သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်အီ တောမီးကြောင့် သေဆုံးသူ ၉၆ ယောက်အထိ အတည်ပြု


အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းတောမီးကြောင့် လူ ၁၀၀ နီးပါးသေဆုံး (သြဂုတ် ၁၄၊ ၂၀၂၃)
အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းတောမီးကြောင့် လူ ၁၀၀ နီးပါးသေဆုံး (သြဂုတ် ၁၄၊ ၂၀၂၃)

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးသူ အတည်ပြုနိုင်တဲ့အရေအတွက် ၉၆ ယောက်ရှိသွားပြီလို့ ဟာဝိုင်အီကျွန်းမှာရှိတဲ့ အမေရိကန် အရာရှိတွေက ပြောပါတယ်။ ဩဂုတ်လ ၈ ရက်နေ့က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ဟက်တာ ၈၅၉ ကျော်လောင်ကျွမ်းခဲ့ပြီး Lahaina မြို့ ဝန်းကျင်တဝိုက်နေရာ တော်တော်များများ မီးထဲပါသွားခဲ့ပါတယ်။ အသက်ရှင် ကျန်ရစ်သူတွေ ရှိဦးမလား ဆိုပြီး မီးကြွင်းမီးကျန်တွေကြားမှာ မနေ့က ညနေအထိ မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆက်ရှာနေကြပါတယ်။

မီးကြောင့် ပျက်ဆီးသွားတဲ့ အပြိုအပျက်တွေရှိရာ နောက်ထပ် နေရာတွေတော်တော်များများကို ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဖက်ဒရယ် ရှာဖွေရေး တပ်ဖွဲ့တွေ ထပ်မံရှာနေတဲ့အတွက် သေဆုံးတဲ့ အရေအတွက် ဒီထက်ပိုများလာနိုင်တယ်လို့လည်း ဟာဝိုင်အီ အုပ်ချုပ်ရေးမှုး Josh Green က ပြောပါတယ်။ Maui ကျွန်းရှိတဲ့ Lahaina ဒေသတဝိုက်မှာ မီးကြောင့် အဆောက်အဦး ၂၇၀၀ လောက် မီးထဲပါသွားခဲ့ပြီး လူ ၄၅၀၀ လောက် အရေးပေါ် နေထိုင်ဖို့ နေရာတွေ လိုအပ်နေပါတယ်။ ပြန်လည်ကယ်ဆယ်ရေးအတွက် ဒေါ်လာ ဘီလျံ ၅ ဘီလျံခွဲ လောက် လိုအပ်မယ်လို့ ခန့်မှန်းရပါတယ်။ မနေ့ကတော့ မီးလောင်ပြင်တွေကြားမှာပဲ ကျန်ရစ်သူ မိသားစုတွေနဲ့ ဒေသခံတွေ မီးလောင်ပြင်တွေထဲမှာ ဘုရားကျောင်းတွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG