သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး ခိုင်ခိုင်မာမာရပ်တည်ဖို့ သမ္မတဟောင်း Trump တိုက်တွန်း


ရီပတ်ဘလီကင်ပန်ပါတီရဲ့ သမ္မတဟောင်းလည်းဖြစ်၊ လက်ရှိ သမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့လုပ်ကြံခံရပြီးနောက် အမေရိကန်ထောက်လှမ်းရေးများက ဝိုင်းရံထားစဥ်။ (ဇူလိုင် ၁၃၊ ၂၀၂၄)
ရီပတ်ဘလီကင်ပန်ပါတီရဲ့ သမ္မတဟောင်းလည်းဖြစ်၊ လက်ရှိ သမ္မတကိုယ်စားလှယ်လောင်းလည်းဖြစ်တဲ့ ဒေါ်နယ်ထရမ့်ကို သေနတ်နဲ့လုပ်ကြံခံရပြီးနောက် အမေရိကန်ထောက်လှမ်းရေးများက ဝိုင်းရံထားစဥ်။ (ဇူလိုင် ၁၃၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုမှာ ဆိုးသွမ်းရက်စက်မှုတွေ အနိုင်ရမသွားအောင် တနိုင်ငံလုံး ခိုင်မာစွာဆက်လက်ရပ်တည်ရေးဟာ အရင်ကထက် ပိုပြီးအရေးကြီးလာပြီလို့ သမ္မတဟောင်း Donald Trump က တနင်္ဂနွေနေ့မှာပြောပါတယ်။

သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံရပြီး နောက်တနေ့မှာ Trump က အဲဒီလိုပြောဆိုခဲ့တာပါ။ သူ့အတွက် ဆုတောင်းမေတ္တာပို့သူအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ ဘုရားသခင်ကြောင့် အသက်ဘေးကလွတ်ခဲ့ရတာလို့လည်း Trump ကသူ့ရဲ့ Truth Social လူမှုစာမျက်နှာမှာရေးပါတယ်။ နိုဝင်ဘာ ၅ ရက်နေ့မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်းအဖြစ် Trump ကို ဒီသီတင်းပတ်ထဲမှာ တရားဝင်ရွေးချယ်ဖို့ရှိနေပါတယ်။ ပင်ဆဲလ်ဗေးနီးယားပြည်နယ်မဲဆွယ်ပွဲမှာ Trump ကိုလုပ်ကြံဖို့ကြိုးပမ်းခဲ့တဲ့ နောက်ခံအကြောင်းရင်းကို စုံစမ်းနေဆဲပဲလို့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI ကပြောပါတယ်။

ဒါဟာ နှစ်ပေါင်း၄၀ အတွင်း အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တယောက်အပေါ် နိုင်ငံရေးအရ အကြမ်းဖက်တဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။

ပင်ဆဲလ်ဗေးနီးယားပြည်နယ်၊ Bethel Park မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် Thomas Matthew Crooks ဟာ ခုလုပ်ကြံပစ်ခတ်မှုမှာ ပါဝင်ပတ်သက်ခဲ့သူဖြစ်တယ်လို့ လည်းFBI ကပြောပါတယ်။ မဲဆွယ်စည်းရုံးရေးကျင်းပတဲ့နေရာအနီးက အဆောက်အအုံခေါင်မိုးတခုပေါ်မှာ လူတယောက် သေနတ်နဲ့တွားသွားနေတာကို မျက်မြင်တွေ့ခဲ့သူတွေက ရဲကိုအော်ဟစ်သတိပေးခဲ့ပေမယ့် ဘာမှအကျိုးမထူးခဲ့ဘူးလို့ ပြောပါတယ်။

Forum

XS
SM
MD
LG