သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် အချက်အလက်ရှာဖွေရေး Google လက်ဝါးကြီးအုပ်မှု ထိန်းချုပ်ဖို့ ကန် အစိုးရစီစဥ်


အင်တာနက်ကနေ အချက်အလက်ရှာဖွေတဲ့နေရာမှာ ကမ္ဘာကျော် Google ကုမ္ပဏီအနေနဲ့ လက်ဝါးကြီး အုပ်ထိန်းချုပ်ထားတာတွေ ဆက်မလုပ်နိုင်အောင် ကာကွယ်ဖို့ Google ကုမ္ပဏီကိုခွဲထုတ်ဖို့ အမေရိကန်တရားရေးဌာနက တောင်းဆိုလိုက်ပါတယ်။

Google ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အင်တာနက်က အချက်အလက်ရှာဖွေတာကို ဆက်ပြီး လက်ဝါးကြီးအုပ်ထိန်းချုပ် ထားတယ်လို့ အမေရိကန် တရားရုံးကဖော်ထုတ်တွေ့ရှိပြီးတဲ့နောက် အမေရိကန်တရားရေးဌာနက အဲဒီလိုတောင်းဆိုလိုက်တာပါ။ အမေရိကန်တရားရုံးကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကတင်သွင်းလိုက်တဲ့ စာမျက်နှာ ၂၃ မျက်နှာပါအမေရိကန်တရားရေးဌာနရဲ့ အဆိုပြုချက် ထဲမှာတော့ Google ကုမ္ပဏီကို ပြစ်ဒဏ်ချမှတ်တဲ့အနေနဲ့ Google က ပိုင်ဆိုင်တဲ့ Chrome အင်တာနက် Browser ကို ရောင်းချဖို့ နဲ့ Android စနစ်ကို အသုံးပြုတဲ့ ဖုန်းတွေမှာ Chrome ကိုပဲ ဦးစားပေး အသုံးပြုတာတွေမလုပ်နိုင်အောင် တားဆီးတဲ့ ကန့်သတ်ချက်တွေချမှတ်ပေးဖို့ အမေရိကန်တရားရေး တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။

Chrome ကို ရောင်းချလိုက်ခြင်းအားဖြင့် အင်တာနက်ကနေ အချက်အလက်ရှာဖွေတဲ့နေရာမှာ Google ကလက်ဝါးကြီးအုပ်ထိန်းချုပ်ထားတာကို အမြဲတမ်းရပ်တန့်ပြီးတော့ တခြား ပြိုင်ဘက် အင်တာနက်ကနေ အချက်အလက်ရှာဖွေတဲ့ ကုမ္ပဏီတွေကို အသုံးပြုဖို့ အခွင့်အလမ်းတွေ ရစေမှာဖြစ်တယ်လို့ အမေရိကန်တရားရေးဌာနဘက်က အစိုးရရှေ့နေတွေက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG