သုံးရလွယ်ကူစေသည့် Link များ


Cardiomyopathy (ခေါ်) နှလုံးကြွက်သား ပျက်စီးတဲ့ရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်မများပေမယ့် ဖြစ်လာချိန်မှာ အသက်အန္တရာယ်ကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေကြပါတယ်။

ဒီရောဂါ ဖြစ်ရခြင်း အဓိက အကြောင်းရင်းတွေက မျိုးရိုးဗီဇကြောင့်နဲ့ အခြားရောဂါတွေဖြစ်တဲ့ ဆီးချို၊ လည်ပင်းကြိတ်ရောဂါ၊ ကိုယ်ခံအား အလိုလိုတန်ပြန်တိုက်ခိုက်မှုပြဿနာ (Auto-Immune) ဆန်အဓိကစားတဲ့ နိုင်ငံတွေမှာ အသီးအရွက်စားတာ မလုံလောက်တာကြောင့်ဖြစ်တဲ့ ထုံနာကျင်နာ (Beriberi) တွေကြောင့်အပြင်၊ အရက်စွဲတာ၊ ဓာတ်ရောင်ခြည်သင့်တာတို့ကြောင့် ဖြစ်ပါတယ်။

အသက်အန္တရာယ်ကြီးတဲ့ ဒီရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် အထက်ပါရောဂါတွေ ဖြစ်လာခဲ့ရင် နိုင်နိုင်နင်းနင်း ကုသမှုခံယူပြီး၊ အရက်စွဲမှုနဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေကို ရှောင်ရှားသင့်ပါတယ်။ ဒီရောဂါဖြစ်လာရင်လဲ စောစောသိထားခြင်းဖြင့် နှလုံးကြွက်သား ဆိုးဆိုးဝါးဝါး ပျက်စီးပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့ အဆင့်အထိ မရောက်အောင် ရောဂါလက္ခဏာတွေကို စောင့်ကြည့်ပြီး ဆေးစစ်မှုတွေလုပ်ဖို့ အရေးကြီးပါတယ်။ ရောဂါလက္ခဏာတွေကတော့ သာမန်လူတွေထက် ပိုမောတတ်တာ၊ လှေခါးတက်တာတောင် မခံနိုင်တာ၊ နှလုံးကြီးလာတာတွေ ဖြစ်ပါတယ်။ ဒီနှလုံးကြီးလာတာ သိဖို့ ဓာတ်မှန်ရိုက်တာအပြင် ဒီရောဂါဖြစ်မဖြစ် သေချာအောင်သိနိုင်ဖို့ နောက်ဆုံးပေါ် အလွယ်တကူရတဲ့ အက်ကိုး (Echocardiogram) ရိုက်တာတွေ လုပ်ဖို့လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG