သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘား ကန်အကျဉ်းစခန်း ပြုပြင်ပြောင်းလဲဖို့ ICRC တိုက်တွန်း


GUANTANAMO
GUANTANAMO

အကြမ်းဖက်သမားတွေလို့သံသယရှိခံရသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျူးဗား ဂွမ်တာနာမိုဘေး အမေရိကန် အကျဉ်းစခန်းမှာချုပ်နှောင်ထားသူတွေဟာ အရွယ်မတိုင်မီ မြန်မြန်ဆန်ဆန် အိုမင်းလာကြပြီး၊ အကျဉ်း သားတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဟာ စိုးရိမ်ရလောက်တဲ့အခြေအနေမှာရှိတယ်လို့ ICRC ပြော။

ကျူးဘား ကန်အကျဉ်းစခန်း ပြုပြင်ပြောင်းလဲဖို့ ICRC တိုက်တွန်း

အကြမ်းဖက်သမားတွေလို့သံသယရှိခံရသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျူးဗား ဂွမ်တာနာမိုဘေး အမေရိကန် အကျဉ်းစခန်းမှာချုပ်နှောင်ထားသူတွေဟာ အရွယ်မတိုင်မီ မြန်မြန်ဆန်ဆန် အိုမင်းလာကြပြီး၊ အကျဉ်း သားတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေဟာ စိုးရိမ်ရလောက်တဲ့အခြေအနေမှာရှိတယ်လို့ မကြာသေး မီကမှသွား ရောက်ခဲ့တဲ့ နိုင်ငံကတာကြက်ခြေနီအဖွဲ့ ICRC က ပြောဆိုလိုက်ပါတယ်။

သူတို့ထိန်းသိမ်းခံထားရတဲ့ နှစ်တွေအတွင်းသူတို့တွေ့ကြုံခဲ့ရတဲ့ ဒါဏ်တွေစုံပုံလာတဲ့အတွက် အခုလို အရွယ်မတိုင်မီအို မင်းလာတဲ့လက္ခဏာတွေထင်ထင်ရှားရှားတွေ့မြင်ခဲ့ရတယ်လို့ အမေရိကန်နဲ့ကနေဒါဆိုင်ရာကိုယ်စားလှယ်အဖွဲ့ရဲ့ အကြီး အကဲ Partick Hamilton ကကြေငြာချက်မှာဖေါ်ပြထားပါတယ်။

သူတို့ကိုဆက်လက်ထိန်းသိမ်းထားဦးမယ်ဆိုရင်တော့ ကျဆင်းယိုယွင်းလာနေတဲ့ သူတို့ရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်းအခြေ နေတွေကိုဆေးဝါးကုသပေးမယ့်အစီအစဉ်တွေအပါအဝင် ပြည့်စုံတဲ့အစီစဉ်တွေလိုအပ်မယ်လို့ ICRC ကပြောဆိုထား ပါတယ်။

အကျဉ်းထောင်ရဲ့ အခြေအနေနဲ့ အခြေခံပစ္စည်းကရိယာတွေမှာလည်း အကျဉ်းသားတွေရဲ့ မသန်စွမ်းမှုနဲ့ တဖြည်းဖြည်း လိုအပ်လာတဲ့အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်ပြောင်လဲတပ်ဆင်ပေးသင့်တယ်လို့ဆိုပါတယ်။

ICRC တာဝန်ရှိသူ Hamilton ကတော့ သမတ ဘိုင်ဒင်အစိုးရနဲ့ လွှတ်တော်အနေနဲ့ ပြည့်စုံပြီး၊ စဉ်ဆက်မပြတ်ဖြစ်စေ မယ့်နည်းလမ်းတွေကိုရှာဖွေလုပ်ဆောင်သင့်တယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG