အရေးကြီးတဲ့ ဆွေးနွေးပြောဆိုမှုတွေလုပ်ခဲ့ကြောင်းနဲ့ အခု ရခဲ့တဲ့ဆုံးဖြတ်ချက်ဟာ စစ်ပွဲရဲ့နည်းဗျူဟာနဲ့ မဟာဗျူဟာအတွက် အပြောင်းအလဲတွေဖြစ်လာစေဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

၂၀၂၂ မှာ လုပ်ရမှာတွေဟာ ၂၀၂၄ နဲ့ မတူတဲ့အတွက် အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ ပြောင်းလဲရမှာဖြစ်သလို ဒါဟာ အောင်မြင်ဖို့အတွက်လည်း ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG