သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ပျော်ရွှင်မှု စစ်တမ်းမှာ မြန်မာနိုင်ငံ အဆင့် ၁၁၈ မှာရှိ

ရန်ကုန်မြို့က လဘ္ကရည်ဆိုင်တဆိုင်
ရန်ကုန်မြို့က လဘ္ကရည်ဆိုင်တဆိုင်

ကုလသမဂ္ဂက နှစ်စဉ် စစ်တမ်းကောက် ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပျော်ရွှင်မှု အဆင့်အတန်း စာရင်းမှာ မြန်မာနိုင်ငံက နောက်ဆုံးတဝိုက်မှာ ရှိနေပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး လက်ရှိအချိန်အထိ ပြည်တွင်းမှာ စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ စာရင်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၁၄၃ နိုင်ငံအနက် ပျော်ရွှင်မှုအဆင့်က ၁၁၈ မှာ ရှိနေပါတယ်။ ဒါဟာ လူငယ်၊ လူကြီး အားလုံးရဲ့ စုပေါင်းရလဒ်ဖြစ်ပေမယ့် လူငယ်တွေအတွက် သီးခြားခွဲထုတ် ဖော်ပြထားတဲ့ စာရင်းမှာတော့ မြန်မာနိုင်ငံဟာ အဆင့် ၁၂၂ မှာ ရှိနေပါတယ်။ မြန်မာနိုင်ငံက အသက်ရွယ်ကြီးရင်းတဲ့ လူကြီးပိုင်းအတွက် စစ်တမ်း ရလဒ်ကတော့ လူငယ်တွေထက် အနည်းငယ် ကောင်းမွန်ပြီး အဆင့် ၁၀၂ မှာ ရှိပါတယ်။

မြန်မာနိုင်ငံနည်းတူ ပြည်တွင်း နိုင်ငံရေး၊ စစ်ရေး မတည်ငြိမ်မှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်ဆိုင်နေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ပျော်ရွှင်မှုအဆင့်ကတော့ အနိမ့်ဆုံး ၁၄၃ မှာ ရှိနေပါတယ်။ ပျော်ရွှင်မှုအဆင့်အတန်း ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ ဖင်လန်နိုင်ငံကတော့ ၇ နှစ်ဆက်တိုက် နံပတ်တစ်နေရာမှာ ရှိနေဆဲဖြစ်ကြောင်း မနေ့ မတ်လ ၂၀ ရက်နေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဥရောပတိုက်မြောက်ပိုင်းမှာရှိတဲ့ Scandinavia နိုင်ငံတွေဖြစ်ကြတဲ့ ဒိန်းမတ်၊ ဆွီဒင်နဲ့ Iceland စတဲ့ ၁၀ နိုင်ငံဟာ ကမ္ဘာမှာ စိတ်အပျော်ရွှင်ဆုံး နိုင်ငံတွေစာရင်း ထိပ်ဆုံးမှာ ဆက်လက် တည်ရှိနေကြပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အနောက် ဥရောပနိုင်ငံတွေက လူငယ်တွေအကြား ပျော်ရွှင်မှု ကျဆင်းနေတာကြောင့် ဒီနိုင်ငံတွေရဲ့ ပျော်ရွှင်မှုအဆင့်ဟာလည်း အရင်နှစ်တွေကထက်စာရင် အနည်းငယ် ကျဆင်းခဲ့ပါတယ်။ စစ်တမ်းရဲ့ ထိပ်တန်း အပျော်ရွှင်ဆုံး နိုင်ငံ ၄၀ ထဲမှာ အာရှတိုက်က စင်္ကာပူက အဆင့် ၃၀ နဲ့ ထိုင်ဝမ်ကျွန်းက အဆင့် ၃၁ အသီးသီး ပါဝင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ပျော်ရွှင်မှုစစ်တမ်းကို ကုလသမဂ္ဂက ကမကထပြုပြီး ၂၀၁၂ ခုနှစ်မှာ စတင် ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ပျော်ရွှင်မှု စစ်တမ်းမှာ မြန်မာနိုင်ငံ အဆင့် ၁၁၈ မှာရှိ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG