သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်သက်ရောဂါ ပျံ့နံှ့


ဝက်သက်ရောဂါ ပျံ့နံှ့မှု
please wait

No media source currently available

0:00 0:03:00 0:00
တိုက်ရိုက် လင့်ခ်


နာဂဒေသမှာ ဝက်သက် ပြင်းထန်စွာပျံ.ပွားပြီး သေဆုံးမှုတွေရှိခဲ့တာကြောင့် ဒါကို ရပ်တန့်နိုင်ဖို့နဲ့ အခြားဒေသတွေမှာ အလားတူမဖြစ်စေဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

လက်ရှိ နာဂဒေသက ဝက်သက်ပျံ့ပွားမှုရပ်တန့်အောင် ဒေသတွင်း အနီးတဝိုက်မှာ ကာကွယ်ဆေး အစီအစဉ်တကျ ထိုးပေးဖို့ အရေးကြီးပါတယ်။

ကာကွယ်ဆေး အပြည့်အဝထိုးထားတဲ့ မြို့ကြီးနဲ့ ပြည်မဒေသတွေမှာ ဒီရောဂါ ကူးစက်ဖို့ ခက်ခဲပေမယ့် ကာကွယ်ဆေး အပြည့်အဝ မထိုးထားရတဲ့ ဒေသတွေနဲ့ ကာကွယ်ဆေး မထိုးနိုင်တဲ့ဒေသတွေမှာ ကူးစက်မှုဖြစ်မှာကို စိုးရိမ်ရပါတယ်။

အခြားဒေသတွေမှာ အလားတူ အများအပြားကူးစက်၊ သေဆုံးမှုမရှိရအောင် ဝက်သက်ရောဂါလက္ခဏာတွေကို သိထားပြီး၊ ဒီရောဂါဖြစ်လာရင် ချက်ချင်း အနီးစပ်ဆုံး ကျန်းမာရေးဌာနတွေကို အကြောင်းကြားကာ အချိန်မီ ကုသမှုခံယူသင့်ပါတယ်။

ဝက်သက်ရောဂါ လက္ခဏာတွေကတော့ အပြင်းဖျားတာ၊ မျက်ရည်၊ နှာရည်ကျတာ၊ ဖျားပြီး (၅) ရက်အကြာခန့်မှာ အပိန့်တွေ မျက်နှာမှာ စထွက်ပြီး တစ်ကိုယ်လုံးကို ပျံ့သွားတာနဲ့ ဒီအပိန့်တွေ တစ်ခုနဲ့တစ်ခု ဆက်သွားတာတွေဖြစ်ပါတယ်။

ဒီရောဂါအခြေအနေအကြောင်း အသေးစိတ် သိနိုင်ဖို့ ကိုဝင်းမင်း က ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG