သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်က စစ်သွေးကြွ နိုင်ငံရေးပါတီ


Milli Muslim League ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် Mohammad Yaqoob Sheikh (September 10, 2017)
Milli Muslim League ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် Mohammad Yaqoob Sheikh (September 10, 2017)

ပါကစ္စတန်နိုင်ငံတွင်းမှာ လှုပ်ရှားနေတဲ့ စစ်သွေးကြွအုပ်စုတွေကို နှိမ်နင်းဖို့ ပါကစ္စတန် အစိုးရပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာနေချိန်မှာပဲ၊ တချို့သော စစ်သွေးကြွအုပ်စု တွေက နိုင်ငံရေးပါတီအဖြစ် တည်ထောင်လာကြပါတယ်။

အိန္ဒိယနဲ့ နွေးထွေးစွာ ဆက်ဆံချင်တဲ့ ပါကစ္စတန်နိုင်ငံသားတွေကို နိုင်ငံရေးအရ သတိပေးနိုင်ဖို့၊ အိန္ဒိယဆန့်ကျင်ရေး စိတ်ဓါတ်ပြင်းတဲ့ စစ်သွေးကြွအုပ်စုတွေကို ပါကစ္စတန် စစ်တပ်က နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးနေတာ ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီမှာရှိတဲ့ National Defense University ရဲ့သုတေသီ Thomas Lynch က VOA ကိုပြောပါတယ်။

အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Jamaat-ud-Dawa group (JUD)အဖွဲ့ဟာ ပြီးခဲ့တဲ့လက Milli Muslim League နိုင်ငံရေးပါတီအဖြစ် တည်ထောင် ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ထဲ ပန်ဂျပ်ပြည်နယ်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ တာမှာ တတိယနေရာက လိုက်ခဲ့ပါတယ်။ JUD အဖွဲ့ကို Saeed ဆိုသူက ဦးဆောင်နေတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ အမေရိကန်(၆)ဦးအပါအဝင် လူပေါင်း (၁၆၆)ဦး သေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို Saeed က ဦးဆောင်ခဲ့တာလို့ စွပ်စွဲ ခံထားရပါတယ်။ သူ့ကိုဖမ်းဖို့ သတင်းပေးနိုင်သူကို ဒေါ်လာ(၁၀)သန်းဆုချမယ်လို့ အမေရိကန်အစိုးရက ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG