သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Messi နဲ့ Yamal ငယ်စဉ်က ဓါတ်ပုံ


Messi နဲ့ Yamal ငယ်စဉ်က ဓါတ်ပုံ
please wait

No media source currently available

0:00 0:01:44 0:00

လွန်ခဲ့တဲ့ ၁၇ နှစ်နီးပါးက ပရဟိတ ရန်ပုံငွေ ရှာတဲ့ ပြက္ခဒိန်တခုမှာ ဓါတ်ပုံအတူ တွဲရိုက်ခဲ့ကြတဲ့ လူငယ် ဘောလုံးသမားလေး Lionel Messi နဲ့ ကလေးငယ်လေး တို့ နှစ်ဦးလုံးဟာ ဒီကနေ့မှာတော့ လူတွေ ထင်မှတ် မထားလောက်အောင် ကမ္ဘာကျော် ဘောလုံးသမားတွေ ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ ၁၇ နှစ်နီးပါးက ပရဟိတ ရန်ပုံငွေ ရှာတဲ့ ပြက္ခဒိန်တခုမှာ ဓါတ်ပုံအတူ တွဲရိုက်ခဲ့ကြတဲ့ လူငယ် ဘောလုံးသမားလေး Lionel Messi နဲ့ ကလေးငယ်လေး တို့ နှစ်ဦးလုံးဟာ ဒီကနေ့မှာတော့ လူတွေ ထင်မှတ် မထားလောက်အောင် ကမ္ဘာကျော် ဘောလုံးသမားတွေ ဖြစ်လာပါတယ်။ အဲ့ဒီအချိန်က ဆံပင်ရှည်ရှည်နဲ့ လူငယ်လေး Messi ဟာ တနေ့မှာ နာမည်ကြီး ဘောလုံးသမား တယောက် ဖြစ်လာမယ်ဆိုတာ သူ သေချာ သိခဲ့ပေမဲ့၊ ဓါတ်ပုံထဲက ကလေးငယ်လေးကိုတော့ အဲ့ဒီလို မတွေးမိခဲ့ဘူးလို့ ဓာတ်ပုံဆရာ Joan Monfort က ပြောပါတယ်။ လတ်တလော အွန်လိုင်းမှာ အကြီးအကျယ် ပျံ့နေတဲ့ ဓာတ်ပုံထဲက ကလေးငယ်ဟာ ခုဆိုရင် အသက် ၁၆ နှစ် ရှိပြီဖြစ်ပြီး စပိန် ဘောလုံးအသင်းမှာ နာမည်ကြီးနေတဲ့ Lamine Yamal ပဲ ဖြစ်ပါတယ်။ သူဟာ စပိန်အသင်းရဲ့ အသက်အငယ်ဆုံး ဘောလုံးသမား ဖြစ်ရုံမက လက်ရှိ ဂျာမနီ နိုင်ငံမှာ ကျင်းပနေတဲ့ ဥရောပ ချန်ပီယံပွဲတွေမှာလည်း အသက် အငယ်ဆုံး အားကစားသမား ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က ရိုက်ခဲ့ပြီး အချိန်အတော်ကြာ လူတွေ မေ့ထားခဲ့တဲ့ Messi နဲ့ Yamal တို့ရဲ့ ဓာတ်ပုံကိုတော့ Yamal ရဲ့ ဖခင်က “သမိုင်းတွင်မယ့် လူနှစ်ဦးရဲ့ အစ” ဆိုတဲ့ စာသားနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က Instagram မှာ တင်လိုက်ပြီးတဲ့နောက် ကမ္ဘာတဝန်း ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ AP နဲ့ တခြား သတင်းဌာနတွေ အတွက် ဓာတ်ပုံတွေ ရိုက်ပေးနေတဲ့ အသက် ၅၆ နှစ်အရွယ် အလွတ် ဓါတ်ပုံဆရာ Monfort ဟာ ဒီ ဓာတ်ပုံကို ၂၀၀၇ ခုနှစ် ဆောင်းဦးရာသီက စပိန်နိုင်ငံ Barcelona မြို့က Camp Nou အားကစားရုံထဲက အခန်းတခုထဲမှာ ရိုက်ခဲ့တာပါ။ Yamal ဟာ အဲ့ဒီအချိန်က လသား အရွယ်လေးပဲ ရှိပါသေးတယ်။ ဒေသတွင်း အားကစားစာစောင် Diario Sport နဲ့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF တို့ ပူးပေါင်း လုပ်တဲ့ နှစ်ပတ်လည် ပရဟိတ ရန်ပုံငွေ ရှာဖွေပွဲ တစိတ်တပိုင်း အနေနဲ့ အဲ့ဒီအချိန်က ဘာစီလိုးနား အားကစား သမားတွေဟာ သူတို့ရဲ့ မိသားစု ဒါမှမဟုတ် ကလေးငယ်လေးတွေနဲ့ ဓါတ်ပုံ အတူတွဲရိုက်ပြီး ပြက္ခဒိန် ထုတ်ဝေ ရန်ပုံငွေ ရှာခဲ့ကြတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG