သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ေၾကာင့္ ခရစ္ယာန္ေတြ Good Friday ေနအိမ္မွာ က်င္းပၾက


COVID-19 ကာလ ျပင္သစ္က ဆုေတာင္းပြဲ

[ ZAWGYI ]
ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါ ဒဏ္ေၾကာင့္ ကမၻာမွာ လူေပါင္း တသန္းေက်ာ္ ေသဆံုးေနရခ်ိန္မွာပဲ ေယရႈခရစ္ေတာ္ ေဂ်ရူစလင္မွာ လက္ဝါးကပ္တိုင္ အတင္ခံရတဲ့ေန႔လို႔ ခရစ္ယန္ေတြ ယံုၾကည္ၾကတဲ့ Good Friday ေသာၾကာေန႕ ကို ကမာၻတလႊားက သန္းနဲ႔ခ်ီတဲ့ ခရစ္ယန္ဘာသာဝင္ေတြ အထိမ္းအမွတ္ ဆုေတာင္းပြဲေတြ လုပ္ေနၾကပါတယ္။

ဒါေပမယ့္ ဒီႏွစ္ဆုေတာင္းပြဲေတြကေတာ့ အရင္ႏွစ္ေတြနဲ႔မတူပါဘူူး။ ေရာဂါမကူးစက္ေအာင္ သတိထားေနၾကရတာမို႔ ဘုရားေက်ာင္းေတြကို သြားတာ လူစုလူေဝးနဲ႔ က်င္းပတာမ်ိဳး မဟုတ္ပဲ သတင္းမီဒီယာ ေတြကေန ထုတ္လႊင့္တဲ့ အခန္းအနားေတြကို ကိုယ့္အိမ္ကေနၾကည့္ၿပီး ပါဝင္ ဆင္ႏြဲေနၾကတာပါ။

အခုလို ကိုယ့္အိမ္မွာပဲ ကိုယ္ေနၿပီး ေရာဂါကူးစက္မႈမရွိေအာင္ ႀကိဳးစားေနၾကခ်ိန္မွာပဲ ကမာၻတလႊား မွာ ဒီေရာဂါ အကူးစက္ခံရသူ အေရအတြက္ကလည္း ေလ်ာ့မသြားေသးပါဘူး။ ေသာၾကာေန႔ မနက္ပိုင္းအခ်ိန္အထိ ေရာဂါ အကူးစက္ခံရသူက ကမာၻတလႊားမွာ ၁.၆ သန္း ျဖစ္သြားၿပီလို႔ Johns Hopkins က သတင္းထုတ္ျပန္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါအကူးစက္ခံရသူက (၄၇၆ ၀၀၀) ၅ သိန္းနီးပါး ရွိေနၿပီ ျဖစ္ၿပီး စပိန္မွာ တသိန္းခြဲေက်ာ္နဲ႔ အီတလီမွာေတာ့ တသိန္းခြဲ နီးပါး ရွိေနတာပါ။ ဒီေရာဂါနဲ႔ေသဆံုးရသူက အေမရိကန္မွာ ၁၈ ၀၀၀ ေလာက္ရွိသလို စပိန္မွာ ၁၆၀၀၀ နီးပါးနဲ႔ အီတလီမွာေတာ့ ၁၉ ၀၀၀ နီးပါး ျဖစ္ေနပါၿပီ။

WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus ကေတာ့ ဒီေရာဂါ ကူးစက္မႈကာကြယ္ဖို႔ ထုတ္ျပန္ထားတဲ့ သတ္မွတ္ခ်က္ေတြ ေလ်ွာ့ေပးဖုိ႔လုပ္ေနတဲ့ ႏိုင္ငံေတြ အေနနဲ႔ ေနာက္တခ်ီ ထပ္ျဖစ္္လာ ႏိုင္တာကို သတိထားၾကဖို႔ ပန္ၾကားခဲ့ပါတယ္။ ဥေရာပ ႏိုင္ငံတခ်ိဳ႕က ကန္႔သတ္ခ်က္ေတြ ေလ်ွာခ် ေပးဖို႔ လုပ္ေနခ်ိန္မွာပဲ ၿဗိတိန္မွာေတာ့ ႔ခရီးသြားေတြ မလာဖို႔ ရဲေတြက သတိေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ UNICODE ]
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဒဏ်ကြောင့် ကမ္ဘာမှာ လူပေါင်း တသန်းကျော် သေဆုံးနေရချိန်မှာပဲ ယေရှုခရစ်တော် ဂျေရူစလင်မှာ လက်ဝါးကပ်တိုင် အတင်ခံရတဲ့နေ့လို့ ခရစ်ယန်တွေ ယုံကြည်ကြတဲ့ Good Friday သောကြာနေ့ ကို ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ ခရစ်ယန်ဘာသာဝင်တွေ အထိမ်းအမှတ် ဆုတောင်းပွဲတွေ လုပ်နေကြပါတယ်။

ဒါပေမယ့် ဒီနှစ်ဆုတောင်းပွဲတွေကတော့ အရင်နှစ်တွေနဲ့မတူပါဘူူး။ ရောဂါမကူးစက်အောင် သတိထားနေကြရတာမို့ ဘုရားကျောင်းတွေကို သွားတာ လူစုလူဝေးနဲ့ ကျင်းပတာမျိုး မဟုတ်ပဲ သတင်းမီဒီယာ တွေကနေ ထုတ်လွှင့်တဲ့ အခန်းအနားတွေကို ကိုယ့်အိမ်ကနေကြည့်ပြီး ပါဝင် ဆင်နွဲနေကြတာပါ။

အခုလို ကိုယ့်အိမ်မှာပဲ ကိုယ်နေပြီး ရောဂါကူးစက်မှုမရှိအောင် ကြိုးစားနေကြချိန်မှာပဲ ကမ္ဘာတလွှား မှာ ဒီရောဂါ အကူးစက်ခံရသူ အရေအတွက်ကလည်း လျော့မသွားသေးပါဘူး။ သောကြာနေ့ မနက်ပိုင်းအချိန်အထိ ရောဂါ အကူးစက်ခံရသူက ကမ္ဘာတလွှားမှာ ၁.၆ သန်း ဖြစ်သွားပြီလို့ Johns Hopkins က သတင်းထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ရောဂါအကူးစက်ခံရသူက (၄၇၆ ၀၀၀) ၅ သိန်းနီးပါး ရှိနေပြီ ဖြစ်ပြီး စပိန်မှာ တသိန်းခွဲကျော်နဲ့ အီတလီမှာတော့ တသိန်းခွဲ နီးပါး ရှိနေတာပါ။ ဒီရောဂါနဲ့သေဆုံးရသူက အမေရိကန်မှာ ၁၈ ၀၀၀ လောက်ရှိသလို စပိန်မှာ ၁၆၀၀၀ နီးပါးနဲ့ အီတလီမှာတော့ ၁၉ ၀၀၀ နီးပါး ဖြစ်နေပါပြီ။

WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ဒီရောဂါ ကူးစက်မှုကာကွယ်ဖို့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်တွေ လျှော့ပေးဖို့လုပ်နေတဲ့ နိုင်ငံတွေ အနေနဲ့ နောက်တချီ ထပ်ဖြစ််လာ နိုင်တာကို သတိထားကြဖို့ ပန်ကြားခဲ့ပါတယ်။ ဥရောပ နိုင်ငံတချို့က ကန့်သတ်ချက်တွေ လျှောချ ပေးဖို့ လုပ်နေချိန်မှာပဲ ဗြိတိန်မှာတော့ ့ခရီးသွားတွေ မလာဖို့ ရဲတွေက သတိပေးနေပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG