သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးခွဲစိတ်ကုသမှု အောင်မြင်ရေး


FILE - A U.S. heart patient is prepared for a two-hour surgery at Bangkok Heart Hospital in Bangkok.
FILE - A U.S. heart patient is prepared for a two-hour surgery at Bangkok Heart Hospital in Bangkok.
နှလုံးခွဲစိတ်ကုသမှု အောင်မြင်ရေး
please wait

No media source currently available

0:00 0:07:01 0:00
တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ နှလုံးခွဲစိတ်ကုသမှု အောင်မြင်ချက်အတိုင်းအတာ ကောင်းလာနေပြီး၊ အထူးဆောင်ရန်ရှောင်ရန်တွေ သိထားဖို့တော့ အရေးကြီးသေးတယ်လို့ နှလုံးအထူးခွဲစိတ်ဆရာဝန်တွေက သတိပေးပြောဆိုကြပါတယ်။

နှလုံးအဆို့ရှင်လဲတာနဲ့ သွေးကြောချဲ့တာအပါအဝင် နှလုံးခွဲစိတ်ကုသမှု အောင်မြင်နိုင်ရေးအတွက် နှလုံးရောဂါဖြစ်တာကို ရောဂါနုစဉ်မှာ စောစောသိရှိပြီး ကုသမှုခံယူဖို့ အထူးအရေးကြီးကာ အခြားရောဂါတွေ တွဲဖက်မရှိလာလျှင် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ကျေးလက်ဒေသတွင် နေထိုင်သူများပြီး၊ အများအားဖြင့် ရောဂါရင့်ကုသရ ခက်ချိန်၊ နောက်ကျမှ ရောဂါဖြစ်တာ သိကြလေ့ရှိတာမို့၊ စောစောသိနိုင်အောင် စာပေဖတ်ရှု့နိုင်ပြီး၊ ကျန်းမာရေးအသိပညာ ရရှိနိုင်ဖို့ လိုပါတယ်။ ကျေးလက်ကျန်းမာရေးဝန်ထမ်းတွေကလည်း ကျန်းမာရေးအသိပညာ ဖြန့်ဖြူးပေးဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကလေးငယ်တွေမှာ အခြားကလေးတွေလို ပုံမှန် ဆော့ကစားတာ မလုပ်နိုင်ဘဲ မောနေတာ၊ အမြင့်မတက်နိုင်တာ၊ အမောမခံနိုင်တာ၊ လက်ထိပ် ခြေထိပ်နဲ့ လျှာတွေ ပြာတာ စတဲ့ လက္ခဏာတွေပြလာလျှင်၊ နီးစပ်ရာ ကျေးလက်ဆေးပေးခန်းကနေတဆင့် မြိုဆေးရုံ၊ နောက် မြို့ကြီးကအဆင့်မြင့် ဆေးရုံတွေကို အဆင့်ဆင့် လွှဲပြောင်းပြသပေးသင့်ပါတယ်။

နှလုံးခွဲမယ့် လူနာမှာ နှလုံးရောဂါ တစ်ခုတည်းရှိနေလျှင် ခွဲစိတ်ကုသမှု အောင်မြင်ဖို့ များပေမယ့် အခုလိုဖြစ်ဖို့က ရှားပါတယ်။ အဖြစ်များတာက နှလုံးခွဲမယ့် လူနာမှာ နှလုံးရောဂါအပြင် သွေးတိုး၊ ဆီးချိုနဲ့ အဝလွန်တာတွေ၊ အားပြတ်နေတာတွေ တွဲရှိနေပြီး၊ နှလုံးရောဂါတစ်ခုတည်းရှိသူထက် အန္တရာယ် ပိုရှိနိုင်ပါတယ်။ ဒါ့အပြင် နှလုံးတစ်ခါခွဲပြီး နောက်တစ်ကြိမ် ထပ်ခွဲရတဲ့လူနာတွေမှာလည်း အန္တရာယ်ပိုရှိပါတယ်။ ခွဲစိတ်ချိန် ပိုကြာလို့ပါ။ ဒါပေမဲ့ ကမ္ဘာ့စံချိန်အရ နှလုံးခွဲသူ (၁%) ကနေ (၅%) အထိပဲ မတော်တဆ - အဖိတ်အစင်ရှိတာမို့ ရှားရှားပါးပါးပဲ ဖိတ်စင်မှုဖြစ်တတ်တာပါ။ တကယ်လို့ နှလုံးရောဂါနုစဉ်၊ ဒီ အခြားတွဲဖက်ရောဂါတွေမရှိခင် ခွဲစိတ်နိုင်လျှင်တော့၊ ရာနှုန်းပြည့် နီးပါး အောင်မြင်နိုင်ပါတယ်။ နှလုံးခွဲစိတ်ဆရာဝန်တွေအနေနဲ့လည်း နှလုံးခွဲစိတ်မှု အန္တရာယ် အနည်းအများကို လူနာနဲ့ တိုင်ပင်ပြီးမှ ခွဲစိတ်ကုသပေးလေ့ရှိပါတယ်။

သိသင့်သိထိုက်တဲ့ နှလုံးရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိတ်ဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG