သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ေသဒဏ္စီရင္မႈ ျမန္မာသံတမန္ကို ဂ်ာမန္ႏိုင္ငံျခားေရးရံုး ဆင့္ေခၚ ကန္႔ကြက္


Credit - Petra Sigmund Twitter

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီေရး လႈပ္ရွားသူ ၄ ဦးကို စစ္အာဏာပိုင္ေတြက ကြပ္မ်က္လိုက္တဲ့အေပၚ ဂ်ာမနီႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ျမန္မာအႀကီးတန္း သံတမန္တဦးကို ဆင့္ေခၚကန္႔ကြက္လိုက္ပါတယ္။

လႊတ္ေတာ္အမတ္ေဟာင္း ကိုၿဖိဳးေဇယ်ာေသာ္၊ ဒီမိုကေရစီေရး လႈပ္ရွားသူ ကိုဂ်င္မီ၊ ကိုေအာင္သူရေဇာ္နဲ႔ ကိုလွမ်ဳိးေအာင္တို႔ကို ေသဒဏ္စီရင္လိုက္ေၾကာင္း တနလၤာေန႔က ေၾကညာလိ္ုက္ၿပီးေနာက္ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ေ၀ဖန္ကန္႔ကြက္မႈေတြ ဆက္လက္ထြက္ေပၚေနခ်ိန္မွာပဲ ဂ်ာမနီႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ျမန္မာသံ႐ုံးတာ၀န္ခံကို ဘာလင္ၿမိဳ႕မွာ ၾကာသပေတးေန႔က ဆင့္ေခၚကန္႔ကြက္ခဲ့တာပါ။

ဒီမိုကေရစီေရးလႈပ္ရွားသူ ၄ ဦးကို ကြပ္မ်က္တဲ့ လုပ္ရပ္အေပၚ အျပင္းထန္ဆုံး ရႈတ္ခ်ေၾကာင္းနဲ႔ ေသဒဏ္စီရင္ အျပစ္ေပးတာေတြကို ဆိုင္းင့ံဖို႔၊ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ဖိႏွိပ္မႈေတြကို ရပ္တန္႔ဖို႔ အေရွ႕အာရွနဲ႔ ပစိဖိတ္ေရးရာ ကိုယ္စားလွယ္ Martin Thuemmel က ေျပာၾကားခဲ့ေၾကာင္း ဂ်ာမနီႏိုင္ငံျခားေရး၀န္ႀကီးဌာနက Twitter လူမႈကြန္ရက္မွာ ေျပာဆိုခဲ့ပါတယ္။

ဒီမိုကေရစီေရး လႈပ္ရွားသူေတြအေပၚ ကြပ္မ်က္လိုက္တဲ့အေပၚ စိုးရိမ္ထိတ္လန္႔မိေၾကာင္းနဲ႔ ျမန္မာျပည္သူေတြရဲ႕ ခိုင္မာတဲ့ ဒီမိုကေရစီ စိတ္ဓာတ္ကို ခ်ဳိးႏွိမ္ဖို႔ ႀကိဳးပမ္းတဲ့ လုပ္ရပ္အျဖစ္နဲ႔လည္း ဂ်ာမန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ ေျပာဆိုထားတာပါ။

ျမန္မာစစ္ေကာင္စီကေတာ့ အၾကမ္းဖက္လုပ္ရပ္ေတြကို က်ဳးလြန္သူေတြအျဖစ္ ေသဒဏ္စီရင္တဲ့ လုပ္ရပ္အေပၚ ကာကြယ္ေျပာဆိုထားေပမဲ့ ကုလသမဂၢအပါအ၀င္ ႏိုင္ငံတကာ အသိုင္းအဝိုင္းကေတာ့ အျပင္းအထန္ ေ၀ဖန္မႈေတြ ထြက္ေပၚခဲ့သလို ကန္႔ကြက္မႈေတြနဲ႔ စိုးရိမ္တဲ့ သေဘာထားေတြလည္း ဆက္လက္ထြက္ေပၚေနပါတယ္။

ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေအာင္ ႀကိဳးပမ္းမႈေတြကို စစ္အာဏာပိုင္ေတြ အဟန္႔အတားလုပ္ေနတာ၊ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္ေတြ က်ဳးလြန္ေနတာနဲ႔အမွ် အက်ဳိးဆက္ေတြနဲ႔ ရင္ဆိုင္ရမွာျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ Ned Price က ၾကာသပေတးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။ တခ်ိန္တည္းမွာပဲ အိႏၵိယႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ကလည္း ျမန္မာႏိုင္ငံက အေျခအေနအေပၚ အေလးအနက္ စိုးရိမ္ေၾကာင္း သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

စစ်ကောင်စီ သေဒဏ်စီရင်မှု မြန်မာသံတမန်ကို ဂျာမန်နိုင်ငံခြားရေးရုံး ဆင့်ခေါ် ကန့်ကွက်

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး လှုပ်ရှားသူ ၄ ဦးကို စစ်အာဏာပိုင်တွေက ကွပ်မျက်လိုက်တဲ့အပေါ် ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာအကြီးတန်း သံတမန်တဦးကို ဆင့်ခေါ်ကန့်ကွက်လိုက်ပါတယ်။

လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို သေဒဏ်စီရင်လိုက်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပြီးနောက် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ကန့်ကွက်မှုတွေ ဆက်လက်ထွက်ပေါ်နေချိန်မှာပဲ ဂျာမနီနိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံရုံးတာဝန်ခံကို ဘာလင်မြို့မှာ ကြာသပတေးနေ့က ဆင့်ခေါ်ကန့်ကွက်ခဲ့တာပါ။

ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်တဲ့ လုပ်ရပ်အပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်းနဲ့ သေဒဏ်စီရင် အပြစ်ပေးတာတွေကို ဆိုင်းငံ့ဖို့၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကိုယ်စားလှယ် Martin Thuemmel က ပြောကြားခဲ့ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာနက Twitter လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် ကွပ်မျက်လိုက်တဲ့အပေါ် စိုးရိမ်ထိတ်လန့်မိကြောင်းနဲ့ မြန်မာပြည်သူတွေရဲ့ ခိုင်မာတဲ့ ဒီမိုကရေစီ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီသီတင်းပတ် အစောပိုင်းမှာပဲ ပြောဆိုထားတာပါ။ မြန်မာစစ်ကောင်စီကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကျုးလွန်သူတွေအဖြစ် သေဒဏ်စီရင်တဲ့ လုပ်ရပ်အပေါ် ကာကွယ်ပြောဆိုထားပေမဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ အပြင်းအထန် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို ကန့်ကွက်မှုတွေနဲ့ စိုးရိမ်တဲ့ သဘောထားတွေလည်း ဆက်လက်ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းမှုတွေကို စစ်အာဏာပိုင်တွေ အဟန့်အတားလုပ်နေတာ၊ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျုးလွန်နေတာနဲ့အမျှ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မြန်မာနိုင်ငံက အခြေအနေအပေါ် အလေးအနက် စိုးရိမ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG