သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယ-ျမန္မာ-ထုိင္း အေဝးေျပးလမ္းမတည္ေဆာက္ေရး စီမံကိန္းမွာ ဘဂၤလားေဒ့ရွ္ပါဝင္လုိ


ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasina

{{Zawgyi/Unicode}}
အိႏၵိယ- ျမန္မာ-ထိုင္း သုံးနိုင္ငံ အေဝးေျပးလမ္း စီမံကိန္းမွာ ဘဂၤလားေဒ့ရွ္နိုင္ငံလည္း ပူးေပါင္းပါဝင္ဖို႔ စိတ္ဝင္စားေၾကာင္း ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ Sheikh Hasinaက ေျပာပါတယ္။

မေန႔ ဒီဇင္ဘာလ ၁၇ ရက္ေန႔က အိႏၵိယ ဝန္ႀကီးခ်ဳပ္Narendra Modiနဲ႔ ဗီဒီယိုကတဆင့္ က်င္းပတဲ့ ထိပ္သီး ေဆြးေႏြးပြဲမွာ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္Hasinaက အခုလို ေျပာလိုက္တာပါ။

ေတာင္နဲ႔ အေရွ႕ေတာင္အာရွ ေဒသအၾကား အျပန္အလွန္ ဆက္သြယ္မႈေတြ တိုးတက္လာေစဖို႔ အခု စီမံကိန္းမွာ ဘဂၤလားေဒ့ရွ္နိုင္ငံ ပါဝင္နိုင္ေရး အိႏၵိယနိုင္ငံရဲ့ ေထာက္ခံမႈကို ေတာင္းခံခဲ့တယ္လို႔လည္း ထိပ္သီးေဆြးေႏြးပြဲအၿပီး ထုတ္ျပန္တဲ့ ႏွစ္နိုင္ငံပူးတြဲ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ႏွစ္နိုင္ငံအၾကားတည္ရွိဆဲ လမ္းပမ္းဆက္သြယ္မႈ ခ်ိတ္ဆက္ေရး ပူးတြဲစီမံကိန္းေတြနဲ႔ ပတ္သက္ၿပီး ႏွစ္နိုင္ငံေခါင္းေဆာင္ေတြ ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း ပူးတြဲေၾကညာခ်က္ကို ကိုးကားၿပီး ဘဂၤလားေဒ့ရွ္နိုင္ငံထုတ္ the Daily Starသတင္းဌာနကေျပာပါတယ္။

ျမန္မာနိုင္ငံ ရခိုင္ျပည္နယ္ကေန အိုးအိမ္ စြန္႔ခြာထြက္ေျပးလာခဲ့ရသူေပါင္း ၁.၁ သန္းကို လက္ခံထားၿပီး လူသားခ်င္းစာနာမႈ အကူအညီေပးေနတဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံကို ဝန္ႀကီးခ်ဳပ္Modiက ေက်းဇူးတင္စကားေျပာၾကားခဲ့ေၾကာင္းနဲ႔ ဒုကၡသည္ေတြ ေဘးကင္းလုံျခဳံစြာနဲ႔ ေနရပ္ကို အျမန္ဆုံး ျပန္နိုင္ေရး အေရးႀကီးေၾကာင္းကို ဝန္ႀကီးခ်ဳပ္ ႏွစ္ဦးစလုံးက ထပ္ေလာင္း ေျပာၾကား ၾကေၾကာင္း အိႏၵိယ ျပည္ပေရးရာဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ပူးတြဲ ေၾကညာခ်က္မွာပါရွိပါတယ္။

အိႏၵိယနိုင္ငံ ကုလသမဂၢလုံျခဳံေရးေကာင္စီ အဖြဲ႕ဝင္အျဖစ္ ေရြးခ်ယ္ခံရတာကို ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္Sheik Hasinaက ခ်ီးက်ဴး စကားေျပာၾကားသလို ဒုကၡသည္ေတြ ေနရပ္ျပန္နိုင္ေရး အျမဲတမ္းအဖြဲ႕ဝင္ မဟုတ္တဲ့ လုံျခဳံေရးေကာင္စီဝင္ အိႏၵိယနိုင္ငံအေနနဲ႔ အကူအညီေပးဖို႔ကို ေမတၱာရပ္ခံခဲ့ေၾကာင္းလည္း the Daily Starသတင္းစာမွာ ေဖာ္ျပထားပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း စီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံလည်း ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasinaက ပြောပါတယ်။ မနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က အိန္ဒိယ ဝန်ကြီးချုပ်Narendra Modiနဲ့ ဗီဒီယိုကတဆင့် ကျင်းပတဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်Hasinaက အခုလို ပြောလိုက်တာပါ။

တောင်နဲ့ အရှေ့တောင်အာရှ ဒေသအကြား အပြန်အလှန် ဆက်သွယ်မှုတွေ တိုးတက်လာစေဖို့ အခု စီမံကိန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါဝင်နိုင်ရေး အိန္ဒိယနိုင်ငံရဲ့ ထောက်ခံမှုကို တောင်းခံခဲ့တယ်လို့လည်း ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ နှစ်နိုင်ငံပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

နှစ်နိုင်ငံအကြားတည်ရှိဆဲ လမ်းပမ်းဆက်သွယ်မှု ချိတ်ဆက်ရေး ပူးတွဲစီမံကိန်းတွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း ပူးတွဲကြေညာချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် the Daily Starသတင်းဌာနကပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ အိုးအိမ် စွန့်ခွာထွက်ပြေးလာခဲ့ရသူပေါင်း ၁.၁ သန်းကို လက်ခံထားပြီး လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝန်ကြီးချုပ်Modiက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနဲ့ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ကို အမြန်ဆုံး ပြန်နိုင်ရေး အရေးကြီးကြောင်းကို ဝန်ကြီးချုပ် နှစ်ဦးစလုံးက ထပ်လောင်း ပြောကြား ကြကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနက ထုတ်ပြန်တဲ့ပူးတွဲ ကြေညာချက်မှာပါရှိပါတယ်။

အိန္ဒိယနိုင်ငံ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတာကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်Sheik Hasinaက ချီးကျူး စကားပြောကြားသလို ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အမြဲတမ်းအဖွဲ့ဝင် မဟုတ်တဲ့ လုံခြုံရေးကောင်စီဝင် အိန္ဒိယနိုင်ငံအနေနဲ့ အကူအညီပေးဖို့ကို မေတ္တာရပ်ခံခဲ့ကြောင်းလည်း the Daily Starသတင်းစာမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG