သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံျခားသား ေက်ာင္းသားဗီဇာကန္႔သတ္မႈ အစုိးရကုိ ဟားဗတ္နဲ႔ MIT တရားစြဲ


ဟားဗတ္တကၠသိုလ္

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံတြင္း ေက်ာင္းတက္ေနတဲ့ ႏိုင္ငံတကာေက်ာင္းသားေတြ အေနနဲ႔ လာမယ့္ ေဆာင္းရာသီစာသင္ကာလ အတြင္း သင္ၾကားမယ့္ အတန္းေတြကို လူကိုယ္တိုင္ မတက္ပဲ အြန္လိုင္းကပဲ တက္မယ္ဆိုရင္ သူတို႔ရဲ့ ေက်ာင္းသားဗီဇာနဲ႔ေနခြင့္ ဆံုးရံႈးမွာ ျဖစ္ေၾကာင္း အေမရိကန္အစိုးရက မူဝါဒေျပာင္းလဲလိုက္တာနဲ႔ ပတ္သက္ၿပီး အေမရိကန္ နာမည္ႀကီး တကၠသိုလ္ ႀကီးေတြ ျဖစ္တဲ့ ဟားဗတ္နဲ႔ MIT (Massachusetts Institute of Technology) နည္းပညာတကၠသိုလ္ တို႔က ဗဟိုအစိုးရကို ဗုဒၶဟူးေန႔မွာ တရားစြဲလိုက္ပါတယ္။

ဗီဇာအေနထား ေျပာင္းသြားတာနဲ႔ ပတ္သက္ၿပီး လာမယ့္ ေဆာင္းရာသီ စာသင္ကာလမွာ အြန္လိုင္းကေနတက္ေရာက္မယ့္ ႏုိင္ငံတကာေက်ာင္းသားေတြအတြက္ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္ဌာန ICE နဲ႔ အမိေျမ လံုၿခံဳေရးဌာန DHS တုိ႔က အေရးယူမႈေတြ လုပ္လာမွာကို ယာယီအကာကြယ္ေပးဖို႔ နဲ႔ ကနဦးနဲ႔ အၿမဲတမ္း ကင္းလြတ္ခြင့္ ေပးဖို႔ ပန္ၾကားတဲ့ အေနနဲ႔ တရားစြဲဆိုလိုက္တာ ျဖစ္ပါတယ္။

လူဝင္မႈႀကီးၾကပ္ေရးနဲ႔ အေကာက္ခြန္ဌာနရဲ႕ ဒီလုပ္ေဆာင္မႈေၾကာင့္ သိန္းနဲ႔ခ်ီတဲ့ ႏိုင္ငံတကာေက်ာင္းသားေတြ အေမရိကန္ႏုိင္ငံတြင္း ပညာသင္ၾကားႏိုင္မယ့္ အခြင့္အလမ္း ဆံုးရံႈး ဖို႔ရွိတယ္လို႔ တင္ျပၿပီ တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ႏိုင္ငံတကာေက်ာင္းသား အမ်ားအျပားဟာ အြန္လိုင္းသင္ၾကားမႈကို သူတို႔ ေနရပ္ရင္း ႏိုင္ငံေတြကေန သင္ယူဖို႔ကိစၥဟာ မျဖစ္ႏိုင္သလို၊ လက္ေတြ႔လည္း မက်ပဲ၊ ေငြကုန္ေၾကးက် သိပ္မ်ားၿပီး၊ အႏၱရာယ္ ရွိတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ကိုဗစ္ ၁၉ ကပ္ေရာဂါ ျဖစ္ပြားေနတာေၾကာင့္ အေမရိကန္တကၠသိုလ္ေတြမွာ F-1 ဗီဇာနဲ႔ လာေရာက္မယ့္ ႏိုင္ငံတကာေက်ာင္းသားေတြ အေနနဲ႔ သင္တန္းေတြအားလံုးကို အြန္လိုင္းနဲ႔ မတက္ႏုိင္ေၾကာင္း (SEVP) ေခၚ ေက်ာင္သားနဲ႔ ဧည့္အလဲအလွယ္ အစီအစဥ္ က ဒီသီတင္းပတ္ အေစာပိုင္းမွာပဲ ေၾကညာခ်က္ ထုတ္ျပန္ထားတာပါ။

ေက်ာင္းသားေတြ သူတိုရဲ့ ဗီဇာသက္တမ္း ဆက္ရွိေနဖို႔ အတြက္ တကၠသိုလ္အတန္းေတြကို လူကိုယ္တို္င္တက္ေရာက္ ရမွာ ျဖစ္ၿပီး မတက္ႏိုင္ပါက ႏိုင္ငံတြင္းက ထြက္ခြာရမွာ ျဖစ္ပါတယ္။

ICE ရဲ့ စည္းမ်ဥ္းေတြဟာ ႏိုင္ငံတကာေက်ာင္းသားေတြရဲ႕ က်န္းမာေရးအတြက္ေရာ၊ လံုၿခံဳေရးအတြက္ပါ မကိုက္ညီဘူးလို႔ ဟားဗတ္အႀကီးအကဲက ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

ဒီတကၠသိုလ္ ၂ ခုစလံုးဟာ မက္ဆာခ်ဴးဆက္ျပည္နယ္ Cambridge မွာ တည္ရွိ တာျဖစ္ၿပီး သူတို႔က ေဘာ့စတြန္ၿမိဳ႕ ဗဟိုတရားရံုးမွာ ဦးတိုက္ေလ ွ်ာက္ထားခဲ့ၾကတာ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံ မွာ ႏိုင္ငံတကာေက်ာင္းသား တသန္းေက်ာ္ ရွိေနၿပီး ဒီအထဲက ထက္ဝက္ေလာက္ဟာ တရုတ္နဲ႔ အိႏၵိယ ႏိုင္ငံေတြက လာေရာက္ၾကသူေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

နိုင်ငံခြားသား ကျောင်းသားဗီဇာကန့်သတ်မှု အစိုးရကို ဟားဗတ်နဲ့ MIT တရားစွဲ

(Unicode)

အမေရိကန်နိုင်ငံတွင်း ကျောင်းတက်နေတဲ့ နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ လာမယ့် ဆောင်းရာသီစာသင်ကာလ အတွင်း သင်ကြားမယ့် အတန်းတွေကို လူကိုယ်တိုင် မတက်ပဲ အွန်လိုင်းကပဲ တက်မယ်ဆိုရင် သူတို့ရဲ့ ကျောင်းသားဗီဇာနဲ့နေခွင့် ဆုံးရှုံးမှာ ဖြစ်ကြောင်း အမေရိကန်အစိုးရက မူဝါဒပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန် နာမည်ကြီး တက္ကသိုလ် ကြီးတွေ ဖြစ်တဲ့ ဟားဗတ်နဲ့ MIT (Massachusetts Institute of Technology) နည်းပညာတက္ကသိုလ် တို့က ဗဟိုအစိုးရကို ဗုဒ္ဓဟူးနေ့မှာ တရားစွဲလိုက်ပါတယ်။

ဗီဇာအနေထား ပြောင်းသွားတာနဲ့ ပတ်သက်ပြီး လာမယ့် ဆောင်းရာသီ စာသင်ကာလမှာ အွန်လိုင်းကနေတက်ရောက်မယ့် နိုင်ငံတကာကျောင်းသားတွေအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ICE နဲ့ အမိမြေ လုံခြုံရေးဌာန DHS တို့က အရေးယူမှုတွေ လုပ်လာမှာကို ယာယီအကာကွယ်ပေးဖို့ နဲ့ ကနဦးနဲ့ အမြဲတမ်း ကင်းလွတ်ခွင့် ပေးဖို့ ပန်ကြားတဲ့ အနေနဲ့ တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနရဲ့ ဒီလုပ်ဆောင်မှုကြောင့် သိန်းနဲ့ချီတဲ့ နိုင်ငံတကာကျောင်းသားတွေ အမေရိကန်နိုင်ငံတွင်း ပညာသင်ကြားနိုင်မယ့် အခွင့်အလမ်း ဆုံးရှုံး ဖို့ရှိတယ်လို့ တင်ပြပြီ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာကျောင်းသား အများအပြားဟာ အွန်လိုင်းသင်ကြားမှုကို သူတို့ နေရပ်ရင်း နိုင်ငံတွေကနေ သင်ယူဖို့ကိစ္စဟာ မဖြစ်နိုင်သလို၊ လက်တွေ့လည်း မကျပဲ၊ ငွေကုန်ကြေးကျ သိပ်များပြီး၊ အန္တရာယ် ရှိတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတာကြောင့် အမေရိကန်တက္ကသိုလ်တွေမှာ F-1 ဗီဇာနဲ့ လာရောက်မယ့် နိုင်ငံတကာကျောင်းသားတွေ အနေနဲ့ သင်တန်းတွေအားလုံးကို အွန်လိုင်းနဲ့ မတက်နိုင်ကြောင်း (SEVP) ခေါ် ကျောင်သားနဲ့ ဧည့်အလဲအလှယ် အစီအစဉ် က ဒီသီတင်းပတ် အစောပိုင်းမှာပဲ ကြေညာချက် ထုတ်ပြန်ထားတာပါ။

ကျောင်းသားတွေ သူတိုရဲ့ ဗီဇာသက်တမ်း ဆက်ရှိနေဖို့ အတွက် တက္ကသိုလ်အတန်းတွေကို လူကိုယ်တိုင်တက်ရောက် ရမှာ ဖြစ်ပြီး မတက်နိုင်ပါက နိုင်ငံတွင်းက ထွက်ခွာရမှာ ဖြစ်ပါတယ်။

ICE ရဲ့ စည်းမျဉ်းတွေဟာ နိုင်ငံတကာကျောင်းသားတွေရဲ့ ကျန်းမာရေးအတွက်ရော၊ လုံခြုံရေးအတွက်ပါ မကိုက်ညီဘူးလို့ ဟားဗတ်အကြီးအကဲက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

ဒီတက္ကသိုလ် ၂ ခုစလုံးဟာ မက်ဆာချူးဆက်ပြည်နယ် Cambridge မှာ တည်ရှိ တာဖြစ်ပြီး သူတို့က ဘော့စတွန်မြို့ ဗဟိုတရားရုံးမှာ ဦးတိုက်လေ ျှာက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မှာ နိုင်ငံတကာကျောင်းသား တသန်းကျော် ရှိနေပြီး ဒီအထဲက ထက်ဝက်လောက်ဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေက လာရောက်ကြသူတွေ ဖြစ်ပါတယ်။

XS
SM
MD
LG