သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

A-H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၆ ဦးရှိပြီ


မြန်မာနိုင်ငံမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၆ ဦး ထိရှိနေပြီဖြစ်ပါတယ်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာက A- H1N1 pdm 09 ရောဂါပိုးတွေ့ရှိထားသူ လူနာစုစုပေါင်း ၁၆ ဦး ရှိနေပြီး သေဆုံးသူကတော့ ရန်ကုန်တိုင်း ဒေသကြီးမှာ ၅ ဦးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးမှာ တဦး စုစုပေါင်း ၆ ဦးဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူတွေ ၊ရောဂါပိုးရှိသူတွေရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေကိုလည်း ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်နေပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်နေတယ်လို့လည်း ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း ၊နေပြည်တော်နဲ့ ရန်ကုန်တိုင်းတွေမှာ ရောဂါပိုးတွေ တွေ့ထားရပြီး ရန်ကုန်တိုင်းတွင်းမှာ အဖြစ်များနေတယ်လို့ ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။

အခုလို ရာသီမျိုးမှာ အအေးမိ၊ တုပ်ကွေးဖြစ်လေ့ရှိတာကြောင့် သတိထားနေထိုင်ဖို့ အပြင် ကိုယ်က နေထိုင်မကောင်းဘူးဆိုရင် လူအများရှိတဲ့နေရာကို မသွားလာပဲ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့ နဲ့ အသက်ရှုလမ်းကြောင်းကနေ တဆင့်ကူးတဲ့ ဒီရောဂါမျိုးအတွက် ချောင်းဆိုး နှာချေရင် ရောဂါပိုးမပြန့်ပွားအောင် ပါးစပ် နှာခေါင်းတွေကို အုပ်ဆိုင်းပေးဖို့ လက်ကို မကြာမကြာ ဆေးကြောဖို့ လည်း သတိပေးထားပါတယ်။ တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုလမှု လာရောက်ခံယူကြဖို့လည်း တိုက်တွန်းပါတယ်။

လက်ရှိအားဖြင့်တေ့ာ ကျန်းမာရေးဝန်ကြီးဌာန တနိုင်ငံလုံးအတိုင်းအတာနဲ H1N1 တုပ်ကွေးရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လူလူချင်း ကူးစက်တဲ့ ရောဂါဖြစ်တဲ့အတွက် နယ်စပ်အဝင်အထွက်တွေ ၊ အထူးသဖြင့် လေဆိပ်တွေမှာ အပူချိန်တိုင်း ကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လည်း ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG