ကိုဂ်င္မီအပါအဝင္ ႏိုင္ငံေရးသမား (၄) ဦးကို ေသဒဏ္စီရင္လိုက္တာဟာ ဒီမိုကေရစီအင္အားစုေတြကို ပိုမိုျပင္းထန္တဲ့ လက္နက္ကိုင္လမ္းေၾကာင္းဆီ တြန္းပို႔လိုက္သလို စစ္ေကာင္စီအဖို႔လဲ လုံးဝက်ဆုံးေရးဘက္ကို ဦးတည္သြားၿပီလို႔ ျပည္ေထာင္စုေရွ႕ေနမ်ားအဖြဲ႔ ဦးႀကီးျမင့္က ဆိုပါတယ္။ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးႀကီးျမင့္နဲ႔ ဦးေက်ာ္ဇံသာတို႔ ေဆြးေႏြးသုံးသပ္ထားပါတယ္။
ေမး ။ ။ ဒီေန႔ဖိတ္ေခၚရျခင္း အေၾကာင္းရင္းက ကိုုဂ်င္မီအပါအဝင္ ေလးေယာက္ကို စစ္ေကာင္စီက ေသဒဏ္စီရင္လိုက္တဲ့ကိစၥနဲ႔ ပတ္သက္ပါတယ္။ ဒီသတင္းဟာ အင္မတန္စိိတ္ထိခိုက္စရာေကာင္းတဲ့ သတင္း၊ သတင္းဆုိးမို႔လို႔ လူတခ်ဳိ ႔ဟာ မယံုၾကည္ႏိုင္ေလာက္ေအာင္ လက္မခံႏိုင္ေလာက္ေအာင္ ျဖစ္ရတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္လဲ သူတုိိ႔ဟာ ဒါဟာ တကယ္မျဖစ္ႏုိင္ဘူး။ သတင္းစာထဲမွာသာ ေၾကညာတာ၊ လက္ေတြ႔အေထာက္အထား ဘာမွမျပဘူးဆိုၿပီးေတာ့ ေစာဒကတက္ခ်င္ၾကပါတယ္။ ဒီလိုလူေတြကို ဦးႀကီးျမင့္ ဥပေဒပညာရွင္တေယာက္အေနနဲ႔ ဘာေျပာခ်င္ပါလဲ။
ေျဖ ။ ။ အဲဒါကေတာ့ မယံုၾကည္ႏုိင္စရာ မရိွႏိုင္ေတာ့ဘူး။ သူတုိ႔ရဲ ႔ သတင္းစာ၊ ႏိုင္ငံပိုင္သတင္းစာေတြ အားလံုးကေန အက်ဥ္းေထာင္ လက္စြဲဥပေဒနဲ႔ ေဆာင္ရြက္ၿပီစီးေၾကာင္းဆိုတာကို အတိအလင္း ေၾကညာလိုက္တာ က်ေနာ္တုိ႔ ဥပေဒမ်က္စိမွာေတာ့ ဒါက သတ္ျပစ္လိုက္ၿပီ၊ ႀကိဳးေပးလိုက္ၿပီလို႔ ေျပာရေရာက္တယ္။ အဲဒါနဲ႔ ပတ္သက္လို႔ သံသယမရိွပါနဲ႔။ သူတုိ႔လဲပဲ ကမာၻတက္ၿပီးေတာ့ အဲဒီေလာက္ေတာ့ မလိမ္ေလာက္ဘူးလို႔ က်ေနာ္ ဒီလိုလဲ မွတ္ခ်က္ျပဳခ်င္ပါတယ္။
ေမး ။ ။ ဦးႀကီးျမင့္နဲ႔ က်ေနာ္တို႔ သူတုိ႔ရဲ ႔ေသဒဏ္ကို အယူခံပယ္လိုက္ၿပီ၊ လံုးဝအတည္ျပဳလိုက္ၿပီလို႔ဆိုတဲ့ သတင္းေတြထြက္လာတုန္္းက ၿပီးခဲ့တဲ့ တစ္လေလာက္က က်ေနာ္တို႔ ဒီဟာကို ေဆြးေႏြးခဲ့ၾကပါတယ္။ အဲဒီအခါမွာ က်ေနာ္တို႔ သံုးခဲ့တဲ့ အသံုးအႏႈန္းက ‘ေသဒဏ္နဲ႔ က်ားကြက္ေရႊ ႔ျခင္း ဆုိေတာ့၊ ဒီကိစၥကို သူတုို႔ေတြက ႏိုင္ငံေရးက်ားကြက္ေရႊ ႔ခ်င္လို႔ ေသဒဏ္ခ်မွတ္ထားတာ ျဖစ္တယ္လို႔ သံုးသပ္ခဲ့ၾကပါတယ္ဆိုိေတာ့ အခုက်ေတာ့ သူတုိ႔က လံုးဝကို ပြဲတက္သိမ္းလိုက္ၿပီ။ ႏုိင္ၿပီးသြားၿပီဆိုတဲ့သေဘာနဲ႔ လုပ္လိုက္ၾကသလား။ ဒီလို ေသဒဏ္ စီရင္လိုက္တာဟာ။
ေျဖ ။ ။ ႏိုင္သြားၿပီဆိုၿပီးေတာ့ လုပ္တာေတာ့ မဟုတ္ပါဘူး။ ရွံဳးမွာေသခ်ာၿပီဆုိၿပီးေတာ့ လုပ္လိုက္တာ။ ဘာျဖစ္လို႔ ရွံဳးမွာေသခ်ာသလဲဆိုေတာ့ PDF နဲ႔ ျဖစ္တဲ့ တိုက္ပြဲတိုင္းမွာ ရွံဳးတယ္။ ေဒသ EAO ေတြနဲ႔ တုိက္ပြဲေတြမွာ ရွံုးတယ္။ ေလယာဥ္ေတြ လႊတ္ရတယ္။ စီးပြားေရးက လံုးဝပ်က္စီးသြားၿပီ။ ေနာက္ ႏိုင္ငံတကာမိတ္ေဆြေတြက သုည ျဖစ္သြားၿပီ။ ဘယ္ေလာက္ရွက္စရာေကာင္းသလဲ။ ရုရွားႏိုင္ငံႀကီးကို ႏွစ္ခါသြားတယ္။ ဟိုက လွည့္ေတာင္မၾကည့္ဘူး။ ႏိုင္ငံျခားေရးဝန္ႀကီးအဆင့္ေလာက္ကေတာ့ ေတြ႔ခြင့္ေကာင္းတာေပါ့။ ကာကြယ္ေရးဝန္ႀကီးအဆင့္ေတြ - လံုးဝပဲ အရွက္ကေတာ့ ကြဲၿပီ။ တရုတ္ျပည္ကဆိုရင္လဲ ေျပာလိုက္ၿပီ - ခင္မ်ားတို႔ ျပည္သူ႔အာဏာကို ျပည္သူကို ျပန္အပ္ပါ။ ၂၀၀၈ ေဘာင္အတြင္းကေန ေစ့စပ္ေဆြးေႏြးပါလို႔ ေျပာတယ္။ ASEAN ေခါင္းေဆာင္ေတြ၊ ဥကၠ႒ ေခါင္းေဆာင္ေတြကလည္း ေျပာေနတယ္ - ခင္မ်ားတို႔ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ေပးပါ။ ကိုဂ်င္မီတို႔ေတြကို မသတ္ပါနဲ႔။ သတ္လို႔ရိွရင္ ASEAN ႏုိင္ငံေတြအတြင္းမွာ သေဘာထားေတြ ကြဲကုန္လိမ့္မယ္၊ ဆိုးက်ဳိးေတြ ျဖစ္လာလိမ့္မယ္လို႔ အႀကိမ္ႀကိမ္ေမတၱာရပ္ခံေနခဲ့တဲ့ၾကား၊ ကမာၻ႔ကုလအတြင္းေရးမွဴးနဲ႔ တကမာၻလံုးက ေမတၱာရပ္ခံေနတဲ့ၾကားကေန သတ္တယ္ကြာဆုိၿပီး သတ္လိုက္တာဟာ သူတုိ႔ ရွံးတဲ့ဘက္က ေနရေနေတာ့ မထူးေတာ့ဘူးဆိုၿပီး ေနာက္ဆံုးေျခလမ္းကို လွမ္းလိုက္တာပဲ။
ေမး ။ ။ သူတုိ႔အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီအႀကီးအကဲက ေျပာပါတယ္။ သူတုိ႔အာဏာသိမ္းလိုက္တဲ့ကိစၥကို အာဏာထိန္းတယ္လား သူတုိ႔ေခၚတာက အဲဒီကိစၥကို လူထုက ဒီေလာက္အထိ ကန္႔ကြက္ဆန္႔က်င္လိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့ဘူးလို႔ ေျပာဖူးတယ္။ ဦးႀကီးျမင့္ မွတ္မိမယ္ ထင္ပါတယ္။ ဆိုေတာ့ အခုလဲပဲ လူထုက ဒီေလာက္ႀကီး ဆန္႔က်င္လိမ့္မယ္လို႔ မတြက္မိလို႔မ်ား သတ္လိုက္သလား။
ေျဖ ။ ။ အဲဒါကေတာ့ လံုးဝမွားတယ္။ သတ္ေတာ့မယ္ ေသဒဏ္ကို အတည္ျပဳလိုက္ၿပီ။ စကစဥကၠ႒ႀကီးကိုယ္တိုင္ အတည္ျပဳလိုက္ၿပီလို႔ ေျပာတဲ့အခ်ိန္္ကေန အခုတစ္လေက်ာ္အတြင္းမွာ သတ္လိုက္တာ။ က်ေနာ္ကေတာ့ ပထမအင္တာဗ်ဴးမွာကတည္းက ေျပာတယ္။ က်ေနာ္ စိုးရိမ္တယ္။ ရာခိုင္ႏႈန္းကေတာ့ အရမ္းနည္းသြားၿပီ။ သို႔ေသာ္လဲပဲ မလုပ္တန္ေကာင္းဘူးလိုိ႔ ထင္တယ္။ တကယ္လို႔ လုပ္လိုက္မယ္ဆိုရင္ ျဖစ္ေပၚလာမယ့္ အက်ဳိးဆက္ေတြက အလြန္ႀကီးမားၿပီးေတာ့ ျပည္သူလူထုက လံုးဝသည္းခံလိမ့္မယ္ မဟုတ္ဘူး။ NUG အစိုးရက သံတမန္နည္းနဲ႔ ႀကိဳးစားေနတယ္။ ျဖစ္ႏုိင္လို႔ရိွရင္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ျဖစ္ေစခ်င္တဲ့ဆႏၵ သူတုိ႔မွာ ရိွေနတယ္။ ကမာၻႀကီးကလည္း အဲဒီလိုပဲ ျဖစ္ေစခ်င္တယ္။ ဒါေပမဲ့လို႔ ဒီလို ကိုဂ်င္မီတို႔အုပ္စုေလးကိုသာ သတ္လိုက္မယ္ဆိုရင္ေတာ့ NUG အစိုးရကို ျပည္သူလူထုက ဖိအားေပးရေတာ့မယ္။ ခင္မ်ားတို႔ သံတမန္နည္းေတြ ေတာ္ေတာ့၊ စစ္ေရးနဲ႔ပဲ တိုက္ေတာ့၊ အႏိုင္ စစ္နည္းနဲ႔တိုက္မွ ျဖဳတ္ခ်မွာပဲ ဒီေကာင္ေတြကို လုပ္လို႔ရေတာ့မယ္။ ေနာက္ဆို ဒီေကာင္ေတြ တေယာက္ၿပီတေယာက္ ဆက္သတ္ေနမယ္။ NUG အစိုးရကို ဖိအားေပးရာ ေရာက္လိမ့္မယ္လို႔ က်ေနာ္ေျပာခဲ့ပါတယ္။
ေမး ။ ။ အခုန ဦးႀကီးျမင့္ေျပာတဲ့ တေယာက္ၿပီတေယာက္ ထပ္သတ္မယ္ဆိုတာကိုလည္း က်ေနာ္ အဲဒါကိုလဲ ေမးခ်င္ပါတယ္။ ဆိုေတာ့ အခု ဒီပုဂၢိဳလ္ေတြကို ေသဒဏ္စီရင္ခ်လိုက္တယ္ဆိုေတာ့ ေနာက္ေသဒဏ္ခ်မွတ္ထားျခင္း ခံထားရတဲ့ လူေတြအတြက္ေကာ ဘယ္ေလာက္စိုးရိမ္စရာ ရိွပါသလဲ။ သူတုို႔ဆက္တိုက္ ဆက္လုပ္ေတာ့မွာလား။ သို႔တည္းမဟုတ္ ဆန္႔က်င္မႈေတြကို ၾကည့္ၿပီးေတာ့ အဲဒီလုပ္ငန္္းကို ရပ္ဆိုင္းသြားမလား။ ဘယ္လုေတြးမိပါသလဲ။
ေျဖ ။ ။ အဲဒီစကားကို ကုလသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာကိုယ္စားလွယ္ အန္ဒရူးက အဲဒီလိုသာ သတ္လိုက္မယ္ဆိုရင္ေတာ့ ထပ္ထပ္ၿပီး သတ္လာမွာကို အင္မတန္္ စုိးရိမ္ပူပန္မိတယ္လို႔ သူက စကစဥကၠ႒ အတည္ျပဳလိုက္ၿပီ ေသဒဏ္ေပးေတာ့မယ္လို႔ ေျပာတဲ့အခ်ိန္မွာ ေျပာတဲ့စကား။ အခု အဲဒီစကားကို ျပန္ၿပီးေတာ့ မစၥတာအင္ဒရူးက ေထာက္တယ္။ ကမာၻ႔အဖြဲ႔အစည္းေတြကလည္း ျပန္ေကာက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္ေတာ့ ဆုတ္သြားမွာေတာ့ မဟုတ္ဘူး။ က်ေနာ္လည္း ျပန္ေကာက္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတုိ႔က ေနာက္ေတာ့ဆုတ္သြားမွာ မဟုတ္ဘူး၊ တန္႔သြားမယ္။ ရွဳပ္တယ္ကြာ ထပ္လုပ္တယ္ဆိုၿပီးေတာ့ အဲဒီအထဲက ေက်ာ္ၿပီးေတာ့ လုပ္ခ်င္တဲ့လူေတြ ထပ္လုပ္အံုးမွာ။ အဲဒါကေတာ့ ယုုတ္မာရက္စက္ပါတယ္လို႔ အဲဒီလိုပဲ မွတ္ခ်က္ျပဳခ်င္ပါတယ္။
ေမး ။ ။ ဒီဟာရဲ ႔ ဂယက္ရိုက္ခတ္မႈကို နည္းနည္းၾကည့္ရေအာင္ပါ။ NUG ဘာတို႔က ႏိုင္ငံေရးအင္အားစုေတြကေတာ့ သူတုိ႔ရဲ ႔ လႈပ္ရွားမႈကို အရိွန္ျမွင့္လာမွာ ေသခ်ာပါတယ္။ လူထုရဲ ႔ တံု႔ျပန္မႈကိုေတာ့ ဘယ္လို ေမွ်ာ္လင့္လို႔ ရပါသလဲ။
ေျဖ ။ ။ အခု ေျမေအာက္အဖြဲ႔ေတြကလည္း ေၾကညာခ်က္ေတြ စထုတ္လာၾကတယ္။ PDF ေတြကလည္း ထုတ္ၿပီ။ EAO ေတြကလည္း သူတို႔သေဘာထားေတြကို ေျပာလာတယ္။ အဲဒီဟာေတြအရ ဆိုရင္ေတာ့ သူတို႔လက္တံု႔ျပန္မွာ ေသေသခ်ာခ်ာ လက္တံု႔ျပန္မလား။ လူထုႀကီးက အင္မတန္မွ စိတ္အားညိွငယ္ၿပီးေတာ့၊ တခါတရံ လူထုတရပ္လံုး စိတ္မခ်မ္းမသာျဖစ္၊ ဝမ္းနည္းေက်ကြဲေနၾကတယ္။ ဒါက အတိအက်ပဲ။ သူတုိ႔ရဲ ႔ လက္တစုပ္စာ လူေတြကေတာ့ ဝမ္းသာေနသလားေတာ့ မသိဘူး။ ေျပာခ်င္တာကေတာ့ အဲဒီလို မေျပာဘူးဆိုရင္ေတာ့ အားလံုးဝမ္းနည္းေနတယ္ဆိုတာ ေသခ်ာတယ္။ NLD လူႀကီးေတြက ေမတၱာရပ္ခံတယ္ လူငယ္ေတြကို အေလာသံုးဆယ္ မလုပ္နဲ႔ေနာ္။ ေရွ ႔တေခါက္ မေလာနဲ႔ေနာ္။ ရန္သူေထာက္ခ်က္ထဲ ဝင္သြားမွာစိုးလို႔။ ရန္သူကေတာ့ အခုအခ်ိန္မွာ အသင့္အေနအထားနဲ႔ ျပင္ထားတာ - ပစ္မွာ၊ သတ္မွာ - အသင့္အေနအထား ျပင္ထားတာ လမ္းေထာင့္ေတြ အကုန္လံုး Cover ေတြနဲ႔။ အဲဒီအထဲမွာ ခေလးေတြကို မေသေစခ်င္ေတာ့လို႔ လူႀကီးေတြက ထိန္း။ ဒါေပမဲ့ တစ္ခုသာတာနဲ႔ ဟိုတုန္းက ေျမာက္ဒဂံုမွာ စခ်ၿပီ။ ဒါမ်ဳိးေတြ ရိွလာၿပီ။ EAO ကလည္း ပိုသေဘာေပါက္သြားၿပီး ျမန္မာလူထုနဲ႔ NUG နဲ႔ PDF တို႔ ပူးေပါင္းၿပီးေတာ့ အလားအလာ ပိုျမွင့္သြားၿပီ။ ေနာက္ NUG သမၼတႀကီးကိုယ္တိုင္လည္း စစ္ေရးနဲ႔ လုပ္မွ ရေတာ့မယ္ဆိုၿပီး ေျပာလာတယ္။
ေမး ။ ။ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္တပ္ဘက္က သတ္တဲ့လူ၊ ေနာက္ၿပီးေတာ့ သူတို႔ခုခံခ်င္တဲ့၊ သူတို႔က ဒလန္ဆိုၿပီးေတာ့ သတ္ခံရတဲ့လူ စသည္ျဖင့္ ေသတဲ့လူေတြ အမ်ားႀကီးရိွပါတယ္ဆိုေတာ့ အဲဒီမွာ သက္ဆံုးရွံဳးသြားတဲ့လူေတြနဲ႔ အခုႀကိဳးေပးၿပီးေတာ့ ေသဒဏ္စီရင္ျခင္း ခံရတဲ့ လူေတြနဲဲ႔ အျဖစ္အပ်က္ႏွစ္ခုကို ဘယ္လို ႏိႈင္းယွဥ္လိုပါသလဲ။
ေျဖ ။ ။ ဟိုဟာက စစ္ေျမျပင္မွာ ျဖစ္တာ။ စစ္သံုပန္ေတြကို စစ္သံုပန္ဥပေဒနဲ႔အညီ အေရးမယူဘဲနဲ႔ သတ္ပစ္တာ။ ေနာက္ၾကားထဲက ျပည္သူလူထုကို သတ္ျပစ္ၿပီးေတာ့ ရြာေတြအိမ္ေတြကို မီးနဲ႔ရိွဳ ႔ပစ္တာ။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ၊ ဒါက ပံစံတရပ္။ ဒါက တရားဝင္ဖမ္းၿပီးေတာ့ တရားရံုးကို ဥပေဒနဲ႔အညီ ျပည္သူလူထုေရွ ႔မွာ စစ္ေဆးၿပီးေတာ့ စီရင္ခ်က္ခ်မယ္ဆိုရင္ ျပႆနာ မရိွဘူး။ အဲဒီလို မဟုတ္ဘဲနဲ႔ သူတို႔ကိုယ္သူတို႔ စစ္ခံုရံုးဖြဲ႔တယ္။ သူတုိ႔ဘာသာ သူတို႔ ဖြင့္တယ္။ သူတို႔သက္ေသ သူတုိ႔ခံတယ္။ ဒီဘက္က ေရွ ႔ေနငွားဖို႔ မလြတ္လပ္ဘူး။ ဥပေဒေရး အခြင့္အေရးေတြ ဆံုးရွံုးတာ မတူဘူး။ ႏိႈင္းယွဥ္ေျပာလို႔ မရဘူး။ ဆိုးတာက ႏွစ္ခုစလံုး ဆိုးတယ္။ အဲဒါေၾကာင့္မို႔ ဒီဟာကေတာ့ ပိုၿပီးဆိုးတာက ျပည္သူလူထုရဲ ႔ မ်က္စိေရွ ႔ေမွာက္၊ ကမာၻ႔ေရွ ႔ေမွာက္မွာ မ်က္ဝါးထင္ထင္ ပိုၿပီးေျပာႏုိင္ဆိုႏိုင္၊ ပိုၿပီေတာ့ စိတ္ထိခိုက္တယ္ဆိုတာ အဲဒီလိုေျပာလို႔႔ရတယ္။
ေမး ။ ။ စစ္ေကာင္စီဘက္က အခ်ဳိ ႔ကေတာ့ သူတို႔ဘက္ကလူေတြလဲ ေသခဲ့ရတာပဲ။ သူတုိ႔ကို ဆန္႔က်င္တဲ့ လူေတြရဲ ႔ လြဲမွားစြာ သတ္ျဖတ္မႈေၾကာင့္ ျပည္သူေတြလည္း ေသၾကတယ္လို႔ ေျပာၾကတယ္။ အဲဒီကိစၥကို ဘယ္လိုထည့္သြင္းစဥ္းစားထားသလဲ။
ေျဖ ။ ။ အခုလို ဖမ္းမိၿပီးမွ သတ္ပစ္တယ္ဆိုတာကို သူတို႔ အေထာက္အထား မျပႏိုင္ဘူး။ ကမာၻကိုလည္း မျပႏုိင္ဘူး။ ျမန္မာကိုလည္း မျပႏိုင္ဘူး။ ဗမာလူေတြက အဲဒါကို သိလဲမသိဘူး။ ဒါေပမဲ့လို႔ စစ္ေျမျပင္မွာ ျဖစ္ပ်က္တဲ့အခါမွာ သူတုိ႔ဘက္ကမိတဲ့ သံုပန္ေတြ၊ သူတုိ႔ဘက္ကမိတဲ့ PDF ရြာေတြကို ဖ်က္တယ္။ ရက္ရက္စက္စက္ သတ္တယ္။ သူတိုိ႔ဘက္က စစ္ေျမျပင္မွာ မိတဲ့လူေတြကို မသတ္ဘူး။ မသတ္ဘူး၊ လံုၿခံဳတဲ့ေနရာ ပိုေပးတယ္။ အဲဒါေတြကို အေထာက္အထားေတြနဲ႔ ျပႏိုင္တယ္။ ဒါေပမဲ့ သူတို႔လူေတြလည္း ေသပါတယ္ဆိုုတဲ့ဟာက ဘယ္လိုျဖစ္လဲဆိုေတာ့ စစ္ျဖစ္ေနတဲ့အခါမွာ သူ႔ရြာ ပ်ဴေစာထီးရြာေတြကို PDF ေတြက လံုၿခံဳေရးကာကြယ္ေရးအတြက္ တုိက္တယ္။ ဟိုဘက္ကလဲ ဒီဘက္ကိုတုိက္တယ္။ အဲဒီလို တုိက္ရင္ျပဳရင္နဲ႔ ေသၾကတယ္။ ေနာက္တခုက သူတုိ႔ တန္ျပန္အဖ်က္အေမွာင့္လုပ္ငန္းေတြလည္း ပါတယ္။ ၈၈ တုန္းကလည္း ပါတာပဲ။ ခင္မ်ားတို႔ က်ေနာ္တို႔ သိတယ္။ တန္ျပန္အဖ်က္အေမွာင့္ေတြ တခ်ဳိ ႔ေတြမွာဆို ရန္ကုန္ၿမိဳ ႔မွာရိွတဲ့ အထကေက်ာင္းေတြကို ဗံုးခြဲတယ္ဆိုတာ PDF ကို လႊဲခ်တာ။ တခ်ဳိ ႔က စိတ္္ဓါတ္စစ္ဆင္ေရး - ပညာေရးကို ေႏွာင့္ယွက္ေနမယ္ဆိုတာကို ေျပာခ်င္လို႔။ ေနာက္ ေျမနီကုန္လိုဟာ။ အိမ္မွာ ဗံုးခြဲတာေတြ ဘယ္လိုလို႔ ခြဲမလဲ။ လံုၿခံဳေရးၾကပ္လိုက္တာ။ အဲဒီလိုမ်ဳိးေတြ ရိွတယ္။
ေမး ။ ။ တကယ္ေတာ့ နိဂံုးခ်ဳပ္ေျပာရမယ္ဆိုရင္ အခုစစ္ေကာင္စီက သတ္လိုက္တဲ့လူက ေလးေယာက္သာ ျဖစ္ေပမဲ့ ဒီလုပ္ရပ္ေၾကာင့္ ထိခိုက္နာက်င္ရတဲ့ လူေတြကေတာ့ တတိုင္းျပည္လံုးအနံ႔ဆိုရင္ မွားမယ္မဟုတ္ဘူးဆိုတဲ့ သေဘာပါ။
ေျဖ ။ ။ ဟုတ္တယ္။ လုပ္ေတာ့မွာ။ အခု ဂ်င္မီတို႔ကို သတ္လိုက္တာ ျပည္သူလူထုကို တနည္းအားျဖင့္ စစ္ေၾကညာလိုက္တာ။ ျပည္သူ႔ကိုယ္စားလွယ္ ေဇယ်ာေသာ္ကို သတ္လိုက္တာ ျပည္သူလူထု ေရြးခ်ယ္ထားတဲ့ လူကို သတ္လိုက္တာ။ ဘီလင္းအမတ္ကို မိပါရဲ ႔နဲ႔ ရံုးမတင္ဘဲနဲ႔ သတ္ၿပီးေတာ့ ဗြက္ထဲနစ္ထားတာ ျပည္သူေတြကို စစ္ေၾကညာေနတယ္လို႔ ဒီလိုသတ္မွတ္လို႔ ရေနေၾကာင္းပါ။
===Unicode ===
ကိုဂျင်မီအပါအဝင် နိုင်ငံရေးသမား (၄) ဦးကို သေဒဏ်စီရင်လိုက်တာဟာ ဒီမိုကရေစီအင်အားစုတွေကို ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင်လမ်းကြောင်းဆီ တွန်းပို့လိုက်သလို စစ်ကောင်စီအဖို့လဲ လုံးဝကျဆုံးရေးဘက်ကို ဦးတည်သွားပြီလို့ ပြည်ထောင်စုရှေ့နေများအဖွဲ့ ဦးကြီးမြင့်က ဆိုပါတယ်။ တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေး ။ ။ ဒီနေ့ဖိတ်ခေါ်ရခြင်း အကြောင်းရင်းက ကိုဂျင်မီအပါအဝင် လေးယောက်ကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ ဒီသတင်းဟာ အင်မတန်စိတ်ထိခိုက်စရာကောင်းတဲ့ သတင်း၊ သတင်းဆိုးမို့လို့ လူတချို့ဟာ မယုံကြည်နိုင်လောက်အောင် လက်မခံနိုင်လောက်အောင် ဖြစ်ရတယ်လို့ ထင်ပါတယ်။ ဒါကြောင့်လဲ သူတို့ဟာ ဒါဟာ တကယ်မဖြစ်နိုင်ဘူး။ သတင်းစာထဲမှာသာ ကြေညာတာ၊ လက်တွေ့အထောက်အထား ဘာမှမပြဘူးဆိုပြီးတော့ စောဒကတက်ချင်ကြပါတယ်။ ဒီလိုလူတွေကို ဦးကြီးမြင့် ဥပဒေပညာရှင်တယောက်အနေနဲ့ ဘာပြောချင်ပါလဲ။
ဖြေ ။ ။ အဲဒါကတော့ မယုံကြည်နိုင်စရာ မရှိနိုင်တော့ဘူး။ သူတို့ရဲ့ သတင်းစာ၊ နိုင်ငံပိုင်သတင်းစာတွေ အားလုံးကနေ အကျဉ်းထောင် လက်စွဲဥပဒေနဲ့ ဆောင်ရွက်ပြီစီးကြောင်းဆိုတာကို အတိအလင်း ကြေညာလိုက်တာ ကျနော်တို့ ဥပဒေမျက်စိမှာတော့ ဒါက သတ်ပြစ်လိုက်ပြီ၊ ကြိုးပေးလိုက်ပြီလို့ ပြောရရောက်တယ်။ အဲဒါနဲ့ ပတ်သက်လို့ သံသယမရှိပါနဲ့။ သူတို့လဲပဲ ကမ္ဘာတက်ပြီးတော့ အဲဒီလောက်တော့ မလိမ်လောက်ဘူးလို့ ကျနော် ဒီလိုလဲ မှတ်ချက်ပြုချင်ပါတယ်။
မေး ။ ။ ဦးကြီးမြင့်နဲ့ ကျနော်တို့ သူတို့ရဲ့သေဒဏ်ကို အယူခံပယ်လိုက်ပြီ၊ လုံးဝအတည်ပြုလိုက်ပြီလို့ဆိုတဲ့ သတင်းတွေထွက်လာတုန်းက ပြီးခဲ့တဲ့ တစ်လလောက်က ကျနော်တို့ ဒီဟာကို ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအခါမှာ ကျနော်တို့ သုံးခဲ့တဲ့ အသုံးအနှုန်းက ‘သေဒဏ်နဲ့ ကျားကွက်ရွှေ့ခြင်း ဆိုတော့၊ ဒီကိစ္စကို သူတို့တွေက နိုင်ငံရေးကျားကွက်ရွှေ့ချင်လို့ သေဒဏ်ချမှတ်ထားတာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်ဆိုတော့ အခုကျတော့ သူတို့က လုံးဝကို ပွဲတက်သိမ်းလိုက်ပြီ။ နိုင်ပြီးသွားပြီဆိုတဲ့သဘောနဲ့ လုပ်လိုက်ကြသလား။ ဒီလို သေဒဏ် စီရင်လိုက်တာဟာ။
ဖြေ ။ ။ နိုင်သွားပြီဆိုပြီးတော့ လုပ်တာတော့ မဟုတ်ပါဘူး။ ရှုံးမှာသေချာပြီဆိုပြီးတော့ လုပ်လိုက်တာ။ ဘာဖြစ်လို့ ရှုံးမှာသေချာသလဲဆိုတော့ PDF နဲ့ ဖြစ်တဲ့ တိုက်ပွဲတိုင်းမှာ ရှုံးတယ်။ ဒေသ EAO တွေနဲ့ တိုက်ပွဲတွေမှာ ရှုံးတယ်။ လေယာဉ်တွေ လွှတ်ရတယ်။ စီးပွားရေးက လုံးဝပျက်စီးသွားပြီ။ နောက် နိုင်ငံတကာမိတ်ဆွေတွေက သုည ဖြစ်သွားပြီ။ ဘယ်လောက်ရှက်စရာကောင်းသလဲ။ ရုရှားနိုင်ငံကြီးကို နှစ်ခါသွားတယ်။ ဟိုက လှည့်တောင်မကြည့်ဘူး။ နိုင်ငံခြားရေးဝန်ကြီးအဆင့်လောက်ကတော့ တွေ့ခွင့်ကောင်းတာပေါ့။ ကာကွယ်ရေးဝန်ကြီးအဆင့်တွေ - လုံးဝပဲ အရှက်ကတော့ ကွဲပြီ။ တရုတ်ပြည်ကဆိုရင်လဲ ပြောလိုက်ပြီ - ခင်များတို့ ပြည်သူ့အာဏာကို ပြည်သူကို ပြန်အပ်ပါ။ ၂၀၀၈ ဘောင်အတွင်းကနေ စေ့စပ်ဆွေးနွေးပါလို့ ပြောတယ်။ ASEAN ခေါင်းဆောင်တွေ၊ ဥက္ကဋ္ဌ ခေါင်းဆောင်တွေကလည်း ပြောနေတယ် - ခင်များတို့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ ကိုဂျင်မီတို့တွေကို မသတ်ပါနဲ့။ သတ်လို့ရှိရင် ASEAN နိုင်ငံတွေအတွင်းမှာ သဘောထားတွေ ကွဲကုန်လိမ့်မယ်၊ ဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်လို့ အကြိမ်ကြိမ်မေတ္တာရပ်ခံနေခဲ့တဲ့ကြား၊ ကမ္ဘာ့ကုလအတွင်းရေးမှူးနဲ့ တကမ္ဘာလုံးက မေတ္တာရပ်ခံနေတဲ့ကြားကနေ သတ်တယ်ကွာဆိုပြီး သတ်လိုက်တာဟာ သူတို့ ရှံးတဲ့ဘက်က နေရနေတော့ မထူးတော့ဘူးဆိုပြီး နောက်ဆုံးခြေလမ်းကို လှမ်းလိုက်တာပဲ။
မေး ။ ။ သူတို့အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီအကြီးအကဲက ပြောပါတယ်။ သူတို့အာဏာသိမ်းလိုက်တဲ့ကိစ္စကို အာဏာထိန်းတယ်လား သူတို့ခေါ်တာက အဲဒီကိစ္စကို လူထုက ဒီလောက်အထိ ကန့်ကွက်ဆန့်ကျင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ပြောဖူးတယ်။ ဦးကြီးမြင့် မှတ်မိမယ် ထင်ပါတယ်။ ဆိုတော့ အခုလဲပဲ လူထုက ဒီလောက်ကြီး ဆန့်ကျင်လိမ့်မယ်လို့ မတွက်မိလို့များ သတ်လိုက်သလား။
ဖြေ ။ ။ အဲဒါကတော့ လုံးဝမှားတယ်။ သတ်တော့မယ် သေဒဏ်ကို အတည်ပြုလိုက်ပြီ။ စကစဥက္ကဋ္ဌကြီးကိုယ်တိုင် အတည်ပြုလိုက်ပြီလို့ ပြောတဲ့အချိန်ကနေ အခုတစ်လကျော်အတွင်းမှာ သတ်လိုက်တာ။ ကျနော်ကတော့ ပထမအင်တာဗျူးမှာကတည်းက ပြောတယ်။ ကျနော် စိုးရိမ်တယ်။ ရာခိုင်နှုန်းကတော့ အရမ်းနည်းသွားပြီ။ သို့သော်လဲပဲ မလုပ်တန်ကောင်းဘူးလို့ ထင်တယ်။ တကယ်လို့ လုပ်လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေက အလွန်ကြီးမားပြီးတော့ ပြည်သူလူထုက လုံးဝသည်းခံလိမ့်မယ် မဟုတ်ဘူး။ NUG အစိုးရက သံတမန်နည်းနဲ့ ကြိုးစားနေတယ်။ ဖြစ်နိုင်လို့ရှိရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့ဆန္ဒ သူတို့မှာ ရှိနေတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ ဖြစ်စေချင်တယ်။ ဒါပေမဲ့လို့ ဒီလို ကိုဂျင်မီတို့အုပ်စုလေးကိုသာ သတ်လိုက်မယ်ဆိုရင်တော့ NUG အစိုးရကို ပြည်သူလူထုက ဖိအားပေးရတော့မယ်။ ခင်များတို့ သံတမန်နည်းတွေ တော်တော့၊ စစ်ရေးနဲ့ပဲ တိုက်တော့၊ အနိုင် စစ်နည်းနဲ့တိုက်မှ ဖြုတ်ချမှာပဲ ဒီကောင်တွေကို လုပ်လို့ရတော့မယ်။ နောက်ဆို ဒီကောင်တွေ တယောက်ပြီတယောက် ဆက်သတ်နေမယ်။ NUG အစိုးရကို ဖိအားပေးရာ ရောက်လိမ့်မယ်လို့ ကျနော်ပြောခဲ့ပါတယ်။
မေး ။ ။ အခုန ဦးကြီးမြင့်ပြောတဲ့ တယောက်ပြီတယောက် ထပ်သတ်မယ်ဆိုတာကိုလည်း ကျနော် အဲဒါကိုလဲ မေးချင်ပါတယ်။ ဆိုတော့ အခု ဒီပုဂ္ဂိုလ်တွေကို သေဒဏ်စီရင်ချလိုက်တယ်ဆိုတော့ နောက်သေဒဏ်ချမှတ်ထားခြင်း ခံထားရတဲ့ လူတွေအတွက်ကော ဘယ်လောက်စိုးရိမ်စရာ ရှိပါသလဲ။ သူတို့ဆက်တိုက် ဆက်လုပ်တော့မှာလား။ သို့တည်းမဟုတ် ဆန့်ကျင်မှုတွေကို ကြည့်ပြီးတော့ အဲဒီလုပ်ငန်းကို ရပ်ဆိုင်းသွားမလား။ ဘယ်လုတွေးမိပါသလဲ။
ဖြေ ။ ။ အဲဒီစကားကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် အန်ဒရူးက အဲဒီလိုသာ သတ်လိုက်မယ်ဆိုရင်တော့ ထပ်ထပ်ပြီး သတ်လာမှာကို အင်မတန် စိုးရိမ်ပူပန်မိတယ်လို့ သူက စကစဥက္ကဋ္ဌ အတည်ပြုလိုက်ပြီ သေဒဏ်ပေးတော့မယ်လို့ ပြောတဲ့အချိန်မှာ ပြောတဲ့စကား။ အခု အဲဒီစကားကို ပြန်ပြီးတော့ မစ္စတာအင်ဒရူးက ထောက်တယ်။ ကမ္ဘာ့အဖွဲ့အစည်းတွေကလည်း ပြန်ကောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တော့ ဆုတ်သွားမှာတော့ မဟုတ်ဘူး။ ကျနော်လည်း ပြန်ကောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နောက်တော့ဆုတ်သွားမှာ မဟုတ်ဘူး၊ တန့်သွားမယ်။ ရှုပ်တယ်ကွာ ထပ်လုပ်တယ်ဆိုပြီးတော့ အဲဒီအထဲက ကျော်ပြီးတော့ လုပ်ချင်တဲ့လူတွေ ထပ်လုပ်အုံးမှာ။ အဲဒါကတော့ ယုတ်မာရက်စက်ပါတယ်လို့ အဲဒီလိုပဲ မှတ်ချက်ပြုချင်ပါတယ်။
မေး ။ ။ ဒီဟာရဲ့ ဂယက်ရိုက်ခတ်မှုကို နည်းနည်းကြည့်ရအောင်ပါ။ NUG ဘာတို့က နိုင်ငံရေးအင်အားစုတွေကတော့ သူတို့ရဲ့ လှုပ်ရှားမှုကို အရှိန်မြှင့်လာမှာ သေချာပါတယ်။ လူထုရဲ့ တုံ့ပြန်မှုကိုတော့ ဘယ်လို မျှော်လင့်လို့ ရပါသလဲ။
ဖြေ ။ ။ အခု မြေအောက်အဖွဲ့တွေကလည်း ကြေညာချက်တွေ စထုတ်လာကြတယ်။ PDF တွေကလည်း ထုတ်ပြီ။ EAO တွေကလည်း သူတို့သဘောထားတွေကို ပြောလာတယ်။ အဲဒီဟာတွေအရ ဆိုရင်တော့ သူတို့လက်တုံ့ပြန်မှာ သေသေချာချာ လက်တုံ့ပြန်မလား။ လူထုကြီးက အင်မတန်မှ စိတ်အားညှိငယ်ပြီးတော့၊ တခါတရံ လူထုတရပ်လုံး စိတ်မချမ်းမသာဖြစ်၊ ဝမ်းနည်းကျေကွဲနေကြတယ်။ ဒါက အတိအကျပဲ။ သူတို့ရဲ့ လက်တစုပ်စာ လူတွေကတော့ ဝမ်းသာနေသလားတော့ မသိဘူး။ ပြောချင်တာကတော့ အဲဒီလို မပြောဘူးဆိုရင်တော့ အားလုံးဝမ်းနည်းနေတယ်ဆိုတာ သေချာတယ်။ NLD လူကြီးတွေက မေတ္တာရပ်ခံတယ် လူငယ်တွေကို အလောသုံးဆယ် မလုပ်နဲ့နော်။ ရှေ့တခေါက် မလောနဲ့နော်။ ရန်သူထောက်ချက်ထဲ ဝင်သွားမှာစိုးလို့။ ရန်သူကတော့ အခုအချိန်မှာ အသင့်အနေအထားနဲ့ ပြင်ထားတာ - ပစ်မှာ၊ သတ်မှာ - အသင့်အနေအထား ပြင်ထားတာ လမ်းထောင့်တွေ အကုန်လုံး Cover တွေနဲ့။ အဲဒီအထဲမှာ ခလေးတွေကို မသေစေချင်တော့လို့ လူကြီးတွေက ထိန်း။ ဒါပေမဲ့ တစ်ခုသာတာနဲ့ ဟိုတုန်းက မြောက်ဒဂုံမှာ စချပြီ။ ဒါမျိုးတွေ ရှိလာပြီ။ EAO ကလည်း ပိုသဘောပေါက်သွားပြီး မြန်မာလူထုနဲ့ NUG နဲ့ PDF တို့ ပူးပေါင်းပြီးတော့ အလားအလာ ပိုမြှင့်သွားပြီ။ နောက် NUG သမ္မတကြီးကိုယ်တိုင်လည်း စစ်ရေးနဲ့ လုပ်မှ ရတော့မယ်ဆိုပြီး ပြောလာတယ်။
မေး ။ ။ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဘက်က သတ်တဲ့လူ၊ နောက်ပြီးတော့ သူတို့ခုခံချင်တဲ့၊ သူတို့က ဒလန်ဆိုပြီးတော့ သတ်ခံရတဲ့လူ စသည်ဖြင့် သေတဲ့လူတွေ အများကြီးရှိပါတယ်ဆိုတော့ အဲဒီမှာ သက်ဆုံးရှုံးသွားတဲ့လူတွေနဲ့ အခုကြိုးပေးပြီးတော့ သေဒဏ်စီရင်ခြင်း ခံရတဲ့ လူတွေနဲ့ အဖြစ်အပျက်နှစ်ခုကို ဘယ်လို နှိုင်းယှဉ်လိုပါသလဲ။
ဖြေ ။ ။ ဟိုဟာက စစ်မြေပြင်မှာ ဖြစ်တာ။ စစ်သုံပန်တွေကို စစ်သုံပန်ဥပဒေနဲ့အညီ အရေးမယူဘဲနဲ့ သတ်ပစ်တာ။ နောက်ကြားထဲက ပြည်သူလူထုကို သတ်ပြစ်ပြီးတော့ ရွာတွေအိမ်တွေကို မီးနဲ့ရှို့ပစ်တာ။ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ဒါက ပံစံတရပ်။ ဒါက တရားဝင်ဖမ်းပြီးတော့ တရားရုံးကို ဥပဒေနဲ့အညီ ပြည်သူလူထုရှေ့မှာ စစ်ဆေးပြီးတော့ စီရင်ချက်ချမယ်ဆိုရင် ပြဿနာ မရှိဘူး။ အဲဒီလို မဟုတ်ဘဲနဲ့ သူတို့ကိုယ်သူတို့ စစ်ခုံရုံးဖွဲ့တယ်။ သူတို့ဘာသာ သူတို့ ဖွင့်တယ်။ သူတို့သက်သေ သူတို့ခံတယ်။ ဒီဘက်က ရှေ့နေငှားဖို့ မလွတ်လပ်ဘူး။ ဥပဒေရေး အခွင့်အရေးတွေ ဆုံးရှုံးတာ မတူဘူး။ နှိုင်းယှဉ်ပြောလို့ မရဘူး။ ဆိုးတာက နှစ်ခုစလုံး ဆိုးတယ်။ အဲဒါကြောင့်မို့ ဒီဟာကတော့ ပိုပြီးဆိုးတာက ပြည်သူလူထုရဲ့ မျက်စိရှေ့မှောက်၊ ကမ္ဘာ့ရှေ့မှောက်မှာ မျက်ဝါးထင်ထင် ပိုပြီးပြောနိုင်ဆိုနိုင်၊ ပိုပြီတော့ စိတ်ထိခိုက်တယ်ဆိုတာ အဲဒီလိုပြောလို့ရတယ်။
မေး ။ ။ စစ်ကောင်စီဘက်က အချို့ကတော့ သူတို့ဘက်ကလူတွေလဲ သေခဲ့ရတာပဲ။ သူတို့ကို ဆန့်ကျင်တဲ့ လူတွေရဲ့ လွဲမှားစွာ သတ်ဖြတ်မှုကြောင့် ပြည်သူတွေလည်း သေကြတယ်လို့ ပြောကြတယ်။ အဲဒီကိစ္စကို ဘယ်လိုထည့်သွင်းစဉ်းစားထားသလဲ။
ဖြေ ။ ။ အခုလို ဖမ်းမိပြီးမှ သတ်ပစ်တယ်ဆိုတာကို သူတို့ အထောက်အထား မပြနိုင်ဘူး။ ကမ္ဘာကိုလည်း မပြနိုင်ဘူး။ မြန်မာကိုလည်း မပြနိုင်ဘူး။ ဗမာလူတွေက အဲဒါကို သိလဲမသိဘူး။ ဒါပေမဲ့လို့ စစ်မြေပြင်မှာ ဖြစ်ပျက်တဲ့အခါမှာ သူတို့ဘက်ကမိတဲ့ သုံပန်တွေ၊ သူတို့ဘက်ကမိတဲ့ PDF ရွာတွေကို ဖျက်တယ်။ ရက်ရက်စက်စက် သတ်တယ်။ သူတို့ဘက်က စစ်မြေပြင်မှာ မိတဲ့လူတွေကို မသတ်ဘူး။ မသတ်ဘူး၊ လုံခြုံတဲ့နေရာ ပိုပေးတယ်။ အဲဒါတွေကို အထောက်အထားတွေနဲ့ ပြနိုင်တယ်။ ဒါပေမဲ့ သူတို့လူတွေလည်း သေပါတယ်ဆိုတဲ့ဟာက ဘယ်လိုဖြစ်လဲဆိုတော့ စစ်ဖြစ်နေတဲ့အခါမှာ သူ့ရွာ ပျူစောထီးရွာတွေကို PDF တွေက လုံခြုံရေးကာကွယ်ရေးအတွက် တိုက်တယ်။ ဟိုဘက်ကလဲ ဒီဘက်ကိုတိုက်တယ်။ အဲဒီလို တိုက်ရင်ပြုရင်နဲ့ သေကြတယ်။ နောက်တခုက သူတို့ တန်ပြန်အဖျက်အမှောင့်လုပ်ငန်းတွေလည်း ပါတယ်။ ၈၈ တုန်းကလည်း ပါတာပဲ။ ခင်များတို့ ကျနော်တို့ သိတယ်။ တန်ပြန်အဖျက်အမှောင့်တွေ တချို့တွေမှာဆို ရန်ကုန်မြို့မှာရှိတဲ့ အထကကျောင်းတွေကို ဗုံးခွဲတယ်ဆိုတာ PDF ကို လွှဲချတာ။ တချို့က စိတ်ဓါတ်စစ်ဆင်ရေး - ပညာရေးကို နှောင့်ယှက်နေမယ်ဆိုတာကို ပြောချင်လို့။ နောက် မြေနီကုန်လိုဟာ။ အိမ်မှာ ဗုံးခွဲတာတွေ ဘယ်လိုလို့ ခွဲမလဲ။ လုံခြုံရေးကြပ်လိုက်တာ။ အဲဒီလိုမျိုးတွေ ရှိတယ်။
မေး ။ ။ တကယ်တော့ နိဂုံးချုပ်ပြောရမယ်ဆိုရင် အခုစစ်ကောင်စီက သတ်လိုက်တဲ့လူက လေးယောက်သာ ဖြစ်ပေမဲ့ ဒီလုပ်ရပ်ကြောင့် ထိခိုက်နာကျင်ရတဲ့ လူတွေကတော့ တတိုင်းပြည်လုံးအနံ့ဆိုရင် မှားမယ်မဟုတ်ဘူးဆိုတဲ့ သဘောပါ။
ဖြေ ။ ။ ဟုတ်တယ်။ လုပ်တော့မှာ။ အခု ဂျင်မီတို့ကို သတ်လိုက်တာ ပြည်သူလူထုကို တနည်းအားဖြင့် စစ်ကြေညာလိုက်တာ။ ပြည်သူ့ကိုယ်စားလှယ် ဇေယျာသော်ကို သတ်လိုက်တာ ပြည်သူလူထု ရွေးချယ်ထားတဲ့ လူကို သတ်လိုက်တာ။ ဘီလင်းအမတ်ကို မိပါရဲ့နဲ့ ရုံးမတင်ဘဲနဲ့ သတ်ပြီးတော့ ဗွက်ထဲနစ်ထားတာ ပြည်သူတွေကို စစ်ကြေညာနေတယ်လို့ ဒီလိုသတ်မှတ်လို့ ရနေကြောင်းပါ။