သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်ပို့ဖို့ရည်ရွယ်တဲ့ Starlink ၅၈ လုံး ထိုင်းဖမ်းမိ


ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ DES ဝန်ကြီးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ (ဇွန် ၁၉၊ ၂၀၂၄)
ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ DES ဝန်ကြီးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ (ဇွန် ၁၉၊ ၂၀၂၄)

ထိုင်းနိုင်ငံ မဲဆောက်နဲ့ မဲလမဲ့ခရိုင်တွေကို လိပ်မူပြီး ပို့ဖို့ပြင်နေတဲ့ Starlink ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်း ၅၈ ခုကို ထိုင်တာဝန်ရှိသူတွေ ဖမ်းဆီးလိုက်ပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အသုံးပြုဖို့ ရည်ရွယ်တဲ့ ဂြိုဟ်တုဆက်သွယ်ရေးပစ္စည်းတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းဆိုင်ရာ DES ဝန်ကြီးအဖွဲ့က ဒီနေ့ ဘန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်မှာရှိတဲ့ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်ထဲက လိပ်စာတွေတပ်ထားတဲ့ Starlink ဂြိုဟ်တုတွေကို ချန်သာဘူရီ (Chanthaburi) ပြည်နယ်ထဲက ပါဆယ်ပို့လုပ်ငန်းဆိုင်တခုမှာ ဖမ်းမိတာဖြစ်တယ်လို့ DES ဝန်ကြီးဌာနဝန်ကြီး Prasert Jantararuangthong ရဲ့အပြောကို ဘန်ကောက်ပို့စ် သတင်းစာမှာရေးပါတယ်။ တရားမဝင် သွင်းလာတဲ့ Starlink ဂြိုဟ်တုတွေဟာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ဂိုဏ်းတခုနဲ့ အွန်လိုင်း လောင်းကစားကွန်ရက်တခုရဲ့ ပစ္စည်းတွေဖြစ်တယ်လို့ ယူဆရပြီး ထိုင်းနယ်စပ်ကနေ ကမ္ဘောဒီးယားကိုပို့၊ အဲဒီကနေ မြန်မာနယ်စပ်နားက အွန်လိုင်းလိမ်လည်တဲ့ အဖွဲ့တွေဆီပို့ပေးဖြစ်တယ်လို့ ထိုင်းတာဝန်ရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကလည်း (Chanthaburi) ချန်သာဘူရီပြည်နယ်၊ Pong Nama Ron ခရိုင်မှာ Starlink ဂြိုဟ်တုဆက်သွယ်ရေး ကိရိယာတွေ ထည့်ထားတဲ့ ပုံး ၆ ပုံးကို ထိုင်းရေတပ်က သိမ်းဆည်းမိခဲ့ပါတယ်။ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေရဲ့ အင်တာနက်ဆက်သွယ်မှုတွေကို နှိမ်နှင်းဖို့ ထိုင်းနိုင်ငံဘက်က အရှိန်မြင့်လုပ်ဆောင်နေပြီး ဒီ လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ မတ်လအတွင်း တရက်ကို ဘတ် ၁၄၉ သန်းလောက် ဝင်ငွေရှိခဲ့တာက ၂၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး အခုဆိုရင် တရက် ဘတ်သန်း ၁၁၀ ပဲ ရှိတော့တဲ့အကြောင်း ထိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဝေးလံပြီး အင်တာနက်လိုင်းတွေ ချိတ်ဆက်ဖို့ ခက်ခဲတဲ့နေရာတွေမှာ Starlink ဂြိုဟ်တုတွေကို အင်တာနက်ဆက်သွယ်ရေးအတွက် အသုံးပြုကြတာဖြစ်ပါတယ်။

မြန်မာနယ်စပ်ပို့ဖို့ရည်ရွယ်တဲ့ Starlink ၅၈ လုံး ထိုင်းဖမ်းမိ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG