သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်က ဓားစာခံတွေ မနက်ဖြန်အစောဆုံးလွှတ်ပေးဖို့ရှိ

ဟာမတ်စ်အဖွဲ့က ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူများရဲ့ ဓါတ်ပုံများကို အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ကိုင်ဆောင်ဆန္ဒပြနေကြစဉ် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ဟာမတ်စ်အဖွဲ့က ဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသူများရဲ့ ဓါတ်ပုံများကို အစ္စရေးနိုင်ငံ Tel Aviv မြို့တော်မှာ ကိုင်ဆောင်ဆန္ဒပြနေကြစဉ် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်မှုတွေကို လေးရက်ကြာ ရပ်ဆိုင်းထားဖို့ ကာတာဘက်က ကြေညာခဲ့ပြီးနောက် ဖမ်းဆီးထားတဲ့ ဓားစာခံအချို့ကို မနက်ဖြန် ကြာသာပတေးနေ့ အစောဆုံးထားပြီး ဟာမတ်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ ရှိနေပါတယ်။ ဟာမတ်စ်တွေဘက်က အမျိုးသမီးနဲ့ ကလေး အယောက် ၅၀ ကို ပြန်လွှတ်ပေးသွားမှာ ဖြစ်သလို၊ အစ္စရေးဘက်ကလည်း အကျဉ်းထောင်တွေမှာ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအမျိုးသမီးနဲ့ ကလေးတွေကို ပြန်လွှတ်ပေးဖို့ ရှိတယ်လို့ ကာတာနိုင်ငံက ပြောပါတယ်။

အမေရိကန်အစိုးရ အကြီးတန်း အရာရှိတဦးကတော့ ကာတာ၊ အမေရိကန်နဲ့ အီဂျစ်တို့ ဦးဆောင်တဲ့ ရက်သတ္တပတ်ကြာ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးတဲ့နောက် မနေ့က သဘောတူညီချက်ကို ကြေညာခဲ့တာလို့ ပြောပါတယ်။ ဟာမတ်စ်က လွတ်မြောက်လာတဲ့ ဓားစာခံတွေထဲမှာ အမေရိကန် အများအပြား ပါဝင်မယ်လို့ အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ကလည်း ကာတာ စော်ဘွား Tamim bin Hamad Al-Thani နဲ့ အီဂျစ်သမ္မတ Abdel-Fattah El-Sisi တို့ကို ဒီသဘောတူညီချက် အကောင်အထည်ဖော်နိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်ခဲ့တာကို ကျေးဇူးတင်ကြောင်းနဲ့ ဂါဇာမှာရှိတဲ့ အပြစ်မဲ့ပါလက်စတိုင်းမိသားစုတွေရဲ့ ဒုက္ခတွေကို သက်သာရာရစေဖို့အတွက် နောက်ထပ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu အစိုးရအဖွဲ့ရဲ့ အပစ်ရပ်ပေးမှုကိုလည်း ကျေးဇူးတင်ပါတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဟာမတ်စ်က ဓားစာခံတွေ မနက်ဖြန်အစောဆုံးလွှတ်ပေးဖို့ရှိ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG