သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

E. coli အစာအဆိပ်တက် ဝမ်းပျက်ရောဂါ


E. coli အစာအဆိပ်တက် ဝမ်းပျက်ရောဂါ

မေလလယ်ကထဲက ဂျာမဏီနိုင်ငံမြောက်ပိုင်းမှာ စဖြစ်လာခဲ့ပြီး အစားအစာကနေ အဓိကကူးစက်ကာ မစင်က စလာတဲ့ ဒီ E. coli ပိုးကြောင့် အစာအဆိပ်တက်၊ ဝမ်းပျက်ရောဂါဖြစ်ပြီး လူ (၂၂) ဦး အနည်းဆုံး သေခဲ့ရကာ နိုင်ငံပေါင်း (၁၂) နိုင်ငံက နောက်ထပ်လူပေါင်း ၂၃၀၀ ကျော်လည်း လက်ရှိ ဖျားနာနေကြပါတယ်။

အခုလို ဒီရောဂါဒဏ်ခံရတဲ့ လူအများစုဟာ ဂျာမနီမှာ နေထိုင်ကြသူတွေဖြစ်ကြပြီး တခြားနိုင်ငံသူတွေကလည်း ဂျာမဏီနိုင်ငံကို သွားလည်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။

ဒီတခေါက် ဥရောပတခွင်ကို ကူးစက်သွားတဲ့ ဒီပိုးအမျိုးအစားဟာ အသစ်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization) က သတိပေးထားပါတယ်။

ဘယ်အစားအစာကနေ စကူးတာကို သိရဖို့တော့ သုတေသီတွေက ကြိုးပမ်းလုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်အစာက ကူးတယ်ဆိုတာ မသိနိုင်သေးခင်မှာပဲ ပိုအရေးကြီးတဲ့ အမြန်ကာကွယ်နိုင်ရေးအတွက် ဟင်းသီးဟင်းရွက်တွေကို အစိမ်းမစားကြဖို့ ဂျာမန်ကျန်းမာရေးအရာရှိတွေက
သတိပေးထားပါတယ်။

ကုသရာမှာလဲ ဆေးရုံဆေးခန်းမသွားဘဲ ကိုယ့်ဟာကိုယ် Antibiotics (ခေါ်) ပဋိဇီဝ ပိုးသတ်ဆေးနဲ့ ဝမ်းတားဆေး (ဥပမာ - Lomotil နဲ့ Imodium) တွေ မသုံးကြဖို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ သေတဲ့အဆင့်ရောက်နိုင်တဲ့ ကျောက်ကပ်ပျက်စီးစေနိုင်မယ့် အန္တရာယ်ရှိနေလို့ပါ။

ဒီအကြောင်းတွေကို VOA သတင်းထောက် ကယ်ရိုပီယာစန် (Carol Pearson) လီစာရှလိုင်းန် (Lisa Schlein) နဲ့ စတိ့ဗ်ဘာရာဂိုနာ (Steve Baragona) တို့ သတင်းပို့ထားတာနဲ့ လက်ရှိ အိုင်ယာလန်နိုင်ငံ ကော့ခ် တက္ကသိုလ် (Cork University) ဆေးကျောင်းရဲ့ ပြည်သူ့ကျန်းမာရေးဌာနတခုမှာ သုတေသနလုပ်နေတဲ့ ဒေါက်တာမြင့်ဦးကို ကိုဝင်းမင်းက မေးမြန်းဆွေးနွေးပြီး တင်ပြထားပါတယ်။

XS
SM
MD
LG