ျမန္မာ့အေရး ႏိုင္ငံတကာ ႀကိဳးပမ္းမႈေတြ မလုံေလာက္ (ကုလအထူးကိုယ္စားလွယ္)
{{Zawgyi/Unicode}}
ျမန္မာ့အေရး ေျဖရွင္းဖို႔ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕ ႀကိဳးပမ္းမႈေတြဟာ လုံေလာက္မႈ မရွိဘူးလို႔ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tomas Andrews က ေျပာလိုက္ပါတယ္။
ကုလသမဂၢ လံုျခံဳေရး ေကာင္စီက ျမန္မာ့အေရး ဆံုးျဖတ္ခ်က္ တရပ္ကို စဥ္းစားသံုးသပ္မလားဆိုတာကို ျမန္မာ လူထုက ေမွ်ာ္လင့္ေနၾကဆဲပါ။ တခ်ိဳ႕ အဖြဲ႔၀င္ ႏိုင္ငံေတြကေတာ့ တျခားေသာ ပဋိပကၡေတြ အတြက္ ဒဏ္ခတ္ အေရးယူမႈေတြ ခ်မွတ္ ေဆာင္ရြက္ထားေပမယ့္လည္း စစ္ေကာင္စီ အေပၚ ဒဏ္ခတ္ပိတ္ဆို႔ေရးမွာေတာ့ ပ်က္ကြက္ေနၾကပါတယ္။ စစ္ေကာင္စီ အတြက္ ဘ႑ာေငြ အမ်ားစု ရေနတဲ႔ အရင္းအျမစ္ေတြကို ပစ္မွတ္ထားဖို႔နဲ႔ ေငြေၾကးေတြ မလႊဲေျပာင္းႏိုင္ေရး ေဆာင္ရြက္ဖို႔ အမ်ားအျပားက ပ်က္ကြက္ေနၾကပါတယ္။ အာဆီယံရဲ႕ ဘံုသေဘာတူညီခ်က္ ၅ ရပ္ဟာလည္း လက္ဆုပ္လက္ကိုင္ ျပႏိုင္တဲ႔ ရလဒ္မ်ိဳး မထုတ္ႏိုင္ပါဘူး။" လို႔ ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ က ဆြစ္ဇာလန္ ႏိုင္ငံ ဂ်ီနီဗာ ကုလသမဂၢ ဌာနခ်ဳပ္မွာ လုပ္တဲ႔ အႀကိမ္ ၅၀ ေျမာက္ လူ႔အခြင့္အေရး ေကာင္စီ ညီလာခံမွာ ေျပာဆိုလိုက္တာပါ။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကေလးေတြ အေပၚ တုန္လႈပ္ေျခာက္ျခားဖြယ္ အၾကမ္းဖက္မႈေတြမွာ ျမန္မာ စစ္တပ္မွာ တာ၀န္ရွိတယ္လို႔လည္း အထူးကိုယ္စားလွယ္ Tom Andrews က ေျပာဆိုခဲ႔ပါတယ္။ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ေသဆံုး ဒါမွမဟုတ္လည္း ဒဏ္ရာရခဲ႔တဲ႔ ကေလးငယ္ အနည္းဆံုး ၃၈၂ ဦး ရွိၿပီး ကေလးငယ္ ၁,၄၀၀ ဟာ တရားဥပေဒမဲ႔ ဖမ္းခံထားရေၾကာင္းလည္း သူက တင္ျပသြားပါတယ္။ ႏိုင္ငံတြင္းမွာ ပံုမွန္ ကာကြယ္ေဆး တိုက္ေကြ်းမႈ လုပ္ငန္းေတြ ပ်က္ကြက္တာေၾကာင့္ ဒီႏွစ္ တႏွစ္တည္းမွာတင္ ကေလးငယ္ ၃၃,၀၀၀ ေလာက္ဟာ မေသဆံုးသင့္ဘဲ ေသဆံုးသြားႏိုင္ေၾကာင္းလည္း သူက သတိေပးပါတယ္။
ေသဆံုးသူ အရပ္သား ၂,၅၀၀ ေက်ာ္ထိ ရွိသြားၿပီ ျဖစ္ၿပီး ႏိုင္ငံတြင္း အိုးအိမ္စြန္႔ထြက္ေျပးရသူက တသန္းေက်ာ္ထိ ရွိေနေၾကာင္း ျမန္မာ ကိုယ္စားလွယ္ မရွိတဲ႔ ဂ်ီနီဗာ ကုလသမဂၢ ဌာနခ်ဳပ္က ညီလာခံမွာ ျမန္မာ႔ လူ႔အခြင့္အေရးဆိုင္ရာ အထူးကိုယ္စားလွယ္က ေျပာဆိုခဲ႔ပါတယ္။
တရားဥပေဒမဲ႔ ဖမ္းခံထားရတဲ႔ ႏိုင္င့ေရး အက်ဥ္းသား ၁၁,၀၀၀ ေက်ာ္ ရွိေနၿပီး ေသဒဏ္ စီရင္ခ်က္ ခ်မွတ္ခံထားရသူေတြ အေရး စိုးရိမ္ဖြယ္ ရွိေနတာကိုလည္း သူက ေထာက္ျပပါတယ္။
..............................................................
မြန်မာ့အရေး နိုင်ငံတကာ ကြိုးပမ်းမှုတွေ မလုံလောက် (ကုလအထူးကိုယ်စားလှယ်)
{{Zawgyi/Unicode}}
မြန်မာ့အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုတွေဟာ လုံလောက်မှု မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Andrews က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာ့အရေး ဆုံးဖြတ်ချက် တရပ်ကို စဉ်းစားသုံးသပ်မလားဆိုတာကို မြန်မာ လူထုက မျှော်လင့်နေကြဆဲပါ။ တချို့ အဖွဲ့ဝင် နိုင်ငံတွေကတော့ တခြားသော ပဋိပက္ခတွေ အတွက် ဒဏ်ခတ် အရေးယူမှုတွေ ချမှတ် ဆောင်ရွက်ထားပေမယ့်လည်း စစ်ကောင်စီ အပေါ် ဒဏ်ခတ်ပိတ်ဆို့ရေးမှာတော့ ပျက်ကွက်နေကြပါတယ်။ စစ်ကောင်စီ အတွက် ဘဏ္ဍာငွေ အများစု ရနေတဲ့ အရင်းအမြစ်တွေကို ပစ်မှတ်ထားဖို့နဲ့ ငွေကြေးတွေ မလွှဲပြောင်းနိုင်ရေး ဆောင်ရွက်ဖို့ အများအပြားက ပျက်ကွက်နေကြပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ရလဒ်မျိုး မထုတ်နိုင်ပါဘူး။" လို့ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် က ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ အကြိမ် ၅၀ မြောက် လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ပြောဆိုလိုက်တာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးတွေ အပေါ် တုန်လှုပ်ခြောက်ခြားဖွယ် အကြမ်းဖက်မှုတွေမှာ မြန်မာ စစ်တပ်မှာ တာဝန်ရှိတယ်လို့လည်း အထူးကိုယ်စားလှယ် Tom Andrews က ပြောဆိုခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သေဆုံး ဒါမှမဟုတ်လည်း ဒဏ်ရာရခဲ့တဲ့ ကလေးငယ် အနည်းဆုံး ၃၈၂ ဦး ရှိပြီး ကလေးငယ် ၁,၄၀၀ ဟာ တရားဥပဒေမဲ့ ဖမ်းခံထားရကြောင်းလည်း သူက တင်ပြသွားပါတယ်။ နိုင်ငံတွင်းမှာ ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးမှု လုပ်ငန်းတွေ ပျက်ကွက်တာကြောင့် ဒီနှစ် တနှစ်တည်းမှာတင် ကလေးငယ် ၃၃,၀၀၀ လောက်ဟာ မသေဆုံးသင့်ဘဲ သေဆုံးသွားနိုင်ကြောင်းလည်း သူက သတိပေးပါတယ်။
သေဆုံးသူ အရပ်သား ၂,၅၀၀ ကျော်ထိ ရှိသွားပြီ ဖြစ်ပြီး နိုင်ငံတွင်း အိုးအိမ်စွန့်ထွက်ပြေးရသူက တသန်းကျော်ထိ ရှိနေကြောင်း မြန်မာ ကိုယ်စားလှယ် မရှိတဲ့ ဂျီနီဗာ ကုလသမဂ္ဂ ဌာနချုပ်က ညီလာခံမှာ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။
တရားဥပဒေမဲ့ ဖမ်းခံထားရတဲ့ နိုင်င့ရေး အကျဉ်းသား ၁၁,၀၀၀ ကျော် ရှိနေပြီး သေဒဏ် စီရင်ချက် ချမှတ်ခံထားရသူတွေ အရေး စိုးရိမ်ဖွယ် ရှိနေတာကိုလည်း သူက ထောက်ပြပါတယ်။