သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 Starlink အင်ဒိုနီးရှားမှာ လုပ်ငန်းလုပ်ခွင့် လိုင်စင်ရ


အင်တာနက်ဖမ်းယူသုံးစွဲနိုင်သည့် Starlink အင်တာနာ
အင်တာနက်ဖမ်းယူသုံးစွဲနိုင်သည့် Starlink အင်တာနာ

ဝေးလံပြီး ဆက်သွယ်ရေးလိုင်းတွေ ချိတ်ဆက်မထားတဲ့နေရာတွေမှာ ဂြိုလ်တုကနေ အင်တာနက်ချိတ်နိုင်တဲ့ Starlink လုပ်ငန်းတွေ အင်ဒိုနီးရှားနိုင်ငံမှာ လိုင်စင်ရသွားပါပြီ။

Elon Musk ပိုင်တဲ့ Starlink ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီက အင်ဒိုနီးရှားမှာ လုပ်ငန်းလုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ အင်ဒိုနီးရှား သတင်းနဲ့ဆက်သွယ်ရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူက ဒီနေ့ပြောကြားပါတယ်။ ကျွန်းပေါင်း ၁ သောင်း ၇ ထောင်ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ကောင်းကောင်း မသုံးနိုင်သေးတဲ့ ပြည်သူ သန်းနဲ့ချီကို အင်တာနက်ချိန်ဆက်ပေးနိုင်ဖို့ အင်ဒိုနီးရှား အစိုးရက ကြိုးစားနေတာ ဖြစ်ပါတယ်။

အခုတော့ အင်ဒိုနီးရှားမှာ Starlink လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ကုမ္ပဏီက အတည်ပြုလိုက်ပြီလို့ သတင်းနဲ့ဆက်သွယ်ရေးဆိုင်ရာ အကြီးတန်းတာဝန်ရှိသူ Usman Kansong က AFP သတင်းဌာနကို ပြောပါတယ်။

VAST နဲ့ ISP ဝန်ဆောင်မှုတွေလုပ်ဖို့ PT Starlink Service Indonesia က လိုင်စင်ရသွားတာဖြစ်တယ်လို့ သူကပြောပါတယ်။ အဲဒီအတွက် အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေမှာ Telecom ဆက်သွယ်ရေးတွေ လုပ်ပေးနိုင်တော့မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ Borneo ကျွန်းပေါ်မှာ အသစ်တည်ဆောက်ထားတဲ့ Nusantara မြို့တော်သစ်မှာ ဒီလကစပြီး Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အစမ်းစတင်မှာဖြစ်ပါတယ်။

Nusantara မြို့တော်သစ်ကို August လမှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံက လူဦးရေ သန်း ၂၇၀ ကျော်မှာ ၂၀၂၂ ခုနှစ်ကုန်ပိုင်းအထိ အင်တာနက်သုံးစွဲနိုင်သူ ၃ ပုံ ၂ ပုံပဲရှိတယ်လို့ ကမ္ဘာ့ဘဏ်က ပြောကြားထားပါတယ်။

အာရှမှာ မလေးရှားနဲ့ ဖိလစ်ပိုင် ၂ နိုင်ငံမှာပဲ Starlink ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှု လက်ရှိ ရရှိနေပါတယ်။

 Starlink အင်ဒိုနီးရှားမှာ လုပ်ငန်းလုပ်ခွင့် လိုင်စင်ရ
please wait

No media source currently available

0:00 0:00:44 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG