သုံးရလွယ်ကူစေသည့် Link များ

စားတဲ့မှို အဆိပ်တက်ခြင်း


စားတဲ့မှို အဆိပ်တက်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ မှိုဆိပ်တက်တာ (သို့မဟုတ်) မှိုတောက်တာကြောင့် ကျန်းမာရေးထိခိုက်မှုတွေ ရှိနေဆဲဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ဒီ မှိုဆိပ်တက်တာမဖြစ်အောင် အဆိပ်ရှိတဲ့မှိုကို ခွဲခြားသိဖို့လိုပါတယ်။ အဆိပ်မရှိတဲ့ မှိုက ထိပ်အမိုးပိုင်း ပြားနေပေမဲ့ အဆိပ်ရှိတဲ့ မှိုက ချွန်နေတတ်ပါတယ်။ အဆိပ်မရှိတဲ့ မှိုရဲ့ ပင်စည်ပိုင်းက ချော့မွေ့နေပေမဲ့ အဆိပ်ရှိတဲ့မှိုမှာတော့ ပင်စည်ပိုင်း ကြမ်းတမ်းနေလေ့ရှိပါတယ်။ ဒါ့အပြင် အဆိပ်မရှိတဲ့ မှိုရဲ့ အောက်ခြေမှာ အကွင်းလေးမပါပဲ၊ အဆိပ်ရှိတဲ့မှိုမှာတော့ အောက်ခြေကွင်းလေး ပါလာတတ်ပါတယ်။ အရောင်အရလည်း အဆိပ်ရှိတဲ့မှိုက ပို အရောင်တောက်နေလေ့ရှိပါတယ်။

မှိုအဆိပ် ဒဏ်ကနေ ကာကွယ်နိုင်ဖို့ အထက်ပါအတိုင်း အဆိပ်ရှိတဲ့ မှို မဟုတ်ကြောင်း စစ်ဆေးပြီးမှ စားသင့်ပါတယ်။ အဆိပ်ရှိမရှိ မသေချာတဲ့ မှိုကို မစားသင့်ပါဘူး။ ကြက်သွန်ဖြူ၊ ကန်စွန်းရွက်တို့နဲ့ တွဲချက်ခြင်းဖြင့် မှိုဆိပ်ကို လျော့ချနိုင်ပါတယ်။

မှိုဆိပ်တက်လျှင်လည်း အမြန်ဆုံးသိနိုင်ဖို့ လက္ခဏာတွေကို သိထားသင့်ပါတယ်။ မှိုဆိပ်တက်လာလျှင် ပါးစပ်ယားတာ၊ ဗိုက်အောင့်တာ၊ ဗိုက်ထိုးတာ၊ အော်ဂလီဆန်တာ၊ ပျို့တာ၊ အန်တာ၊ အမြင်ဝေဝါးလာတာနဲ့ တခါတရံ သွေးအန်တာတောင် ဖြစ်နိုင်ပါတယ်။

ရှေးဦးပြုစုမှုအနေနဲ့ ပါးစပ်ကိုဆေးပြီး ထိုးအန်အောင် ကူညီပေးသင့်ပါတယ်။ အန်တာများသွားရင်လဲ ဓာတ်ဆားရည် တိုက်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဘာအဆိပ်မှန်း မသေချာရင်နဲ့ သတိလစ် (Shock) သလိုဖြစ်လာရင်တော့ ဆေးရုံတင်သင့်ပါတယ်။

ကုသမှုပေးရာမှာ လက္ခဏာတွေ စောစောပြလျှင် ကုရလွယ်ပြီး၊ နောက်ကျမှ ပြလျှင်တော့ ကုသရ ခက်နိုင်ပါတယ်။ ကုသရာမှာ လူနာကို အံအောင်လုပ်ပေးတာ၊ အစာအိမ်ကို ဆေးပေးတာနဲ့ သွေးထဲက အဆိပ်တွေကို ကျဲသွားစေတဲ့ ဆေးတွေပေးနိုင်ပါတယ်။ ပုံမှန်အားဖြင့် ကုသမှုနဲ့ သက်သာသွားနိုင်ပါတယ်။

တစ်ဖက်မှာလဲ မှိုမှာ ကျန်းမာရေးကောင်းကျိုးတွေ ရှိပါတယ်။ ဗီတာမင် B နဲ့ သတ္တုဓာတ်တွေ အများကြီးပါတာကြောင့် အာဟာရ ပြည့်စုံစေပါတယ်။ ဒါ့အပြင် အဆီနဲ့ ဆားဓာတ်ပါဝင်မှုနည်းတာကြောင့် ဆီးချိုနဲ့ သွေးတိုးရောဂါသည်တွေအတွက် စားဖို့သင့်တော်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG