သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး အကြိမ် ၉၀ ထိုးတဲ့ ဂျာမန်အမျိုးသား


ဂျာမနီနိုင်ငံမှာ AstraZeneca ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (မတ် ၂၂၊ ၂၀၂၁)
ဂျာမနီနိုင်ငံမှာ AstraZeneca ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (မတ် ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

ဂျာမနီနိုင်ငံမှာ အသက် ၆၀ အရွယ် အမျိုးသားတဦးဟာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပေါင်း ၉၀ ထိုးပြီး ဆေးထိုးပြီးကြောင်း လက်မှတ်တွေကို ဆေးမထိုးလိုသူတွေ လိမ်ညာ အသုံးပြုနိုင်အောင် ရောင်းစားခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စည်းမျည်းအရ နာမည်ဖော်ပြမထားတဲ့ အဲဒီလူဟာ ဂျာမနီအရှေ့ပိုင်း Saxony ပြည်နယ် ကိုဗစ်ကာကွယ်ဆေးထိုး စခန်းတွေမှာ လနဲ့ချီ နေထိုင်ပြီး ဆေးထိုးမှု အကြိမ်ကြိမ်ခံယူနေခဲ့တာ ဂျာမနီရဲတွေ ဒီလအတွင်း ဖော်ထုတ်နိုင်ခဲ့ချိန်အထိပဲလို့ ဂျာမန်သတင်းဌာန DPA က တနင်္ဂနွေနေ့မှာ ရေးသားလိုက်ပါတယ်။

ဒီလူကို ထိန်းသိမ်းထားခြင်း မရှိပေမဲ့ ကာကွယ်ဆေးထိုး ကတ်ပြားတွေ ခွင့်ပြုချက်မဲ့ ထုတ်ပေးမှု၊ အထောက်အထားအတု ပြုလုပ်မှုတွေနဲ့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

ရဲတွေဟာ နာမည်ဖော်ပြမထားတဲ့ ဆေးထိုးပြီးကြောင်း ကတ်ပြားအများအပြားကို သူ့ဆီက သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုဆိုင်ရာ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အမျိုးအစား အများအပြား ပါဝင်တဲ့ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပေါင်း ၉၀ ခန့် ထိုးနှံမှု ခံယူခဲ့တဲ့အတွက် အဲဒီအမျိုးသားရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဂျာမနီနိုင်ငံမှာ ကိုဗစ်ကူးစက်မှုဟာ တနင်္ဂနွေ တရက်အတွင်း ၇၄,၀၀၀ ကျော် ရှိခဲ့ပြီး ဂျာမနီတနိုင်ငံလုံး ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၃၀,၀၀၀ ကျော် ရှိခဲ့တယ်လို့ အစိုးရစာရင်းတွေက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)








XS
SM
MD
LG