သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလက်က မော်ရိုကိုနိုင်ငံသားတွေ လွတ်မြောက်ရေး ထိုင်းဝန်ကြီးချုပ်ထံ အကူအညီတောင်းခံ


ယခင်မှတ်တမ်းရုပ်ပုံ | မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ဖို့ ခိုင်းစေခံထားရတဲ့ နီပေါနိုင်ငံသားတွေကို ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ကယ်ဆယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၁၄၊ ၂၀၂၃။ ဓာတ်ပုံ Thai DSI)
ယခင်မှတ်တမ်းရုပ်ပုံ | မြန်မာနိုင်ငံ၊ ရွှေကုက္ကိုလ်မြို့သစ်မှာ ဆိုက်ဘာရာဇဝတ်မှုကျူးလွန်ဖို့ ခိုင်းစေခံထားရတဲ့ နီပေါနိုင်ငံသားတွေကို ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ကယ်ဆယ်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၁၄၊ ၂၀၂၃။ ဓာတ်ပုံ Thai DSI)

ထိုင်းမြန်မာနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေလက်ထဲ ရောက်နေတဲ့ မော်ရိုကိုနိုင်ငံသား ၂၁ ယောက် လွတ်မြောက်ရေး ကူညီဖို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ Exodus Road က ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်းစစ်တပ်၊ ထိုင်းထောက်လှမ်းရေးဌာနဲ့ ဘန်ကောက်မြို့တော်က မြန်မာသံရုံးအပါအဝင် ဌာနမျိုးစုံကို ဘန်ကောက်မြို့တော်က မော်ရိုကိုသံရုံးက မေလ ၁၇ ရက်နေ့မှာ တရားဝင်စာ ပေးပို့ပြီး အကူအညီတောင်းခဲ့ပေမဲ့ ထူးခြားမှု မရှိတာကြောင့် ထိုင်းဝန်ကြီးချုပ်ကို အကူအညီတောင်းဖို့ Exodus Road အဖွဲ့က ဆုံးဖြတ်ခဲ့တာလို့လည်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာက ဖော်ပြခဲ့တာပါ။

ထိုင်းနိုင်ငံက အွန်လိုင်းဈေးကွက်ဆိုင်ရာ လုပငန်းတခုမှာ စဝင်ဝင်ချင်းလခ တလကို အနည်းဆုံး ဘတ် ၃၆၇၀၀ ရမယ်လို့ ပြောပြီး နိုင်ငံဖြတ်ကျော်ဒုစရိုက်လုပ်တဲ့ တရုတ်ဂိုဏ်းခွဲက သူတွေက မော်ရိုကိုနိုင်ငံသားတွေကို ဖျားယောင်းခဲ့ကြောင်းလည်း ရှင်းပြထားပါတယ်။ ဂိုဏ်းက ပြန်ပေးဆွဲပြီး ငွေညှစ်ရာမှာ မော်ရိုကိုနိုင်ငံသား ၅ ယောက်ရဲ့ ဆွေမျိုးတွေက ငွေပေးလို့ ဧပြီလတုန်းက လွတ်လာပေမယ့် ကျန်တဲ့သူတွေကတော့ ဆက်ပြီး အဖမ်းခံနေရဆဲ ဖြစ်ကြောင်းလည်း ပြောပါတယ်။

တချိန်တည်းမှာပဲ အွန်လိုင်းလိမ်လည်ဂိုဏ်းမှာ ဧည့်ကြိုကိုယ်စားလှယ်အဖြစ် လက်ခံစကားပြောဖို့ အတင်းအကျပ်အခိုင်းခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၄ ယောက် မြန်မာနိုင်ငံကနေ နေရပ်ကို ပြန်သွားခဲ့ကြောင်း Global Nation သတင်းစာမှာ ဖော်ပြထားပါတယ်။ အသက် ၃၀ ကျော် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက် ဇွန်လ ၂၆ ရက်နေ့မှာ ဖိလစ်ပိုင်ကို ပြန်ရောက်လာကြောင်း လူဝင်မှုကြီးကြပ်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလူတွေကို ညာခေါ်တုန်းက ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတွေကို သွားလည်မယ့် ခရီးသွားဧည့်သည်တွေ ဟန်ဆောင်ပြီး ဖိလစ်ပိုင်ကနေ ထွက်လာပြီးနောက် လှေနဲ့ မြန်မာဖက်ကို သွားခဲ့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG