သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်အီကျွန်း တောမီးလောင်ကျွမ်းမှု အနည်းဆုံး ၃၆ ယောက်သေ

အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ်၊ Maui (မော်ဝီ) ကျွန်း တောမီးလောင်ကျွမ်းနေတာကို ရဟတ်ယာဉ်ပေါ်က တွေ့မြင်ရစဉ်
အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ်၊ Maui (မော်ဝီ) ကျွန်း တောမီးလောင်ကျွမ်းနေတာကို ရဟတ်ယာဉ်ပေါ်က တွေ့မြင်ရစဉ်

အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ်၊ Maui (မော်ဝီ) ကျွန်း တောမီးလောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး ၃၆ ယောက်သေဆုံးခဲ့တယ်လို့ Hawaii အရေးပေါ်စီမံခန့်ခွဲမှုဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ အင်္ဂါနေ့ညပိုင်းက စပြီးလောင်ခဲ့တဲ့ တောမီးကြောင့် မြေဧက ၂၀၀၀ ကျော် လောင်ကျွမ်းခဲ့ပြီး လူနေအိမ်တွေ၊ ဈေးဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ Hawaii အရေးပေါ်စီမံခန့်ခွဲမှုဌာနရဲ့ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် Hawaii ကျွန်း နေရာအများစုမှာ တောမီးအန္တရာယ်သတိပေးချက် ထုတ်ပြန်ထားခဲ့တာပါ။ Big Island နဲ့ Maui ကျွန်းစုတွေမှာ မီးလောင်ကျွမ်းမှု ပိုများပါတယ်။ ဒေသခံတချို့လည်း မီးတောက်တွေကနေ လွတ်ဖို့ ပင်လယ်ပြင်ထဲ ခုန်ဆင်းခဲ့ကြရတာပါ။ လူဦးရေ ၁၂၀၀၀ ကျော်ရှိတဲ့ Lahaina မြို့မှာ အဆောက်အဦး ၂၇၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံအများစု အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ အကြောင်းလည်း အာဏာပိုင်တွေကပြောပါတယ်။

ဟာဝိုင်အီကျွန်း တောမီးလောင်ကျွမ်းမှု အနည်းဆုံး ၃၆ ယောက်သေ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG