သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီကို ဂုဏ်ပြုတဲ့ ရွှေဘောလုံးအင်္ကျီ


ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီ (Lionel Messi) ကိုဂုဏ်ပြုပြီး ရွှေနဲ့ တစိတ်တပိုင်း ယက်ထားတဲ့ ဘောလုံးအင်္ကျီကို ပြသထားသည့် တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) အသင်းရဲ့ ဘောလုံးကွင်းမှာဖွင့်ထားတဲ့ အနုပညာနဲ့ ဘောလုံးပြခန်း OOF

အင်္ဂလိပ်ပရီးမီးယားလိဂ်အသင်းတခုဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါး (Tottenham Hotspur) အသင်းရဲ့ ဘောလုံးကွင်းမှာဖွင့်ထားတဲ့ အနုပညာနဲ့ ဘောလုံးပြခန်း OOF မှာ ကမ္ဘာကျော် ဘောလုံးသမား လီယွန်နယ် မက်ဆီ (Lionel Messi) ကိုဂုဏ်ပြုပြီး ရွှေနဲ့ တစိတ်တပိုင်း ယက်ထားတဲ့ ဘောလုံးအင်္ကျီကို အဓိကထားပြသထားပါတယ်။ ဘောလုံးပွဲပြီးရင် ဘောလုံးသမားတွေ အပေါ်အင်္ကျီကို ချွတ်ကြလေ့ရှိတဲ့ အလေ့အထကို ခေါင်းစဉ်လုပ်ပြီး “Tops Off: A Century of Football Shirt Art” အောင်မြင်မှုကို ဆွတ်ခူးခဲ့သူတွေရဲ့ ရာစုနှစ် ‌ဘောလုံး အင်္ကျီ အနုပညာခေါင်းစဉ်ဆိုပြီး ပြသထားတာပါ။

ဒီပြခန်းမှာ မက်ဆီကို ဂုဏ်ပြုထားတဲ့ ဘောလုံးအင်္ကျီအပြင် နာမည်ကျော် ဘောလုံးအင်္ကျီ အရောင်းဆိုင်တွေ၊ အနုပညာရှင်တွေ သိမ်းဆည်းထားတဲ့ သမိုင်းဝင် ရှားပါး အားကစားအင်္ကျီတွေကိုလည်း တွေ့ရပါတယ်။ ဘောလုံးသမားတွေဝတ်တဲ့အားကစားအင်္ကျီတွေကို အနုပညာတွေလက်ရာတွေအဖြစ် ဖန်တီးထားတဲ့ ဖန်တီးမှုတွေကို OOF ပြခန်းမှာပြသထားပါတယ်။

ဆီုဗီယက်ပြည်ထောင်စု ခေတ်က နာမည်ကျော် ဒီဇိုင်းပညာရှင်တွေ ဖန်တီးခဲ့တဲ့ အစွန်းရောက် တယူသန်ဆန်တဲ့ ဘောလုံးအင်္ကျီ ဒီဇိုင်းတွေ၊ နောက်ပိုင်း အမျိုးသားရေး လက္ခာဏာ တရပ်အဖြစ် ထင်ဟတ်စေတဲ့ ပြောင်းလဲလာတဲ့ ပုံစံတွေ၊ ကိုယ့်ဘက်ကို တဖက်သတ် အားပေးပြီး ပဋိပက္ခနဲ့ ကွဲလွဲချက်တွေကို ထင်ဟပ်တဲ့ ဒီဇိုင်းတွေလည်း ပါဝင်ပြီး နိုင်ငံတချို့ရဲ့ ပြောင်းလဲလာတဲ့ သမိုင်းကြောင်းတွေနဲ့လည်း ယှဉ်တွဲပြသထားပါတယ်။

ပြတိုက် ဒုတိယထပ် အခန်းနံရံတွေမှာ စီးကရက်ဗူးခွံတွေနဲ့ လုပ်ထားတဲ့ အားကစားအင်္ကျီပုံစံ သေးသေးလေးတွေနဲ့ နံရံကို ပုံဖေါ်ထားပါတယ်။ ဘောလုံးအင်္ကျီချုပ်တဲ့ Canvas စတွေနဲ့ တခြား ဒီဇိုင်းတွေနဲ့ ပုံဖေါ်ထားတဲ့ အနုပညာ ဖန်တီးမှုတွေလည်း တွေ့ရပါတယ်။ ဇွန်လ ၁၃ ရက်နေ့က စပြခဲ့တဲ့ ပြပွဲကို English Premier League ဘောလုံးပွဲရာသီအကုန် စက်တင်ဘာ ၂၈ ရက်နေ့အထိ ပြသထားမှာ ဖြစ်ပါတယ်။

မက်ဆီကို ဂုဏ်ပြုတဲ့ ရွှေဘောလုံးအင်္ကျီ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG