သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump ကို လုပ်ကြံဖို့ကြိုးစားမှု FBI ဦးဆောင်စစ်ဆေးနေ


သမ္မတလောင်းမဲဆွယ်စည်းရုံးပွဲအတွင်း သေနတ်နဲ့လုပ်ကြံခံရတဲ့ ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်။ (၀၇/၁၃/၂၀၂၄)
သမ္မတလောင်းမဲဆွယ်စည်းရုံးပွဲအတွင်း သေနတ်နဲ့လုပ်ကြံခံရတဲ့ ရီပတ်ဘလီကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်။ (၀၇/၁၃/၂၀၂၄)

ထရမ့်ကိုလုပ်ကြံတာ ဘာကြောင့် ဘယ်လို-ဆိုတဲ့အဖြေတွေကို ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ထိပ်တန်းဦးစားပေး ရှာဖွေနေဆဲဖြစ်ပါတယ်။

လုပ်ကြံသူလို့ စွပ်စွဲခံရသူဟာ အသက် ၂၀ အရွယ်အမျိုးသား Thomas Matthew Crooks ဖြစ်ပြီး၊ ပင်န်ဆယ်ဗေးနီးယား ပြည်နယ် Bethel Park မှာ နေထိုင်သူတဦးဖြစ်တယ်လို့ တနင်္ဂနွေနေ့အစောပိုင်းမှာ အက်ဖ်ဘီအိုင်က ပြောပါတယ်။ Bethel Park ဟာ လုပ်ကြံမှုဖြစ်ပွါးရာ Butler ရဲ့ မြောက်ဘက် ကီလိုမီတာ ၈၀ အကွာမှာ ရှိတာပါ။ Crooks ရဲ့ ကားနဲ့ အိမ်ကိုရှာဖွေရာမှာ ဗုံးလုပ်တဲ့ပစ္စည်းတွေကိုတွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောကြောင်း The Wall Street Journal က ပထမဆုံး သတင်းရေးခဲ့ပါတယ်။

သူပစ်ခဲ့တဲ့သေနတ်က AR ပုံစံ ရိုင်ဖယ်သေနတ်ဖြစ်ပြီး သူ့အဖေကဝယ်ခဲ့တာပါ။ ဒါပေမဲ့ Crooks က သူ့အဖေဆီက ဘယ်လိုရခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။ ခုလိုပစ်ခတ်ရတဲ့ စေ့ဆော်ချက်ကဘာလဲဆိုတာ မသိသေးပါဘူးလို့ အက်ဖ်ဘီအိုင် အထူးတာဝန်အပေးခံထားရသူ Kevin Rojek က ပြောပါတယ်။ ပစ်ခဲ့သူက တယောက်တည်းလုပ်ခဲ့သလားဆိုတာလည်း မဆုံးဖြတ်နိုင်သေးကြောင်း စနေနှောင်းပိုင်း သတင်းစာရှင်းလင်းပွဲမှာ Rojek က ပြောပါတယ်။

Crooks ဟာ ရီပါဘလီကန်အဖြစ် မှတ်ပုံတင်ထားသူဖြစ်ပေမဲ့ ဘိုင်ဒန်သမ္မတအဖြစ် ကျမ်းကျိန်တဲ့နေ့မှာ လစ်ဘရယ်အဖွဲ့တဖွဲ့ကို ၁၅ ဒေါ်လာလှူခဲ့ဖူးတဲ့ မှတ်တမ်းတွေ့ရှိရပါတယ်။

Forum

XS
SM
MD
LG