သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump မဲဆွယ်ပွဲပစ်ခတ်မှု ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်များ


အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးနေစဥ် သေနတ်ပစ်ခံရပြီးနောက် အမေရိကန်ထောက်လှမ်းရေးတွေဝိုင်းရံခေါ်ဆောင်သွားရာကို လိုက်ပါသွားစဥ်။ (ဇူလိုင် ၁၃၊ ၂၀၂၄)
အမေရိကန်သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးနေစဥ် သေနတ်ပစ်ခံရပြီးနောက် အမေရိကန်ထောက်လှမ်းရေးတွေဝိုင်းရံခေါ်ဆောင်သွားရာကို လိုက်ပါသွားစဥ်။ (ဇူလိုင် ၁၃၊ ၂၀၂၄)

သမ္မတဟောင်း Donald Trump ကိုလုပ်ကြံဖို့ကြိုးစားခဲ့တဲ့လုပ်ရပ်ကို ကမ္ဘာ့ခေါင်းဆောင်တွေ ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြပါတယ်။ အဲဒီထဲမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ သြစတေးလျ၊ သြစတီးရီးယား ၊ ဘရာဇီးလ်၊ တရုတ်နိုင်ငံတို့အပြင် အီဂျစ်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ အစ္စရေးလ်၊ အီတလီ၊ ဂျပန်၊ မက္ကဆီကို စတဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်အတော်များများပါဝင်ကြပါတယ်။

မတူကွဲပြားမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာဖို့၊ နိုင်ငံရေးအရ အကြမ်းဖက်မှုတွေကို လူမှုအသိုင်းအဝိုင်းကလက်မခံကြဖို့ပြောဆိုခဲ့ကြသလို ဒီတိုက်ခိုက်မှုဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်တာဖြစ်ပြီး ဒီမိုကရေစီစနစ်ကို စိန်ခေါ်လာတဲ့ ခုလို လုပ်ရပ်မျိုးကို ဆန့်ကျင်ကြရမယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။ သမ္မတဟောင်း Trump အမြန်ဆုံးသက်သာပျောက်ကင်းပြီး မဲဆွယ်ပွဲတွေပြန်စနိုင်ဖို့ နိုင်ငံခေါင်းဆောင်တွေက ပြောဆိုရေးသားခဲ့ကြတာပါ။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်က Trump ကို ဖုန်းဆက်သတင်းမေးဖို့ လောလောဆယ် အစီအစဥ်မရှိပေမယ့် လုပ်ကြံသတ်ဖြတ်ဖို့ကြိုးခဲ့တာဟာ လက်ရှိအမေရိကန်အစိုးရရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကပြောဆိုပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ စနေနေ့ (ဇူလိုင် ၁၃) က ရွေးကောက်ပွဲမဲဆွယ်နေတဲ့ Trump ကိုလုပ်ကြံဖို့ကြိုးပမ်းခဲ့တာမှာ တက်ရောက်လာသူ တဦးသေဆုံးပြီး ဒဏ်ရာပြင်းထန်သူ ၂ ဦးရှိခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်းဖြစ်ဖို့ သေချာသလောက်ရှိနေတဲ့ Trump ကတော့ သူ့ရဲ့ညာဖက် နားရွက်ဖျားကို သေနတ်ထိမှန်ခဲ့ပေမယ့် အခြေအနေကောင်းမွန်နေပါတယ်လို့ သူ့ရဲ့မဲဆွယ်စည်းရုံးရေးအဖွဲ့ကပြောပါတယ်။

Forum

XS
SM
MD
LG