သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဆုငွေထုတ်ထားတဲ့ ပါကစ္စတန် အစ္စလာမ်ခေါင်းဆောင် ရွေးကောက်ပွဲဝင်မယ်


 ပါကစ္စတန် အစ္စလာမ်ခေါင်းဆောင် Hafiz Muhammad Saeed
ပါကစ္စတန် အစ္စလာမ်ခေါင်းဆောင် Hafiz Muhammad Saeed

အိန္ဒိယနိုင်ငံအတွင်း ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူလို့ သံသယ ရှိခံထားရသူ ပါကစ္စတန် အစ္စလာမ်ခေါင်းဆောင်က သူတို့အဖွဲ့အနေနဲ့ ၂၀၁၈ ခုနှစ်မှာ ကျင်းပမယ့် ဒေသန္တရနဲ့ နိုင်ငံလုံးဆိုင်ရာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

Jamaat-ud-Dawa (JUD) အဖွဲ့ခေါင်းဆောင် Hafiz Muhammad Saeed က Lahore မြို့မှာ သတင်းထောက်တွေကို တနင်္ဂနွေနေ့က အဲဒီလို ပြောကြားလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုက အဲဒီ JUD အဖွဲ့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတာပါ။ သူဟာ နေအိမ် အကျယ်ချုပ်နဲ့ တနှစ်ကြာ ထိန်းသိမ်းခံထားရာက မကြာသေးခင် ရက်ပိုင်းအတွင်းကဘဲ ပြန်လွတ်လာတာဖြစ်ပြီး ပါကစ္စတန်ရဲ့ ရွေးကောက်ပွဲ စံနစ်ကို အစဉ်တစိုက် ဝေဖန် ပြောဆိုနေခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်ဟာ တိုင်းပြည်ရဲ့ နိုင်ငံရေးလောကထဲကို ဝင်ဖို့ အချိန်ကောင်းဖြစ်ကြောင်းနဲ့ အိန္ဒိယ-ပါကစ္စတန် နယ်စပ်က Kashmir ဒေသကိစ္စကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

ခိုင်လုံတဲ့ အထောက်အထားမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို နေအိမ်အကျယ်နဲ့ ထိန်းသိမ်းထားရာက ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြန်လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအုပ်ချုပ်တဲ့ Kashmir ဒေသမှာ အိန္ဒိယအုပ်ချုပ်မှုကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ စစ်သွေးကြွ အဖွဲ့တွေကို ထောက်ပံ့ပေးနေတယ်လို့ သူ့အနေနဲ့ စွပ်စွဲခံနေရတာ ဖြစ်ပြီး အမေရိကန် ၆ ဦးအပါအဝင် လူပေါင်း ၁၆၆ ဦး သေဆုံးခဲ့ရတဲ့ အိန္ဒိယနိုင်ငံ Mumbai မြို့က ဟိုတယ်တခုကို ၂၀၀၈ ခုနှစ်က အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ကို ဦးဆောင်ခဲ့သူလို့ သံသယရှိခံနေရသူလည်း ဖြစ်ပါတယ်။

Mumbai မြို့ တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ သူ့ကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀ သန်း ဆုငွေပေးမယ်လို့ အမေရိကန်က ကြေညာထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG