သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်သွန်ဖြူရဲ့ကောင်းကျိုး


ကြက်သွန်ဖြူမှာပါတဲ့ Diallyl Sulfide ဓာတ်ပစ္စည်းဟာ နိုင်ငံအများမှာ အစာအဆိပ်သင့်ရောဂါ အဓိကဖြစ်စေတဲ့ Campylobacter Jejuni ဘက်တီးရီးယားပိုးကို သုံးနေကျ ပဋိဇီဝဆေးတွေထက် အဆပေါင်း ၁၀၀ တောင် ပိုထိရောက်အောင်သတ်နိုင်တာကို အမေရိကန်သုတေသီတွေက မကြာခင်ကပဲ တွေ့ရှိလိုက်ကြပါတယ်။

ကြက်ရဲ့အူထဲမှာနေလေ့ရှိပြီး ကြက်သတ်တာနဲ့ ချက်ဖို့ခုတ်ထစ်ချိန်တွေမှာ ပျံ့သွားလေ့ရှိတဲ့ဒီပိုးကို ကြက်သွန်ဖြူကနိုင်နေတာကို အခုလို တွေ့ရှိလိုက်မှု့ကြောင့်၊ အသားစိမ်းတွေနဲ့ ရေရှည်စားခံနိုင်အောင် စီမံထားတဲ့အသားတွေမှာ ဒီ ပိုးကင်းစင်အောင်၊ ဒီ ဓာတ်ပစ္စည်းကို ထည့်သွင်းအသုံးပြုနိုင်တဲ့ အဆင့်ကိုရောက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ဒီတွေ့ရှိမှု့ကြောင့် တခြား ဘယ်လိုကောင်းကျိုးတွေ မြန်မာနိုင်ငံမှာ ရလာနိုင်ပါသလဲ။ အစာကတဆင့် ကူးစက်စေတဲ့ပိုးတွေကို နိုင်တာအပြင်၊ တခြား ဘယ်လိုရောဂါတွေအတွက်ရော ကြက်သွန်ဖြူအနေနဲ့ ကာကွယ်ပေးဖို့ အထောက်အကူပြုနေပါသေးလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Jessica Berman သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက၊ သဘာဝဆေးဖက်ဝင် အပင်တွေနဲ့ ဆေးဝါးထုတ်လုပ်မှု့ဆိုင်ရာ ကျွမ်းကျင်သူ ဦးတင်မောင်အေးကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG